Friday 5 September 2014

Teletalki ချူးဆောက် မေတ္တာလက်ဆောင် ကတ်ဖုန်းရှင်မ်ကတ်(Prepaid USIM)များ ရယူနိုင်ကြပါပြီ

စက်တင်္ဘာ ၆ ၊ အင်ချောန်း
ချူးဆောက် ပိတ်ရက် အထူး အစီအစဉ်အဖြစ် တယ်လီတော်ကီမိတ်သစ်မိတ်ဟောင်း အားလုံး အတွက် KT လိုင်း ကတ်ဖုန်းရှင်မ်(USIM) များကို မေတ္တာလက်ဆောင် အဖြစ် အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း နှင့် မေတ္တာလက်ဆောင်ရှင်မ်ကတ်များကို ယနေ့မှစ၍ ရယူနိုင်ကြပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည် ၊၊

- ကတ်ဖုန်းရှင်မ်ကတ်တွင် အသက်ကတ် (Refill) ဝမ် ၃ သောင်းပါရှိပြီး ၊ ၄ လအထိ အခမဲ့ သုံးစွဲနိုင်ပါသည် ။
- နိုင်ငံကူးလက်မှတ်မိတ္တူ သို့မဟုတ် နိုင်ငံခြားသားကတ်(Alien Registration Card)မိတ္တူ တင်ပြရပါမည် ။
- KT လိုင်းတွင် ကတ်ဖုန်း ရှိပြိးသူများ မရရှိနိုင်ပါ ။
- ချူးဆောက်ပိတ်ရက်ကာလ(စက်တင်္ဘာ ၆ မှ ၁၀ထိ)အတွင်းသာ အခမဲ့ ဖြစ်ပါသည် ။

မိတ်ဆွေများအားအစဉ်အလေးထားလျက်-
Teletalki
Mobile: 010-2331-2457
Fax: 032-425-2457
Mail:teletalki2011@gmail.com

Wednesday 25 June 2014

အိုင် ဖုန်း ချစ်သူ များ မြန်မာစာ ဖောန့်နှင့် ကီးဘုတ် ရပါပြီ

အိုင် ဖုန်း ချစ်သူ များ မြန်မာစာ ဖောန့်နှင့် ကီးဘုတ် ရပါပြီ

IOS 7.1.1 version I-phone များကို တယ်လီတော်ကီ မြန်မာ ဖုန်းဆိုင်တွင် မြန်မာစာ စာ ဖောန့် နှင့် မြန်မာ ကီးဘုတ်များ အဆင်ပြချောမွေ့ မြန်ဆန်စွာ ထည့်သွင်းပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်ခင်ဗျာ ။

ဗျူဟာဟိန်း (၀၁၀-၆၈၆၉-၂၉၈၄)
၂၀၁၄၀၆၂၅

Friday 20 June 2014

အိုင်ဖုန်းချစ်သူများနှင့် အင်တာနက် အကန့်အသတ်မရှိ သုံးစွဲလိုသူများအတွက် အထူးအစီအစဉ်

အိုင်ဖုန်းချစ်သူများနှင့် အင်တာနက် အကန့်အသတ်မရှိ သုံးစွဲလိုသူများအတွက် အထူးအစီအစဉ်
အိုင်ဖုန်းချစ်သူများအတွက်-
အိုင်ဖုန်း ၄-အက်စ် ၊ ၁၆ ဂစ် ၊ မနှစ်သက်ပါက ၁၄ ရက်အတွင်း အသစ် တစ်လုံးဖြင့် လဲလှယ်ခွင့်ရှိ ၊ ၁ နှစ်အာမခံ ၊ လစဉ်ကြေး ၃ သောင်းခွဲ ဖြင့် ၃ လ သုံးပြီးလျင် လိုင်း ပိတ် ပြောင်း ပြုလုပ်နိုင်သည် ။ ဈေးနှုန်းအထူးသက်သာသည် ။ လုံးရေ အကန့်အသတ်ရှိပါသည် ။ မြန်မာစာ အိုကေ ။

