Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Wednesday, 25 June 2014

အိုင် ဖုန်း ချစ်သူ များ မြန်မာစာ ဖောန့်နှင့် ကီးဘုတ် ရပါပြီ

အိုင် ဖုန်း ချစ်သူ များ မြန်မာစာ ဖောန့်နှင့် ကီးဘုတ် ရပါပြီ

IOS 7.1.1 version I-phone များကို တယ်လီတော်ကီ မြန်မာ ဖုန်းဆိုင်တွင် မြန်မာစာ စာ ဖောန့် နှင့် မြန်မာ ကီးဘုတ်များ အဆင်ပြချောမွေ့ မြန်ဆန်စွာ ထည့်သွင်းပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်ခင်ဗျာ ။

ဗျူဟာဟိန်း (၀၁၀-၆၈၆၉-၂၉၈၄)
၂၀၁၄၀၆၂၅

Friday, 9 August 2013

2G ၊ 3G ၊ 4G မျိုးဆက် ၃ ခုစလုံး CDMA ရော GSMပါ သုံးနိုင်သည့် ရေစိမ်ခံCA-201L Smartphoneများ ရပါပြီ


မိုးထဲ ၊ ရေထဲမှာ အလုပ်လုပ်ကြရတဲ့ ညီအစ်ကိုများအတွက် ၊
အမှုံ အမှိုက်တွေနှင့်အလုပ်လုပ်နေကြရတဲ့ ညီအစ်ကိုများအတွက် ၊
ရေမှုံ ရေမွှား ၊ ရေခိုးရေငွေ့ကြားမှာ အလုပ်လုပ်ကြရတဲ့ ညီအစ်ကိုများအတွက် ၊
အထူးအဆန်း ကြိုက်တဲ့ ညီအစ်ကိုများအတွက် ၊
ဟင်းဆက် မကြာခဏ ပြုတ်ကျတတ်တဲ့မိတ်ဆွေများအတွက် ၊
အပေအတေခံ ၊ အကြမ်းခံပစ္စည်းကိုမှ လိုချင်ကြတဲ့ ညီအစ်ကိုများအတွက် ၊
ကမ္ဘာအနှံ့ခရီးဆန့်ပြီး အလုပ်လုပ်နေကြတဲ့ ညီအစ်ကိုများအတွက်-
မြန်မာပြည်က ညီအစ်ကို မောင်နှမနှင့် မိတ်ဆွေ များကိုလက်ဆောင်ပေးဖို့ စီဒီအမ်အေ ၈၀၀ ရှာနေကြသူများအတွက် -
2G Network
- CDMA 800 / 1900
- GSM 900 / 1800 / 1900
ဒေတာ(အင်တာနက်)တွေ ဘုန်းပေါလအောသုံးချင်တဲ့ မိတ်ဆွေများအတွက်-
3G Network
- CDMA2000 1xEV-DO
- HSDPA 2100
ဒေတာ(အင်တာနက်)ကို အမြန်ဆုံးသုံးချင်တဲ့ ညီအစ်ကိုများအတွက်-
4G Network
- LTE 850 / 1800
ရေစိမ်ခံ(Water Proofed) ဖုန်းဖြစ်သည်
CDMA ရော GSMပါ စနစ်၂မျိုး သုံးလို့ရသည်
2G ၊ 3G ၊ 4G မျိုးဆက် ၃ ခုစလုံးသုံးနိုင်သည်
Spec လေ့လာချင်တဲ့ ညီအစ်များအတွက် ၊ လင့်ခ်-
http://www.gsmarena.com/casio_g'zone_ca_201l-5384.php
ရေစိမ်ခံ စမ်းသပ်မှုကြည့်ချင်တဲ့ ညီအစ်များအတွက် ၊ လင့်ခ်-
http://www.youtube.com/watch?v=_bOhKu-3eQw
ရေစိမ်ခံပြီး
ဈေးနှုန်းချိုသာသည့်
CA-201L Smartphoneများ ၊ တယ်လီတော်ကီထံတွင်ရပါပြီ။
၀၁၀-၂၃၃၁-၂၄၅၇

Friday, 14 June 2013

လက်ကိုင်ဖုန်းများ၏ ဆုံမှတ်အမည် (Access Point Name: APN)ပြန်လည် ညှိနှိုင်းသတ်မှတ်ပေးခြင်း

ခုတလောအမေးများတဲ့ မေးခွန်းတစ်ခု
အစ်ကိုကြီး သူ့ဖုန်းက အက်စ်-ဝမ်း (Galaxy S) ကတ်ဖုန်း ၊ ကျနော့်ဖုန်းက အက်စ်-သရီး (Galaxy S3) လိုင်းဖုန်းပါ ။ ဒါပေမယ့် သူ့ဖုန်းက ရထားပေါ်မှာ ဝိုင်ဖိုင်(WiFi) မိပြီး ၊ ကျနော့်ဖုန်း အက်စ်သရီးက ဝိုင်ဖိုင်ဖမ်းမရဘူးဖြစ်နေတယ် ။ အဲဒါ ဘာများကွာလို့ပါလဲခင်ဗျာ။
ခုတလော မကြာခဏ အမေးခံနေရသော မေးခွန်းဖြစ်ပါသည် ။ ကိုရီးယားနိုင်ငံရောက် လက်ကိုင်ဖုန်းသုံးစွဲသူ မိတ်ဆွေများအကျိုးငှာ ၊ လေ့လာသိရှိသလောက် ပြန်လည် မျှဝေလိုက်ပါသည် ။

ဆက်သွယ်ရေး ၃ခု ၊ ဟင်းဆက် ၃ မျိုး
ကိုရီးယားနိုင်ငံတွင် ဆက်သွယ်ရေးကုမ္ပဏီကြီး ၃ ခု (လိုင်း၃လိုင်း) ရှိပါသည် ။ ကေတီ (KT) ၊ အက်စ်ကေ (SK) နှင့် အယ်လ်ဂျီ (LG) ။ ၄င်း ၃လိုင်းအနက် အယ်လ်ဂျီလိုင်းမှာ ၄င်းလိုင်းသုံး ဟင်းဆက်(Handset)များကို အက်စ်ကေ ၊ ကေတီလိုင်းတို့နှင့် ဒွေးနှောယှက်တင်သုံးစွဲခြင်းမရှိပါ ။ ဆိုလိုသည်မှာ အယ်ဂျီလိုင်းသုံး ဟင်းဆက်များကို ကေတီနှင့် အက်စ်ကေလိုင်းများတွင် သုံးစွဲလို့မရပါ ။