အင်တာနက် အကန့်မရှိ သုံးစွဲလိုသူများအတွက် -
လစဉ်ကြေး ၅ သောင်း ၄ ထောင် ၊ ပြည်တွင်း မိနစ် ၃၀၀ ၊ မက်ဆေ့ဂ်ျနှင့် အင်တာနက် ကန့်သတ်မဲ့ ၊ အနည်းဆုံး ၃ လ သုံးစွဲကြည့်နိုင်ပါသည် ။ ကေတီလိုင်း ၊ ၃ ဂျီ ။
- ကတ်ဖုန်း(Prepaid) မှ လိုင်းဖုန်းအဖြစ်ပြောင်းလဲလျှောက်ထားနိုင်ပါသည်
- အခြားလိုင်းမှ အသုံးပြုနေသည့် (ကတ် ၊ လိုင်း) နံပတ်အတိုင်း ပြောင်းလဲ လျှောက်ထားနိုင်ပါသည်
- ခေတ္တရပ်ဆိုင်းထားသည့်ဖုန်းကို ပြန်ဖွင့်ပြီး အသုံးပြုနိုင်ပါသည်
- လက်ရှိအသုံးပြုနေသော လိုင်းကို မပိတ်ဘဲ ၊ နံပတ်အသစ်သို့ ပြောင်းလဲလျှောက်ထားနိုင်ပါသည်
- ဖုန်းဘီလ် (Charge-plan) ပြောင်းလဲ လျှောက်ထား အသုံးပြုနိုင်ပါသည်
- စက် (Handset) ပြောင်းလျှောက်ထားသုံးစွဲနိုင်ပါသည်

ခင်မင်လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄၀၆၂၁

Tuesday 1 April 2014

တယ်လီတော်ကီ နှစ်သစ်ကြို ၊ အီးနိုင်းကိုလူသစ်များအတွက် ဖုန်းလိုင်းအခမဲ့ ဖွင့်ပေးမည်

မြန်မာသင်္ကြန် နှင့် နှစ်သစ်အခါသမယကို ကြိုဆိုသောအားဖြင့်လည်းကောင်း ၊ ကိုရီးယားနိုင်ငံသို့ စီးပွါးရှာရန် ရောက်ရှိလာကြသည့် အီးနိုင်း (လူသစ်) ညီငယ်များအား တစ်ဖက်တစ်လမ်းမှ ကူညီသောအားဖြင့်လည်းကောင်း ၊ တယ်လီတော်ကီ အနေဖြင့် ယနေ့မှ စ၍ ဧပြီလ လကုန်အထိ ၊ ကတ်ဖုန်း(Prepaid Phone) များကို အခမဲ့ လိုင်းဖွင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
- ရှင်ကတ်(USIM) = အခမဲ့ ။
- Charged = ဝမ် ၁ သောင်းဖိုးပါရှိပါမည် ။
- ဝန်ဆောင်ခ= မယူပါ ။
မိမိတို့ ကြိုက်နှစ်သက်ရာ (KT, SK, LG) လိုင်း တစ်ခုခု ရယူနိုင်ပါသည် ။
ဆိုင်သို့ကိုယ်တိုင်မလာနိုင်သူများ နှင့် ရပ်ဝေးနေသူများဖြစ်လျင် လိပ်စာအတိအကျ(ဆက်သွယ်ရန် ဖုန်းနံပါတ်တစ်ခုခုပါရှိစေ) ပြောပြရပါမည် ။ စာတိုက်မှ ပေးပို့မည်ဖြစ်သဖြင့် စာပို့ခ ၄၅၀၀ ကို ကျခံရပါမည်။

အားလုံးအဆင်ပြေကြပါစေ ။

မေတ္တာဖြင့်-
တယ်လီတော်ကီ
Mobile: ၀၁၀-၂၃၃၁-၂၄၅၇
Phone: ၀၇၀-၇၇၆၁-၂၄၅၇
Fax: ၀၃၂-၄၂၅-၂၄၅၇
(၂၀၁၄၀၄၀၂၀၉၀၀)

Saturday 1 March 2014

မြန်မာဖုန်းဆိုင်များတွင် အားပေးခြင်းဖြင့် ဖုန်းနှင့်ပတ်သက်သည့် အထွေထွေဝန်ဆောင်မှုများကို အလွယ်တကူရယူနိုင်ပါသည်

////(ကြော်ငြာအထူး ၊ အထူးကြော်ငြာ၊ အထူးကြော်ငြာ ၊ ကြော်ငြာအထူး ) ////

မနေ့က မြန်မာ ဖောက်သည်ညီလေးတစ်ယောက် ဆိုင်ရောက်လာပြီး ၊ လိုင်းကြေး (Charge-Plan) လျှော့ချင်တယ်အစ်ကိုလို့ ပြောလာပါတယ် ။ မေးကြည့်တော့ မြန်မာပြည်ခဏပြန်မလို့ ၊ မြန်မာပြည် ပြန်နေတုန်းဖုန်းဘီလ်တွေအများကြီးတက်မှာစိုးရိမ်လို့ပါတဲ့။ ဟာ ၊ ဒါဆို ခဏပိတ်ထားလိုက်ပါလား ညီလေးလို့ ဆိုတော့ ၊ ဟာ အစ်ကို အဲသည်လို လုပ်ထားလို့ရသလားတဲ့ ။ ဒါနှင့်ပဲ သူနှင့် စကားပြောဖြစ်ပါတယ် ။
(ကျွန်ုပ်)-
ညီလေး မြန်မာပြည်ပြန်နေတုန်း လိုင်းကို ခေတ္တ ပိတ်ထားလို့ ရတယ် ညီလေး ။
(မောင်ညီလေး)-
ပြန်လာရင် လိုင်းပြန်ဖွင့်နေရမှာပေါ့ ။ ကျနော်က အောက်ပိုင်းကဆိုတော့ ဆိုင်ကိုခဏခဏ မလာအားဘူး အစ်ကို ။ အစ်ကိုကြည့်လုပ်ပေးထားလို့ရမလား။
(ကျွန်ုပ်)-
ရတယ်ညီလေး ။ ညီလေးပြန်ရောက်မယ့်ရက်နှင့် အချိန်ကိုက်ပြီး ဖုန်းလိုင်းကိုအလိုအလျောက် ပြန်ပွင့်အောင် လုပ်ထားလို့လည်း ရပါတယ် ။
(မောင်ညီလေး)-
အာ ၊ ဒါပေယ့် အစ်ကိုရေ ၊ ကျနော်က လေယာဉ်ပေါ်တက်တဲ့အချိန်ထိ ဖုန်းကိုသုံးသွားချင်သေးတယ်အစ်ကို။
(ကျွန်ုပ်)-
ဒါလည်း အလွယ်လေးပဲ ငါ့ညီ ။ မင်း လေယာဉ်ပေါ်တက်ပြီးချိန်နှင့် အချိန်ကိုက်ပြီး ဖုန်းလိုင်းကို ပိတ်ပေးလို့လည်းရပါတယ် ။
(မောင်ညီလေး)-
အော် ၊ နောက်တစ်ခု မရှင်းလို့အစ်ကိုရေ ။ လိုင်းပြန်ဖွင့်တော့ နံပတ်က ပြောင်းသွားမလားအစ်ကို။ သည်နံပတ်ပြောင်းသွားလို့မဖြစ်လို့ပါ ။
(ကျွန်ုပ်)-
ဘာမှ မပြောင်းဘူးငါ့ညီ ။ သည်အတိုင်းပဲ ။ လိုင်းကို ခဏလေး ရပ်ထားတာပဲရှိတယ် ။ သုံးလက်စ အိုဗာဆီးကတ်တွေလည်း ဆက်ပြီးသုံးလို့ရတယ် ။
(မောင်ညီလေး)-
အော် ၊ ဒါဆို ကျနော့်ကို အဲသည်လိုလုပ်ပေးပါလား အစ်ကို ။ ညီ နောက်လ ၂၅ ရက်နေ့ပြန်လာမယ်အစ်ကို။