ဒွေးနှောယှက်တင် ၊ ဟင်းဆက်နှင့်ယူရှင်
ကေတီနှင့် အက်စ်ကေတို့ကတော့ ဟင်းဆက်ချင်း ဒွေးနှောယှက်တင် တုန့်လှယ်သုံးစွဲကြပါသည် ။ အက်စ်ကေလိုင်းသုံး ဟင်းဆက်များကို ၊ ကေတီလိုင်းတွင် သုံးစွဲနိုင်သလို ၊ ကေတီလိုင်းသုံး ဟင်းဆက်များကိုလည်း အက်စ်ကေလိုင်းတွင်သုံးစွဲနိုင်ပါသည် ။ ကေတီ ရှင်မ်(USIM)ကတ် ကို အက်စ်ကေ ဟင်းဆက်နှင့် တွဲဖက်သုံးစွဲနိုင်သလို ၊ အက်စ်ကေရှင်မ်ကတ်ကိုလည်း ကေတီဟင်းဆက်ဖြင့် တွဲဖက်သုံးစွဲလို့ရပါသည် ။ ထိုသို့ လဲလှယ်သုံးစွဲရာတွင် ဖုန်းပြောဆိုရန် ပြဿနာကြီးကြီးမားမား ထင်ထင်ရှားရှား မရှိသော်လည်း ၊အင်တာနက်ဒေတာများ သုံးစွဲရာတွင်မူ ပြဿနာ ရှိပါသည် ။ ဆုံမှတ် (Access Point Name) ပြန်လည် ညှိနှိုင်းသတ်မှတ်ပေးရန် လိုအပ်သည့် ကိစ္စ ။ ဆောင်းပါး အဖွင့်တွင် တင်ပြခဲ့သော ဝိုင်ဖိုင်မမိသည့်ပြဿနာ ။

ဆုံမှတ်များ ပြန်ညှိပေးဖို့လို
ဟင်းဆက် (mobile device) များအား ၊ ဆက်သွယ်ရေးလိုင်း (packet data network: PDN) နှင့် ချိတ်ဆက်(making a data connection) ရန် ၊ မူလသတ်မှတ်ပေးထားသည့် ဆက်ကြောင်း (gateway) ဆိုင်ရာ ၊ သင်္ကေတ အမှတ်အသားများ ကိုယ်စီရှိကြပြီးဖြစ်ပါသည် ။ အက်စ်ကေလိုင်းနှင့် ကေတီလိုင်းတို့သည် သီးခြား သင်္ကေတများ သတ်မှတ် သုံးစွဲနေကြခြင်းဖြစ်သည် ။
ရှင်မ်ကတ်(USIM) ချင်း ပြောင်းလဲသုံးစွဲကြသည့်အခါ ၊ မူလ သတ်မှတ်သားသည့် ဆုံမှတ် အမည်သညာများ (Access Point Name:APN) ကို ပြန်လည် ညှိနှိုင်းပေးဖို့လိုအပ်လာပါသည် ။

အက်စ်ကေဟင်းဆက် ကေတီယူရှင်
အက်စ်ကေဟင်းဆက်များကို ကေတီလိုင်း တွင် သုံးစွဲနိုင်ရန် အောက်ပါအတိုင်းပြုလုပ်နိုင်ပါသည် -
KT :
3G :
APN : alwayson.ktfwing.com
MMSC : http://mmsc.ktfwing.com:9082
MMS 포트 : 9093
MCC : 450
MNC : 08
LTE :
APN : lte.ktfwing.com
MMSC : http://mmsc.ktfwing.com:9082
MMS 포트 : 9093
MCC : 450
MNC : 08

ကေတီဟင်းဆက် ၊ အက်စ်ကေယူရှင်
ကေတီ ဟင်းဆက်များကို အက်စ်ကေလိုင်းတွင် သုံးစွဲရန် ၊ အောက်ပါအတိုင်းပြန်လည် ညှိနိုင်းနိုင်ပါသည်-
SKT
3G :
APN : web.sktelecom.com
MMSC : http://omms.nate.com:9082/oma_mms
MMS 프록시 : smart.nate.com
MMS 포트 : 9093
MCC : 450
MNC : 05
LTE :
APN : lte.sktelecom.com
MMSC : http://omms.nate.com:9082/oma_mms
MMS 프록시 : lteoma.nate.com
MMS 포트 : 9093
MCC : 450
MNC : 05

ညှိနှိုင်းပုံအဆင့်ဆင့်မှာ-
၁ ။ အသုံးပြုမည့် ဟင်းဆက်ကို ၊ အဆင်ပြေရာနည်းဖြင့် ၊ အင်တာနက်ဖြင့် ချိတ်ဆက်ရပါမည် ။
၂။ အထက်ဖော်ပြပါ (သက်ဆိုင်ရာ) အင်တာနက် လိပ်စာသို့ ဝင်ရောက်ရပါမည် ။
၃။ သက်ဆိုင်ရာ ၊ ဆော့ဖ်ဝဲ (အပလီကေးရှင်း) ကိုဆွဲချ(Download)ယူရပါမည် ။
၎။ ဆွဲချယူထားသော အပလီကေးရှင်းကို မိမိဟင်းဆက်တွင် ဖြည့်သွင်း(Install)ရပါမည် ။
၅။ ၄င်းနောက် ဆက်တင်(Setting) ထဲဝင်ပြီး ၊ ဝိုင်ယာလက်နက်ဝပ် (Wireless and Network) ၊ မိုဘိုင်းနက်ဝပ် (Mobile Network) ၊ အဆက်စ်ပွိုင့်နိမ်း (Access Point Name) စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်ဝင်ရောက်ရပါသည် ။
၆။ ၄င်းနောက် မိမိဟင်းဆက်တွင် ဖြည့်ခင်းပြီးဖြစ်သော အေပီအင် (Access Point Name) ကို စစ်ဆေးကြည့်ရှုရပါမည် ။

(အမှန်မှာ ၊ ဆွဲချယူလိုက်သော အပလီကေးရှင်းကို မိမိဟင်းဆက်တွင် ၊ ဖြည့်သွင်းပြီးကတည်းက အလိုအလျောက် ညှိနှိုင်းပြီးဖြစ်ပါသည် ။ ပြည်လည် စစ်ဆေးကြည့်ရှုခြင်းသာဖြစ်ပါသည် ။)

အားလုံးအဆင်ပြေကြပါစေ ။
လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
၂၀၁၃-ဇွန်လ-၁၅ ရက်။

Friday, 12 April 2013

ခေတ်မီသူတိုင်း သက်သာလိုင်းဖုန်းသုံးကြပြီ

ခေတ်မီသူတိုင်း သက်သာလိုင်းဖုန်းသုံးကြပြီ
ကတ်ဖုန်း(Prepaid)သုံးရသလို အလုပ်မရှုပ် ၊ ကတ်ဖုန်းများလောက်လည်း ဈေးမကြီးသော သက်သာလိုင်းဖုန်းများကို တယ်လီတော်ကီက ရောင်းချပေးနေပါပြီ ။
- မိတ်ဆွေတို့ လက်ရှိအသုံးပြုနေသော(ကတ်သို့မဟုတ်လိုင်း) ဖုန်းနံပါတ်အတိုင်း ဆက်လက်အသုံးပြုနိုင်ပါသည် ။
- အသက်ကတ် ၊ အသားကတ်ဖြည့်ဖို့မလိုသဖြင့် ၊ အချိန်ကုန်သက်သာသည် ။
- ပြည်တွင်းပြည်ပသုံး ဖုန်းကတ်များ ချိတ်ဆက်အသုံးပြုနိုင်ပါသည် ။
- လစဉ်ကြေးမှာ ရိုးရိုး လိုင်းဖုန်းများ ထက်သက်သာပြီး ၊ ကတ်ဖုန်း အသက်ကတ်ဖိုးများထက် ပင် ထက်ဝက်သက်သာသည် ။
- နိုင်ငံခြားတိုက်ရိုက်ခေါ်ဆိုခြင်းအစရှိသည့် မလိုလားသော (ဘီလ်အများကြီးကျစေနိုင်သော) ဖန်ရှင်များ ပိတ်ထားနိုင်သည် ။
- မေလကုန်ထိ လိုင်းကြေး (Membership Fee) မရှိ အခမဲ့ ဆောင်ရွက်ပေးပါမည် ။
- သက်သာလိုင်းဖုန်း လစဉ်ကြေးများမှာ အောက်ပါအတိုင်းဖြစ်သည်-

သက်သာလိုင်းဖုန်း အသုံးပြုခြင်းအားဖြင့် တန်ဖိုးမဖြတ်နိုင်သော လူကြီးမင်း၏ အချိန်ပိုများကို အကျိုးရှိရှိ အသုံးပြုပါ ။

သက်သာလိုင်းဖုန်းသုံးခြင်းဖြင့် ၊ ပိုလျှံ ထွက်ရှိလာသော ငွေများကို အမျိုးဘာသာ သာသနာအတွက် အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေ ။

မေတ္တာဖြင့်-
တယ်လီတော်ကီ
၀၁၀-၂၃၃၁-၂၄၅၇
April 13, 2013.
---------------------------------------------
ကိုရီးယားအစိုးရက ၊ ကိုရီးယားပြည်သူများ ဖုန်းခေါ်ဆိုမှုဈေးနှုန်းများ ကျဆင်းရေး အကောင်အထည်ဖော်နေသော ပရိုဂရမ်ဖြစ်သည် ။
---------------------------------------------

Thursday, 28 February 2013

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု..

**************
မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅) လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။

မိုဘိုင်းလ် ဖုန်းတစ်လုံးအား ကျွန်းကျင်စွာ ကိုင်တွယ်နိုင်ပါစေ။

(ညိုလင်းထွန်း)

Thursday, 22 November 2012

အက်စ်ကေ မျက်လုံး (SK-Eyes) ကတ်ဖုန်း ကြိုတင်ငွေ ဖြည့်သွင်းနည်း နိဿရည်း

အက်စ်ကေ မျက်လုံး (SK-Eyes) ကတ်ဖုန်း ကြိုတင်ငွေ ဖြည့်သွင်းနည်း နိဿရည်း

#66 ကိုနှိပ်ပြီး ဖုန်းခေါ်လိုက်ပါ ။ [အခြားဖုန်းဖြင့် ၊ ဖြည့်သွင်းပေးလိုပါက- 010-5200-0114သို့ခေါ်ပါ ။]
ဘာသာစကားရွေးချယ်ရပါမည် ။
- ကိုရီးယား (1)
- အင်္ဂလိပ် (2)
-
(မြန်မာဘာသာ မရှိသေးပါ ။ ဆောင်ရွက်ဆဲဖြစ်ပါသည် ။)

ထို့နောက် ၊ မိမိ ဖုန်းနံပါတ် သို့မဟုတ် ကတ် နံပါတ် ရွေးချယ်ရပါမည် ။ လက်ကျန်ငွေဖြည့်ရန် (1 ) ကိုသာနှိပ်ပါ ။ ၄င်းနောက်-
မိမိဖုန်းနံပါတ် နှင့် စတား (*)ကိုနှိပ်ပါ ။ မိမိဖုန်း လျှို့ဝှက်နံပါတ် ၄ လုံးကိုနှိပ်ရပါမည် ။ [များသောအားဖြင့် ၊ ဖုန်းနံပါတ် နောက်ဆုံး ၄ လုံး ။]

နောက်တစ်ဆင့်မှာ ၊ မိမိ ဆောင်ရွက်လိုသည့်ကိစ္စ ကိုရွေးချယ်ရန်ဖြစ်ပါသည် ။ လက်ကျန်စစ်လိုပါက (1) နှိပ်ရန် ဖြစ်ပြီး ၊ ကတ်ဖြည့်လိုပါက(2) ကိုနှိပ်ရပါမည် ။ [ကတ်ဖြည့်ရန် (2)ကိုသာနှိပ်ပါ ။]

(2)ကိုနှိပ်ပြီးနောက် ၊ ကတ်နံပါတ် နှင့် စတား (*) ကိုနှိပ်ရပါမည် ။ ထို့နောက် ကတ်နံပါတ် နောက်ဆုံး ၄ လုံးကို နှိပ်ရပါမည် ။

နောက်ဆုံး ၊ မိမိဆောင်ရွက်ချက်များနှင့် ဖြစ်စဉ်ကို ဆားဗစ်ဆင်တာမှ အလိုအလျောက် ပြန်လည် ပြောပြပါလိမ့်မည် ။
လူကြီးမင်း၏ ဖုန်းစာရင်းသို့ ကြိုတင်ငွေ ၁ သောင်းဖြည့် သွင်းပြီးကြောင်း မက်ဆေ့ဂ်ျ ရောက်လာပါလိမ့်မည် ။
ဤ တွင် အိုင်းစ် (SK-Eyes) ကတ်ဖြည့်သွင်းခြင်း ပြီးဆုံးပါသည် ။


မှတ်ချက်-
ဖုန်းတိုင်းတွင် ကိုယ်ပိုင် ဘဏ်စာရင်းအမှတ်များရှိပါသည် ။ ကြိုတင်ငွေကို ကတ်ဝယ်ယူဖြည့်သွင်းနည်းဖြင့် မဟုတ်ဘဲ ၊ သက်ဆိုင်ရာ ဘဏ်စာရင်းသို့ အရိုးရှင်းဆုံးနည်းဖြင့်လည်း တိုက်ရိုက် ဖြည့်သွင်းနိုင်ပါသေးသည် ။
ထို့ပြင် လစဉ် ပုံမှန် သို့မဟုတ် ကတ်တွင် လက်ကျန်ငွေ ကုန်တိုင်း အလိုအလျောက်ဖြည့်သွင်းနည်းများဖြင့်လည်း ဖြည့်သွင်းနိုင်ပါသေးသည် ။
စိတ်ပါဝင်စားသူများ မေးမြန်းနိုင်ပါသည် ။

အားလုံးအဆင်ပြေကြပါစေ ။
တယ်လီတော်ကီ
၂၀၁၂ ၊ နိုဝင်္ဘာလ ၂၃ ရက်
အင်ချောန်းမြို့

Saturday, 13 October 2012

ငယ်ငယ်သေးသေးကြိုက်သူများအတွက် ဂလက်ဆီအက်စ်-၃ အသေးလေး(Galaxy S III mini)လာမည်

အောက်တိုဘာ၁၂ ၊ ဆောအူးလ်


Samsung Electronic က Galaxy S III စမတ်ဖုန်းအသေးစား (Galaxy S III mini) ကို လွန်ခဲ့သည့် ကြာသပတေးနေ့က ဂျာမနီနိုင်ငံတွင် မိတ်ဆက် ပြသလိုက်ပြီ ဖြစ်သည်။ ၄င်းမီနီဖုန်းလေးသည် HD ရုပ်ထွက် အရည်အသွေးရှိသော Touch-screen ဖြစ်သည်။ Screen အရွယ်အစားမှာ (၄)လက်မဖြစ်ရာ ၊ Galaxy S IIIထက် အရွယ်အစား သိသာစွာ သေးငယ်သွားသည်။