သည်လိုနှင့် လိုင်းကြေးကိုမလျှော့ဖြစ်တော့ဘဲ ၊ ကိုရီးယားမှထွက်ပြီး နောက်တစ်ရက်မှာ အလိုအလျောက်လိုင်းပိတ်ပြီး ၊ ကိုရီးယားသို့ပြန်မရောက်မှီ တစ်ရက်အလိုမှာ လိုင်းအလိုလို ပြန်ပွင့်အောင် လျှောက်လွှာတစ်စောင် ဖက်စ်ပို့ပေးလိုက်ရပါတယ် ။

ဟုတ်ကဲ့ပါ ။ ကျနော်တို့ မြန်မာညီအစ်ကိုတွေ မြန်မာဖုန်းဆိုင်မှာပဲ အားပေးကြတယ်ဆိုတာ ၊ မြန်မာဖုန်းဆိုင်များဟာ မြန်မာ မိတ်ဆွေများအတွက် ဖုန်းနှင့်ပတ်သက်ပြီး -
- ကတ်ဖုန်း(Prepaid) မှ လိုင်းဖုန်းပြောင်းခြင်း
- လိုင်းဖုန်း(Postpaid)မှ ကတ်ဖုန်းပြောင်းခြင်း
- ကတ်ဖုန်းများ အတွက် အလိုအလျောက်ငွေဖြည့်(Auto-refill)စနစ်လျှောက်ထားခြင်း
- လိုင်း(အသစ်သို့)ပြောင်းခြင်း(နံပတ်မပြောင်း)
- ဖုန်းပျောက်ဆုံးသဖြင့် ဖုန်းကိုခေတ္တရပ်ဆိုင်းခြင်း
- ခေတ္တရပ်ဆိုင်းထားသည့်ဖုန်းကို ပြန်ဖွင့်ခြင်း
- ရှင်မ်ကတ်(USIM)အသစ်(နံပတ်မပြောင်း)ပြန်လျှောက်ခြင်း
- (ရှင်မ်ကတ်မပြောင်း) နံပတ်ပြောင်းလျှောက်ခြင်း
- ဖုန်းဘီလ် (Charge-plan) ပြောင်းခြင်း
- ဘီလ်လိပ်စာ (စသဖြင့်) အချက်အလက်တစ်ခုခု ပြင်ဆင်ပြောင်းလဲခြင်း
- သက်တမ်းကုန်ဖုန်းများ သက်တမ်းတိုးခြင်း
- ဖုန်းပိုင်ရှင်အမည်ပြောင်းလျှောက်ထားခြင်း
- လိုင်းအပြီးအပိုင်ပိတ်ခြင်း
- ဖုန်းအဝင်အထွက်မှတ်တမ်းများလျှောက်ထားခြင်း
- (ကတ်ဖုန်းများကို) အဝေးမှ အသက်ကတ်ဖြည့်ပေးခြင်း
- ရှင်မ်ကတ်(USIM)မပါသောဖုန်းမှ ရှင်ကတ်ပါသောဖုန်းသို့ပြောင်းလဲပေးခြင်း
- ရှင်မ်ကတ်ရှိသောဖုန်းမှ ရှင်ကတ်မရှိသောဖုန်းသို့ပြောင်းလဲပေးခြင်း
- အစရှိတဲ့ အထွေထွေဝန်ဆောင်မှုများကို (လူကိုယ်တိုင်လာဖို့မလိုဘဲ ၊
ဖုန်းတစ်ချက်ဆက်လိုက်ခြင်းဖြင့်) အလွယ်တကူဖြည့်ဆည်းပေးနိုင်လို့ ဖြစ်တယ်ဆိုတာကို အလေးအနက်ယုံကြည်ပါတယ် ။

ကိုရီးယားနိုင်ငံရောက် မြန်မာများ ၊ ဖုန်းနှင့်ပတ်သက်သည့် ဒုက္ခများကင်းဝေးကြပါစေ ။
အားလုံးအဆင်ပြေကြပါစေ ။