ထို့အပြင် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များမှာလည်း Galaxy S IIIထက် နိမ့်ချထားသည်။ Screen၏ Resolutionမှာ 800x480သာ ရှိပြီး Galaxy S IIIတွင်မူ 1280X720 ဖြစ်ကြောင်း ၊ ကင်မရာသည် Galaxy S IIIတွင် 8mp ရှိသော်လည်း miniတွင်မူ 5mpအဆင့်သာ တပ်ဆင်ထားကြောင်း ၊ Galaxy S III၏ မြန်နှုန်းမြင့် Dual-Core 1.5GHz Processorအစား miniတွင် 1GHz မြန်နှုန်းသို့ အဆင့်နှိမ့်ထားကြောင်း နှင့် mini၏ Screenသည် Appleမှ ထုတ်လုပ်သော iPhone 5နှင့် အရွယ်အစား တူညီကြောင်းလည်း သိရသည်။

"ခုလို miniဖုန်း ထုတ်ရတာက ဝယ်ယူသူတွေ အနေနဲ့ ပိုပြီး ရွေးချယ်ခွင့် ရှိစေချင်လို့ပါ"ဟု Samsungက ပြောကြားခဲ့သည်။

အဆိုပါ မီနီဖုန်းကို လာမည့်ခရစ်စမတ်အမှီ ရောင်းချသွားမည်ဟု ယူဆရကြောင်းနှင့် ရောင်းဈေးမှာ ဒေါ်လာ ၃၅၀ နှင့် ၄၃၀ အကြားဖြစ်မည်ဟု Zeebiz Bureau ခန့်မှန်းထားပါသည် ။

သို့ရာတွင် ၊ ကိုရီးယားနိုင်ငံတွင်း ဖုန်းဈေးကွက်ကို ဆက်သွယ်ရေးလုပ်ငန်းကြီး ၃ ခုက အပိုင်စီးထားပြီး ဈေးနှုန်းကိုလည်း ညှိနှိုင်းရောင်းချနေကြခြင်း ၊ ဖုန်း(Handset)ကို အလွတ်ရောင်းချပေးခြင်းမရှိဘဲ လိုင်း(ပြောခ)နှင့်တွဲဖက်ပြီးရောင်းချနေခြင်း စသည့်ဓလေ့ ကြီးစိုးနေသဖြင့် အဆိုပါ ဈေးနှုန်းဖြင့် ပြည်တွင်း(ကိုရီးယား)ဈေးကွက် တွင် ရရှိနိုင်ဖွယ်မရှိဟု ထင်မြင်ကြောင်း တယ်လီတော်ကီက ခန့်မှန်းပြောဆိုပါသည် ။


သတင်းအခြေအမြစ်များ-
1. http://www.youtube.com/watch?v=c8U1JD3ukew
2. http://zeenews.india.com/business/gadgets/gadgets-news/samsung-galaxy-s3-mini-unveiled-may-be-priced-at-350_62147.html
3. http://www.planet.com.mm/news/read.cfm/id/20074

Friday, 21 September 2012

iPhone 5 မြန်မာနိုင်ငံတွင်အသုံးပြုရန် အဆင်မပြေသေး

ရန်ကုန် ၊ စက်င်္ဘာ ၁၉
တစ်ကမ္ဘာလုံး၏ စိတ်ဝင်စားမှုနှင့် အသုံးပြုမှုအများဆုံးဖုန်းတစ်လုံးဖြစ်သည့် iPhone 5 ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် အဆင်မပြေမှုများရှိနေကြောင်း iPhone 5 ကြိုတင်မှာယူနိုင်ခြင်းကို လက်ခံသည့်ဆိုင်များ၏ တာဝန်ရှိသူများကဆိုသည် ။
''ကျွန်တော်တို့မြန်မာက ဖုန်းကတ်ကို Nano (ပုံမှန်ထက်အရွယ်အစားများစွာ သေးငယ်သော) အထိဖြစ်အောင်ဖြတ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ အထူအပါးမှာ ပြဿနာဖြစ်တာပါပဲ။ မြန်မာနိုင်ငံ က ဖုန်းကတ်တွေက ပုံမှန်ဖုန်းကတ်တွေဆိုတော့ Nano SIM ထက်ပိုထူတယ်''ဟု iPhone 5 ကို ကြိုတင်မှာယူနိုင်သည့် NEO TECH ကွန်ပျူတာဆိုင် အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်စွာဦးက ဆိုသည်။

အဆိုပါ Nano SIM Card ၏ဆိုက်မှာ 6x5 mm ရှိပြီး အထူမှာ 0.67mm ရှိကြောင်း၊ ယခင်ဖုန်းကတ်များ၏ အထူမှာ ဝ.၇၆ ရှိကြောင်း အိုင်တီကျွမ်းကျင်သူ ဦးဖိုးခွားကပြောကြားသည်။
သို့ရာတွင် ယင်းကိစ္စအတွက်အဆင်ပြေစေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် ကတ်ကို ပလတ်စတစ်ဘက်မှ ပါးကြည့်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့်ပြည်ပမှ Nano SIM Card ကိုမှာယူကာကတ်ပွားကြည့်မည်ဖြစ်ကြောင်း ဦးကျော်စွာဦးက ဆိုသည်။
''၁၅ သိန်းတန် SIM Card ကကြေးပြားကြီးတော့ အဆင်ပြေမယ်မထင်ဘူး။ ဒါပေမဲ့ နှစ်သိန်း၊ နှစ်သိန်းခွဲနဲ့ ငါးသိန်းဖုန်းတွေကျတော့ အဆင်ပြေမယ်ထင်တယ်။ မှာထားတဲ့သူတွေကတော့ ၁ဝ ယောက်လောက်ရှိပြီ'' ဟု iPhone 5 Pre Order လက်ခံဆောင်ရွက်ပေးနေသည့် Golden Dragon တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်း iPhone 5 ကိုကြိုတင်မှာယူသူများအနေဖြင့် ရမည် ၊ မရမည်ကို မသိသေးသော်လည်း ရအောင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း Golden Dragon တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်း iPhone 5 များကို ကြိုတင်အမှာစနစ်ဖြင့် မှာယူနိုင်ပြီး ပြည်တွင်း၌ ဈေးနှုန်းမှာ ကျပ် ခုနစ်သိန်းခွဲမှ ၁ဝ သိန်းဝန်းကျင်အထိရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Sunday, 13 May 2012

လိုင်းပြောင်း (Number Transfer) လျှောက်ထားကြသည့် မိတ်ဆွေများသို့ အသိပေးချက်

လိုင်းပြောင်း (Number Transfer) လျှောက်ထားကြသည့် မိတ်ဆွေများသို့ အသိပေးချက်

ကိုရီးယားတွင် ဆက်သွယ်ရေးလိုင်းကြီး ၃ခုရှိရာမှာ ၊ မူလအသုံးပြုနေသည့်နံပါတ်အတိုင်း ၊ မူလ ဆက်သွယ်ရေးလိုင်း တစ်ခုမှအခြားလိုင်းတစ်ခုသို့ ပြောင်းရွှေ့လျှောက်ထားခွင့်ရှိပါသည် ။ ထို့သို့လိုင်းပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များ မပျက်မကွက် (မပျက်မကွက်) ဆောင်ရွက် /တင်ပြရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်-
- မူလလိုင်းမှ ဖုန်းဘီလ်လက်ကျန်များ ရှင်းလင်းပြီးဖြစ်ရပါမည် ။
- မူလဖုန်း(လိုင်းမပြောင်းမှီဖုန်းဟောင်း)၏ မော်ဒယ်အမည်(Model Name)နှင့် စီရီယယ်နံပါတ်(Serial Number) တင်ပြနိုင်ရမည် ။
မှတ်ချက် -
- ၄င်း မော်ဒယ် အမည် နှင့် စီရီယယ် နံပါတ် မသိသူများ ဖုန်းပျောက်တိုင်ကြားချက်ဖြင့် ၊ ယခင်ဖုန်းနံပါတ်အတိုင်း ပြန်လည်ရယူနိုင်ပါသည် ။
- ဖုန်းပျောက်တိုင်ကြားလျင် သက်ဆိုင်ရာရဲစခန်းမှ ဖုန်းပျောက်တိုင်ကြားချက် လက်ခံထားကြောင်း ထောက်ခံချက်တင်ပြရပါမည် ။


လေးစားမှုဖြင့်-

တယ်လီတော်ကီ
၂၀၁၂ ခုနှစ် မေလ ၁၄ ရက်

Saturday, 7 April 2012

First Myanmar Browser ဖြင့် မြန်မာစာရေးနိုင်ဖတ်နိုင်ပါပြီ


စမတ် ညီအစ်ကိုများခင်ဗျာ

Zawgyi font ခင်းမရလို့ မြန်မာ အင်တာနက်စာမျက်နှာများ ဖတ်မရတဲ့ ပြဿနာ ရှိနေပါတယ်ဆိုလျင် ၊ ညီအစ်ကိုတို့ရဲ့ စမတ်ဖုန်းများကို Root လုပ်ဖို့မလိုဘဲ ၊ First Myanmar Browser Software ပရိုဂရမ်ကို အခမဲ့ ဆွဲချခင်း(Free Down Load and Install) လိုက်ပါက ၊ ညီအစ်ကိုတို့ရဲ့ စမတ်ဖုန်းများဖြင့် မြန်မာစာရေးနိုင် ဖတ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ။

ပရိုဂရမ် ဆွဲချယူရန် (Click Here)

1stmm Browser (First Myanmar Browser) အကြောင်းလေ့လာဖတ်ရှုရန် (Click Here)


အားလုံးအဆင်ပြေကြပါစေကြောင်း မေတ္တာဖြင့် -
မစ္စတာ တီတီ




Ref:
1. https://play.google.com/store/apps/details?id=org.firstmm.browser
2. https://www.facebook.com/pages/1st-Myanmar-Android-Browser/352311588118092
3. http://www.filestube.com/m/myanmarmobileapp+com
4. http://www.firstload.com/?uniq=6284f8052697e926&log=47382&fn=1stmm+browser.
5. http://www.fileshut.com/download/pRbVv09V/1stmm_browser_by_www.myanmarmobileapp.com.apk.html
6. http://1stmm.net/

Friday, 13 January 2012

၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ MD ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း

ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။
Q:၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ် ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လိုဖြေရှင်းပေးနိုင်ပါမလဲ။

A:ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ခ်ျလမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ ဒီပရိုပိုဆယ်ကို တင်ထားကတည်းက ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ အဲဒါကြောင့်မလို့ ပြည်သူကို အသိပေးလိုက်တာပါ။


Q:ပရိုပိုဆယ်လ်ကို ဘယ်အချိန်က တင်ခဲ့တာပါလဲ၊ရွှေပြည်တံခွန်လိုပဲ ဒီဖုန်းကိစ္စကို ပရိုပိုဆယ်လ်တင်ထားတဲ့တခြား ပုဂ္ဂလိက လုပ်ငန်းရှင်ရော ရှိပါသေးသလား

A:ပရိုပိုဆယ်လ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တာပါ၊ တခြား လုပ်ငန်းရှင်တွေ တင်မတင်တော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ တင်တယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့က ငါးထောင်ရောင်းနိုင်ရင် သုံးထောင်၊ နှစ်ထောင်နဲ့ ရောင်းနိုင်မဲ့သူမျိုးရှိရင် ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ချင်တဲ့ လုပ်ငန်းရှင်များ ရှိရင်လည်း ကျွန်တော်တို့နဲ့ လာဆွေးနွေးနိုင်ပါတယ်။

Q:ဂျီအက်စ်အမ်ဖုန်းတွေကို မြန်မာငွေ ငါးထောင်လောက်နဲ့ခြောက်လအတွင်း စရောင်းပေးမယ်ဆိုတော့ လိုအပ်တဲ့အခြေခံလိုအပ်ချက်တွေ အဆောက်အဦးတွေကိုရောဘယ်လိုစီစဉ်ထားပါသလဲ။


A:အခြေခံအဆောက်အဦးတစ်ခု၊ Infrastructure တစ်ခု တည်ဆောက်ရတာ ဘယ်လိုအခြေအနေမျိုးမဆို လေးငါးနှစ် ဆောက်ရမလား၊ နှစ် ၂၀ စီမံကိန်းနဲ့ သွားရမလားလို့ စဉ်းစားကြမြဲပါ။ တကယ်က အဲလောက် မလိုပါဘူး။ လိုအပ်တဲ့ တာဝါတွေကို ခွင့်ပြုချက်ရတာနဲ့ သုံးလနဲ့ ခြောက်လအတွင်းမှာ ပြီးအောင် ဆောက်လို့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။


Q:အခု ငါးသိန်းဖုန်းတွေမှာတောင် လိုင်းကျပ်တဲ့ပြဿနာတွေရှိနေတော့ တကယ်လို့ ဖုန်းတွေများလာရင်အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။


A:လိုင်းကျပ်တယ်ဆိုတဲ့ ပြဿနာက အင်မတန်သေးငယ်တဲ့ ပြဿနာပါ။ အဲဒါက အသုံးပြုတဲ့ Band Width အပေါ်မူတည်ပါတယ်။ နည်းပညာပဲလိုအပ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းပညာတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။


Q:ဖြေရှင်းနိုင်တဲနည်းပညာတွေထဲက ပညာရပ်အသုံးအနှုန်းနဲ့မဟုတ်ဘဲနဲ့ လူအများစုနားလည်နိုင်မဲ့ ဖြေရှင်းနည်း တစ်ခုကိုဥပမာ ပြောပြလို့ရနိုင်မလား။