မေတ္တာဖြင့်-
တယ်လီတော်ကီ
၂၀၁၄-၀၂-၂၇

Friday 31 January 2014

တယ်လီတော်ကီ ကံထူးရှင် (2014) အမည်စာရင်းကြေညာ

၂၀၁၄ ဇန် ၃၁
တယ်လီတော်ကီ ကံစမ်းမဲဖောက်ပွဲ(၂၀၁၄) အစီအစဉ်ကို ယနေ့ ည ၉ နာရီအချိန် တယ်လီတော်ကီ အရောင်းဆိုင်တွင် မဲနှိုက်ရွေးချယ်ခဲ့ပါသည် ။

- ကတ်ဖုန်း(Prepaid Phone) ကံထူးရှင် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ဆုအတွက် ၊ ကိုနေမျိုးဦး (၀၁၀-၈၆၈၇-၁၃၄၄)က မဲနှိုက်ရွေးချယ်ပေးရာ ပေါက်မဲအမှတ်စဉ် ၃၇ ၊ ပြုံးကိုကို (၀၁၀-၃၀၄၅-၂၀၆၈) ကလည်းကောင်း ၊ - လိုင်းဖုန်း(Postpaid Phone) ကံထူးရှင် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) ဆုအတွက် ကိုကျော်ဇင်လတ်(၀၁၀-၃၀၈၇-၅၅၇၈)က မဲနှိုက်ရွေးချယ်ပေးရာ ၊ ပေါက်မဲအမှတ်စဉ် ၁၂၃ ၊ ရန်နိုင်ထက် (၀၁၀-၉၁၆၂-၇၆၆၁)က လည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားကြပါကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည် ။

ကံစမ်းမဲဖောက်ပွဲသို့ ကြွရောက်အားပေးကြသည့် ညီအစ်ကိုမောင်နှမများနှင့် ၊ ကံစမ်းမဲနှိုက်ပေးကြသည့် ကိုနေမျိုးဦးနှင့် ကိုကျော်ဇင်လတ်တို့အားလည်းကောင်း ၊ တယ်လီတော်ကီကို အစဉ်အမြဲအားပေးလျက်ရှိကြသည့် မိတ်သစ်မိတ်ဟောင်းအပေါင်းတို့အားလည်းကောင်း ကျေးဇူးအထူးတင်ရှိပါသည်။

တယ်လီတော်ကီအား ဆက်လက်အားပေးချီးမြောက်ကြသည့် မိတ်ဆွေတို့၏ စေတနာကို တုန့်ပြန်သောအားဖြင့် ၊ နောင်နှစ်များတွင်လည်း ကံထူးရှင်များရွေးချယ်၍ သင့်တင့်ရာ ဆုငွေတို့ကို ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။

မေတ္တာဖြင့် -

တယ်လီတော်ကီ
၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီ၃၁ ရက်

Friday 24 January 2014

အိုင်ဖုန်း (3GS) အသစ်များ တယ်လီတော်ကီတွင် ရောင်းချပေးနေပါပြီ


၁၆-ဂစ် ၊ ၃၂-ဂစ် ၊ ၃၂-ဂစ် အော်ရဂျင်နယ်ဘူး ၊ အော်ရဂျင်နယ် ပစ္စည်း ။
လုံးရေ ကန့်သတ်ရှိ ။
လိုင်းဖွင့်ဖို့မလို ၊ အလွတ်ဝယ်ယူနိုင်ပါသည် ။
ဂလက်စီ အက်စ်-၂ ထက်ဈေးနှုန်းသက်သာသည်။

လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန် ၂၃

Monday 20 January 2014

တယ်လီတော်ကီ အရောင်းဆိုင်တွင် (အိတ်ဆောင် အင်တာနက် ဖမ်းစက်) WiBro Egg များ အလွတ်ရောင်းချပေးနေပါပြီ