A:ဥပမာပြောရရင် ဖုန်းလိုင်း ငါးလိုင်း သုံးခွင့်ပြုထားတယ်။ ကျွန်တော်က လေးလိုင်းပဲ သုံးမယ် တစ်လိုင်းကို emergency အတွက်ထားမယ်ဆိုရင် လိုင်းကျပ်တဲ့ ပြဿနာမရှိနိုင်ပါဘူး။ ငါးလိုင်း သုံးရမဲ့နေရာမှာ ခြောက်လိုင်း သုံးရင်၊ ထပ်ပွားရင်တော့ လိုင်းကျပ်တဲ့ ပြဿနာက ရှိနေမှာပါပဲ။ ငါးလိုင်း သုံးရမှာကို ငါးလိုင်းပဲ သုံးမယ်၊ ထပ်မပွားဘူး၊ ကွာလတီကို ထိန်းထားမယ်ဆိုရင် ပြဿနာမရှိပါဘူး။


Q:မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလဲ ငါးသိန်းထက်လျှော့တဲ့ မိုဘိုင်းဖုန်း သန်းသုံးဆယ် ငါးနှစ် စီမံကိန်းကိုအကောင်အထည်ဖော်နေပါတယ်။ ခု ရွှေပြည်တံခွန်က လုပ်တဲ့ငါးထောင်တန် ဖုန်းကိစ္စကရော မြန်မာ့ ဆက်သွယ်ရေးနဲ့လုပ်ဆောင်မှာပါလား။


A:မဟုတ်ပါဘူး။ ကျွန်တော်တို့က ပုဂ္ဂလိက သတ်သတ် လုပ်မှာပါ။ နိုင်ငံတော် သမ္မတရဲ့ ပရိုင်းဗိတ်၊ ပတ်ဗလစ်၊ ပါတနာရှစ် ဆိုတဲ့ 3 Ps ကို တဘက်တလမ်းက ပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့ရဲ့ ငါးထောင်တန်ဖုန်းကိစ္စဟာ မြန်မာ့ ဆက်သွယ်ရေးနဲ့ မဆိုင်ပါဘူး။


Q:ခွင့်ပြုချက်ရခဲ့ရင် ဖုန်းအလုံးအရေအတွက် ဘယ်လောက်နဲ့စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားပါသလဲ။ ဘယ်ဒေသတွေမှာအရင်ရောင်းချမှာပါလဲ။


A:ကျွန်တော်တို့ Sim Card တစ်သန်း စရောင်းပါ့မယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ပထမဦးစားပေး အရင်ဆုံးရောင်းချပါ့မယ်။ ဘာကြောင့်လဲ ဆိုတော့ ဧရာဝတီတိုင်းဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ စပါးကျီပါ။ အဲဒီဒေသက လူတွေ တိုးတက်ဖို့လိုတယ်။ ခုဆိုရင် အင်ဖော်မေးရှင်း စီးဆင်းမှု နှေးကွေးတဲ့အတွက် တကယ်အလုပ်လုပ်သူတွေ၊ ထုတ်လုပ်သူတွေက နစ်နာနေရတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်း တကယ်ထုတ်လုပ်သူတွေက မရဘူး၊ ပွဲစားကုန်သယ် ကြားခံအဆင့်ဆင့်ကြောင့်မလို့ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေ မရဘူးဖြစ်နေတယ်။ သူတို့မှာသာ ဖုန်းရှိရင် ဆက်သွယ်ရေးလွယ်ကူသွားမယ်ဆိုရင် ဒီကိစ္စတွေနဲသွားမယ်။ ကျွန်တော်တို့ရဲ့ စပါးကျီဒေသက လူတွေ တိုးတက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ထမင်းဝမှာပဲ။


Q:အခု အနည်းဆုံး မြန်မာငွေ ငါးသိန်းပေးမှ ရနိုင်တဲ့ဂျီအက်စ်အမ်ဖုန်းတွေကို ငွေ ငါးထောင်ထဲနဲ့ရောင်းမယ်ဆိုတော့ ရွှေပြည်တံခွန်အနေနဲ့ စီးပွားရေးအရတွက်ခြေကိုက်မှုရော ရှိပါရဲ့လား။


A:ဒီဖုန်းတွေရဲ့ တန်ဖိုးက ဒီလောက်နဲ့ရောင်းလို့ရလို့ ရောင်းတာပါ။ တကယ်ရောင်းနိုင်လို့ ရောင်းတာပါ။ ကျွန်တော်တို့က ထူးပြီး လုပ်ပေးရတာမရှိပါဘူး။ ဆင်းရဲမွဲတေမှု လျှော့တယ်ဆိုတာ လူတွေကို ပိုက်ဆံပေးလို့ ကောင်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေမှာ ဒီဆက်သွယ်ရေးလေး တစ်ခုလွယ်ကူအဆင်ပြေသွားမယ်ဆိုရင် သူ့အပေါ်က ရလာမဲ့အကျိုးကျေးဇူးက အများကြီးပဲ။ အဲဒါကိုလဲ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံ့အကြီးအကဲတွေက သိတယ်။ အဲဒါကြောင့် လမ်းဖောက်ပေးတယ်။ ဘာကြောင့် ကျွန်တော်တို့က ရဲရဲမလျှောက်ရမှာလဲ။ အမှန်တကယ်က ငါးထောင်ဆိုတာတောင် များတယ်။ အလကားပေးသင့်တာ။ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို အစိတ်ဆိုတာကလဲ များတယ်။ နိုင်ငံတကာမှာ လေးကျပ်ခွဲ ငါးကျပ်လောက်ပဲ ရှိတာ။ ဒါတွေက ကျွန်တော်တို့ ပြည်သူတွေ အားလုံးခံစားရမဲ့ အခွင့်အရေးတွေပါပဲ၊ ကျွန်တော်တို့ ထူးပြီး လုပ်ပေးရတာမရှိဘူး။ ကျွန်တော်တို့ ပြောချင်တာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ဖူး၊ စားစရာလည်း မဟုတ်ဖူး၊ လူတိုင်းလူတိုင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ လိုအပ်တဲ့အရာ၊ ကြားခံပစ္စည်းတစ်ခုပဲ။


Q:အခု ရွှေပြည်တံခွန်က နိုင်ငံတော် သမ္မတရုံးကိုပရိုပိုဆယ်လ်တင်ထားတုန်း အဆင့်ပဲ ရှိသေးတယ်။ ခွင့်ပြုမယ်မပြုဘူး မသိရသေးဘဲနဲ့ လူထုကို အသိပေးလိုက်တဲ့အပေါ်မှာရောဘယ်လိုသဘောထားနဲ့ အသိပေးလိုက်တာပါလဲ။ လိုအပ်တဲ့ Infrastructureတွေက အသင့်ဖြစ်ပါပြီလား။


A:အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတယ်ဆိုတာ ပြည်သူကို အသိပေးတာပါ။ ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ ဒီနေ့ ခွင့်ပြုရင် မနက်ဖြန်စလုပ်မယ်။ စမယ်ဆိုတာနဲ့ ဘယ်လို စလုပ်မယ်ဆိုတာ Master Plan ရှိပါတယ်။ ခုချိန်မှာတော့ ပြောဖို့ စောနေပါတယ်။ တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။


Q:ကနဦးပေးသွင်းရမှာက မြန်မာငွေကျပ် ငါးထောင်၊ ဖုန်းခေါ်ဆိုခက၂၅-၃၀ ဆိုတော့ အင်တာနက် အသုံးပြုခကရော ဘယ်လိုပေးဆောင်ရမှာပါလဲ။ အင်တာနက် အသုံးပြုဖို့ကိုသီးသန့်ထပ်ပေးဖို့ လိုပါသလား။


A:အင်တာနက် အသုံးပြုခက လုပ်ခွင့်ရတာနဲ့ ထပ်ထုတ်ပြန်ပါ့မယ်။ အသေးစိတ်ထုတ်ပြန်ပါ့မယ်။ အင်တာနက် ဆားဗစ်အတွက် ထပ်ပြီး ထည့်ဖို့မလိုပါဘူး။ အဲဒါကျတော့ လူလည်ကျလွန်းရာ ကျနေပါတယ်။ ဥပမာပြောရရင် ကားဝယ်တာ ဘီးပါလား၊ စီယာတိုင်ပါလားလို့ မေးနေတာနဲ့ တူနေတယ်။ ဖုန်းဝယ်ပါပြီဆိုမှ အင်တာနက်ဆားဗစ်လည်း တစ်ပြိုင်တည်းပါပါတယ်။ 3G ဆိုပြီးတော့ အင်တာနက်ထပ်သုံးရင် ဘယ်လောက် ထပ်ဖြည့်ရမယ်ဆိုတာကျတော့ ကျွန်တ်ာတို့ မလုပ် ပါဘူး။


Q:မြန်မာငွေကျပ် ငါးထောင်နဲ့ ဂျီအက်စ်အမ်ဆင်းကဒ်ဝယ်လို့ရတယ်ဆိုတဲ့ သတင်းအပေါ် မယုံမရဲဖြစ်နေကြတဲ့ပြည်သူတွေကို ရွှေပြည်တံခွန်အနေနဲ့ ဘာများ ထပ်ဖြည့်ပြောချင်ပါသလဲ။


A:ဒီအခွင့်အရေးဟာ ပြည်သူတိုင်းရရမဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်တို့က Magician တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖုန်းတစ်လုံးကို ငွေအနည်းငယ်နဲ့ အလွယ်တကူပိုင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဖုန်းတလုံးရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီအတွက် ကျွန်တော်တို့ ကုမ္ပဏီက ထူးပြီးလုပ်ပေးရတာလဲ မရှိပါဘူး။ ဒီလုပ်ငန်းကို လုပ်ခွင့်ရရင် လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမှာပါ။ နယ်စပ်ဒေသတွေမှာ ဆိုရင် လူတွေက တစ်ဘက်နိုင်ငံက ဖုန်းတွေကို သုံးကြပါတယ်။ အဲဒါ ဘာဖြစ်တယ်လို့ ကျွန်တော်ခံစားရလဲ ဆိုတော့ ကျွန်တော်တို့ နယ်ချဲ့ခံနေရတယ်လို့ ခံစားရတာ။ ကျွန်နော်တို့ ပိုင်နက်ထဲမှာ၊ ကျွန်တော်တို့ သွေးချင်းတွေက သူများနိုင်ငံက ဖုန်းကို သုံးပြီးတော့ သူများနိုင်ငံကို ဖုန်းဖိုးပေးနေရတယ်။ အဲဒါကို ကျွန်တော် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံထဲမှာ ကျွန်တော်တို့က ထုတ်တဲ့ဖုန်းတွေပဲ သုံးနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ နိုင်ငံတော် သမ္မတကြီးကလဲ ဆင်းရဲမွဲတေမှု ပပျောက်ဖို့လိုတယ်။ လူနေမှု အဆင့်အတန်းမြင့်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီစကားကို ကျွန်တော်တို့ ဦးထိပ်ထားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ ၀င်ငွေနဲပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေ အတွက် ဆက်သွယ်ရေးမြန်ဆန်လွယ်ကူဖို့ ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပါ့မယ်။

ဟုတ်ကဲ့။ ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Resources:
- http://www.mmtimes.com/2012/tech/609/index.html
- http://motherland-2009.blogspot.com/2012/01/md.html
- http://teletalki.blogspot.com/2012/01/md.html

Thursday, 12 January 2012

၅၀၀၀ တန် ဆင်းမ်ကဒ် ရောင်းချမည်ဆိုခြင်းမှာ ဥပဒေ အရရော၊ နည်းပညာအရပါ မဖြစ်နိုင်

ရန်ကုန်၊ ဇန်နဝါရီလ ၉ ရက်။

အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောပါတယ်။

တနင်္လာနေ့ မွန်လွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။

“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်းတို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။
သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၎င်းတို့နဲ့ ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်လို့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက် ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ကြောင်း စသဖြင့် နည်းပညာအရ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးပါတယ်။

ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချပေးပြီး မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃၀ ကျပ်နဲ့ GSM ဖုန်းတွေ ရောင်းချပေးနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက ကြိုးစားနေတဲ့အကြောင်း အခုလ ဇန်နဝါရီ ၃ ရက်က သတင်း ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကို လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်လို့ လက်ရှိ အခြေအနေမှာ လုပ်ကိုင်ခွင့် မရသေးဘူးလို့လည်း ဆိုတယ်။ အခုလို တကယ် လုပ်ကိုင်ခွင့်မရသေးဘဲ သတင်း ထုတ်ပြန်မှုမျိုးတွေ ဆက်လုပ်ကြမယ်ဆိုရင် ပြည်သူလူထုအတွက် အခက်တွေ့နိုင်ကြောင်း အွန်လိုင်း Developer တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ရတနာပုံ သတင်း
Sources:
- http://www.searchmyanmar.com/link/frame/cid/5858
-

Wednesday, 14 December 2011

မိတ်ဆက်ပြသခဲ့သည့် တရုတ်ဖုန်းများ လူကြိုက်များ

ယခုလ ပထမပတ် အတွင်း ကျင်းပပြု လုပ်ခဲ့သော တရုတ်ကွမ် တုံ ကုန်စည်ပြပွဲတွင် မိတ်ဆက် ပြသရောင်း ချပေးခဲ့သော အရည် အသွေးမြင့် တရုတ်ဖုန်းများကို လူ ကြိုက်များခဲ့ကြောင်း လာရောက်ပြ သည့် Longtron ကုမ္ပဏီမှ သိရသည်။ မိတ်ဆက်ပြ သထားသည့် ဖုန်း များအား ကုန်စည်ပြပွဲ လာရောက် သူများ၏ သဘောထားနှင့် ပတ် သက်၍ Longtron ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက “ကျွန်တော်တို့ ဒီပွဲ မှာပြသဖို့ ဖုန်း၊ ကွန်ပျူတာနဲ့ အခြား ပစ္စည်းတွေယူလာခဲ့ပါတယ်။ မြန်မာ နိုင်ငံက ဈေးကွက်နဲ့ သင့်တော်မယ့် ဖုန်း ၈ မျိုးကို ရွေးချယ်ယူလာခဲ့ပါ တယ်။ လာရောက်ကြည့်ရှုသူတွေ ကလည်း ကြိုက်နှစ်သက်ပြီး ကြို ဆိုခဲ့ကြတဲ့အတွက် ဖုန်းအားလုံး ရောင်းရခဲ့ပါတယ်။
ကျွန်တော်တို့ ဘက်ကလည်း အခုလာရောက်ပြသ တဲ့ဖုန်းတွေကို ဖြန့်ချိပေးမယ့်သူ တွေကို ကြိုဆိုပါတယ်။ တင်သွင်း ဖြန့်ချိဖို့ လာရောက်မေးမြန်းတဲ့သူ တွေလည်းရှိပါတယ်” ဟုပြောသည်။ Longtron ကုမ္ပဏီမှ မိတ်ဆက် ပြသခဲ့သည့် ဟန်းဆက် ၈ မျိုးမှာ TV Smart Mobile Phone များဖြစ်သည့် LP-A005S နှင့် LP-A008S Model, SIM card ၂ကတ်ဖြင့် အသုံးပြုနိုင်သည့် TV Mobile Phone ဖြစ်သည့် LP-K002 Model , SIM card ၂ မျိုးအသုံးပြုနိုင် သည့် LP-J102, LP-J103, LP-J104 Model , SIM card ၃ ကတ် အထိ အသုံးပြုနိုင်သော LP-K001 နှင့် LPJ105 Model များဖြစ်သည်။