- လိုင်းကြေး (MEMBERSHIP FEE) မရှိ
- လစဉ်ကြေး- ဝမ်၂၄,၀၀၀
- လစဉ် ဒေတာ (GIGA) - ကန့်သတ်မဲ့(UNLIMITED)
- ကြိုတင်ငွေပေးစနစ်ဖြင့် ကတ်ဖြည့်ပြီး အသုံးပြုရသည့်စနစ်ဖြစ်သည်
- စာချုပ်ချုပ်ဖို့ မလိုပါ ၊ (ဘဏ်စာအုပ်မိတ္တူမလို ၊နိုင်ငံခြားသားကတ်မလို)
- အသုံးမပြုလိုလျင် ၊ လိုင်းဖြတ်ဖို့မလို (ကြိုတင်ငွေမဖြည့်ဘဲ ထားလျင်လိုင်းပြတ်သည်)
- မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူအသုံးပြုနိုင်ပါသည်
- အခြားသူတစ်ဦးဦးသို့ လွတ်လပ်စွာ လွဲပြောင်းပေးနိုင်ပါသည်
- အလုံးရေ ကန့်သတ်ထားသည်
- အလိုရှိသူများ ဖေဖေါ်ဝါရီလ ပထမပတ် မတိုင်မှီ မှာကြားတော်မူကြပါ


လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန် ၂၁

Friday 10 January 2014

တယ်လီတော်ကီကံစမ်းမဲအစီအစဉ် စည်းကမ်းချက် ဖြည့်စွက်ခြင်း

တယ်လီတော်ကီ မိတ်ဆွေအပေါင်းတို့ခင်ဗျာ

တယ်လီတော်ကီ၏ လာမည့် ကိုရီးယားနှစ်ကူးကံစမ်းမဲအစီအစဉ်တွင် ၊ အမည်ငှားဖြင့်ကိုင်ဆောင်နေသူများ အကျုံးဝင်မည်မဟုတ်ကြောင်း ကြေညာထားခဲ့ပါသည် ။ သို့ရာတွင် အချို့သောမိတ်ဆွေများမှာ ၄င်းတို့ မိတ်ဆွေများအား လူမှုရေးအရ ခေတ္တငှားရမ်းပေးထားရကြောင်းနှင့် အဆိုပါပုဂ္ဂိုလ်များ အကျုံးမဝင်ဝင်ဘူးဆိုလျင် ၊ မူလဖုန်းပိုင်ရှင်ကို ပေးသင့်ကြောင်း အဆိုပြုလာသူများရှိပါသည် ။

အဆိုပါ အကြံပြုချက်အား လေးစားတန်ဘိုးထားသောအားဖြင့် လည်းကောင်း ၊ ဤ ကံစမ်းမဲအစီအစဉ်မှာ မြန်မာမိတ်ဆွေများအတွက် စီစဉ်ထားခြင်း ဖြစ်သဖြင့်လည်းကောင်း ကံစမ်းမဲအစီအစဉ်တွင် အောက်ပါစည်းကမ်းချက်များထပ်မံ ဖြည့်စွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည် -
- ကံစမ်းမဲပေါက်သည့် ဖုန်းနံပါတ်အား ချက်ချင်းခေါ်ဆိုမည်ဖြစ်ရာ အမည်ငှားကိုင်ဆောင်နေသူဖြစ်ပါက မူလဖုန်းပိုင်ရှင်၏ အမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်အား ဖြေကြားပေးနိုင်လျင် ကံစမ်းမဲ ချီးမြှင့်ပါမည် ။(ကိုင်ဆောင်သူနှင့်အမည်ရှင်တို့ ညှိနှိုင်းယူကြရန်ဖြစ်ပါသည်)
- မြန်မာနိုင်ငံသားများမှ အပ ကိုရီးယားများ အပါအဝင် အခြားသောနိုင်ငံသားများအား ထည့်သွင်းစဉ်းစားမည်မဟုတ်သဖြင့် အဆိုပါ ပုဂ္ဂိုလ်များကံစမ်းမဲပေါက်ခဲ့သော် ပယ်ဖျက်ပြီး ပေါက်မဲဂဏန်း အသစ်ထပ်မံ နှိုက်ယူပါမည် ။

- လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန္နဝါရီလ ၁၁ ရက်

Monday 30 December 2013

တယ်လီတော်ကီ ကံစမ်းမဲအစီအစဉ် ကြေညာခြင်း

တယ်လီတော်ကီအနေဖြင့် မိမိတို့ အရောင်းဆိုင်တွင် ဖုန်းလိုင်း (ကတ်ဖုန်း ၊ လိုင်းဖုန်း) ဖွင့်လှစ်ထားသည့်မိတ်ဆွေများအနက် ကံထူးသူရွှေးချယ်ပြီး ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ဆုကြေးငွေချီးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ကြေညာခဲ့ပါသည် ။
(ရည်ညွှန်းစာ)

အဆိုပါ ကံစမ်းမဲအစီအစဉ်ကိုအောက်ပါအတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဖြည့်စွက် ပြင်ဆင်ကြေညာအပ်ပါသည်-
ကံစမ်းမဲဖွင့်မည့် ရက်စွဲနှင့်အချိန်
၂၀၁၄ ခုနှစ် ဇန္နဝါရီလ ၃၁ ရက် နံနက် ၁၀ နာရီ

ကံစမ်းမဲဖွင့်မည့်နေရာ
တယ်လီတော်ကီ (အများပြည်သူများရှေ့တွင် ပျော်ရွှင်ဖွယ်အစီအစဉ်များဖြင့် ရွေးချယ်ဖွင့်ပါမည်)

မေတ္တာဆု ရွေးချယ်မည့် သူများ
- ကတ်ဖုန်း(Prepaid Phone)လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
- လိုင်းဖုန်း(Postpaid Phone) လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး

ချီးမြှင့်မည့် မေတ္တာဆုငွေ
- လိုင်းဖုန်းကံထူးရှင်အတွက် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) နှင့်
- ကတ်ဖုန်းကံထူးရှင်အတွက် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ။

အကျုံးဝင် သက်ဆိုင်သူများ
- တယ်လီတော်ကီ စတင်ဖွင့်လှစ်ချိန်လှစ်ခဲ့ချိန်မှအစပြု၍ ၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီထိ လိုင်း(ကတ်ဖုန်း၊လိုင်းဖုန်း)ဖွင့်ထားသူများအားလုံးအကျုံးဝင်ပါမည်။
- လိုင်းဖွင့်သူများတွင် လိုင်းသစ်ဖွင့်ခြင်း နှင့် လိုင်းပြောင်းဝင်ခြင်း ၂ မျိုးစလုံးပါဝင်ပါသည် ။
- ၂၀၁၄ခုနှစ် ဇန္နဝါရီ ၃၀ ရက်နေ့ (ညနေ၆ နာရီ) တွင် ဖုန်းလက်ခံခွင့် သို့မဟုတ် ဖုန်းပြောခွင့်ရပ်ဆိုင်းခံနေရသူများ ပါဝင်မည်မဟုတ်ပါ ။
-၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့(ညနေ၆နာရီ)မတိုင်မှီ လိုင်းဖြတ် ၊ လိုင်းပြောင်းထွက်သွားသူများ အကျုံးဝင်မည်မဟုတ်ပါ။
- ဖုန်းအမည်ပေါက် သုံးစွဲနေသူကိုသာ ချီးမြှင့်ပါမည် ။ (အမည်ငှားဖြင့် သုံးစွဲနေသူများ ကံစမ်းမဲပေါက်လျင် အဆိုပါ ပေါက်မဲကို ဖျက်သိမ်းပြီး အခြားသူတစ်ဦးကို ထပ်မံရွေးချယ်ပါမည်။)
- တယ်လီကောမ်မှ မှတ်တမ်းတင်ထားသော ဒေတာဘေ့စ်ကိုအခြေပြု၍ ၊ ဒေတာဘေ့စ်ပါ အမှတ်စဉ်များကို မဲနှိုက်ရွေးချယ်ပါမည်။


မြန်မာများကံထူးကြပါစေ ။
မေတ္တာဖြင့် -

တယ်လီတော်ကီ
၂၀၁၃ ခုနှစ် ၊ ဒီဇင်္ဘာလ ၃၀ ရက်
အင်ချောန်းမြို့