မေမြသူ

Tuesday, 13 December 2011

ဂျပန်နှင့် အာဆီယံနိုင်ငံများမှ GSM ဖုန်းများ ပြည်တွင်း၌ အသုံးပြုနိုင်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ-၁၂
အာဆီယံနိုင်ငံဆယ်နိုင်ငံအပါအ၀င် ဂျပန်နိုင်ငံမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဌာနမှသတင်းရရှိသည်။

အဆိုပါ နိုင်ငံ ၁၁ နိုင်ငံမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာပြီး အသုံးပြုနိုင်မည့်စနစ်ကို Mobile Inbound System ဟုခေါ်ဆိုပြီး ယင်းဖုန်းများကို သယ်ဆောင်အသုံးပြုမည့်သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ သတ်မှတ်ထားသော (နိုင်ငံတကာသို့သယ်ဆောင်အသုံးပြုသည့်အတွက်ကျသင့်သည့် တယ်လီဖုန်းဘီလ်) ဖုန်းဘီလ်များကို ပေးဆောင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ အာဆီယံနှင့် ဂျပန်နိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည့် Outbound System ကိုမူ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်တော့မည်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင်မူ ယင်းဝန်ဆောင်မှုအတွက် လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အထက်ပါလုပ်ငန်း၏ တာဝန်ရှိသူက 7 Day News သို့ပြောသည်။
အထက်ပါကဲ့သို့ မြန်မာနိုင်ငံမှ အာဆီယံနိုင်ငံများနှင့် အခြားသောနိုင်ငံများသို့ ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်းများကို သယ်ဆောင်သွားကာအသုံးပြုနိုင်မည့် Outbound System ကို အသုံးပြုနိုင်မည်ဆိုပါက ဖုန်းဘေလ်များမှာ လက်ရှိပြည်တွင်းခေါ်ဆိုမှုများအတွက်သာ သက်မှတ်ထားသော နှုန်းထားများနှင့်မတူညီပဲ ပိုမိုများပြားသွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် စတင်အသုံးပြု နိုင်နေပြီဖြစ်သည့် အာဆီယံအပါအ၀င် ဂျပန်နိုင်ငံမှ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို Inbound System သည် ယခုလ ပထမပတ် အတွင်းမှစတင်ကာ နေပြည်တော်ခရိုင်တွင်ပြုလုပ်ခဲ့သည့် အာဆီယံဆက်သွယ်ရေးဝန်ကြီးများ အစည်းအဝေးမှ စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်။

Ref:
- 7 Days News
- http://doctorsatephwar.blogspot.com/2011/12/gsm.html
-

Saturday, 3 December 2011

Apple Product ဝယ်ယူသူများ Jailbreak ပြုလုပ်ခြင်းကို အားပေးခြင်း မရှိဟုဆို

Apple Product ဝယ်ယူသူများ အနေဖြင့် jailbreak ပြုလုပ်ခြင်းကို အားမပေးကြောင်း ပြည်တွင်း ရှိ Apple ပစ္စည်း အရောင်းဆိုင် များမှNetGuide Journal သို့ ပြောကြားသည်။ ပြည်တွင်း Apple ဈေးကွက် အတွင်း Apple Product ဝယ်ယူသူ များအနေဖြင့် jailbreak ပြုလုပ်ခြင်း ကို အလေ့အထ တစ်ခု အနေဖြင့် ပြုလုပ်နေကြပြီး jailbreak ပြုလုပ် ထားသည့် Apple Product များသာ လျှင် ပြည်တွင်းGSM ကတ် ထည့် သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။
jail break ပြုလုပ်ခြင်းကို အား မပေးခြင်းနှင့် ပတ်သက်၍ i-TAB Apple ပစ္စည်း အရောင်းဆိုင်မှ Director ဖြစ်သူ ဒေါ်ခင်ယွန်းယွန်း က ကျွန်မတို့ ဆိုင်အနေနဲ့ jailbreak ပြုလုပ်တာကို အားမပေးဘူး ဆိုတာကApple က ချမှတ်ထားတဲ့ စည်းကမ်းနဲ့ မကိုက်ညီလို့ပါ။Apple user တွေအနေနဲ့Apple ရဲ့ user တွေ အပေါ် ချမှတ်ထားတဲ့ စည်းကမ်း တွေကို သေချာလေ့လာပြီး အသုံး ပြုမယ်ဆိုရင် ကိုယ်ဝယ်ယူထား တဲ့ Apple ပစ္စည်းတွေလည်း ကြာ ရှည်ခံမှာပါ။
ပြည်တွင်းမှာ အသုံး ပြုနေကြတဲ့ Apple user တွေထဲမှာ jailbreak ပြုလုပ်တာကလည်း ခေတ်စားနေပါတယ်။ Apple user တွေကို Apple စည်းကမ်းနဲ့ ကိုက် ညီအောင်လို့ ကျွန်မတို့ဆိုင်အနေနဲ့ Apple user ကို ဝယ်ယူပြီး ကာလ အစကနေ တစ်နှစ်အတွင်း လုံးဝ jailbreak လုပ်မပေးပါဘူး။ jailbreak မလုပ်တဲ့အတွက် User အနေနဲ့ jailbreak လုပ်သူတွေလိုပဲ အသုံး ပြုနိုင်အောင် i-TAB ကနေ အထူးဝန် ဆောင်မှုတွေ ပြုလုပ်ပေးနေပါ တယ်ဟု ပြောကြားသည်။

Jailbreak ပြုလုပ်ခြင်းနှင့် ပတ် သက်၍i-MAC Apple အရောင်းဆိုင် မှ ကိုတင်ထွဋ်က ပြည်တွင်းမှာ Jailbreak လုပ်ကြတယ် ဆိုတာက Official lock product ဝယ်တဲ့သူဆိုရင် jailbreak လုပ်ပြီး lock ဖြည်ပြီးမှ GSM အသုံးပြုနိုင်ပါတယ်။jailbreak မလုပ်ဘူးဆိုရင် Apple Product က သတ်မှတ်ထားတဲ့ ကတ်ကိုပဲ သုံး ခွင့်ရှိပါတယ်။ နောက်ပြီး jailbreak မလုပ်ဘူးဆိုရင် တချို့ဂိမ်းတွေက ငွေပေးပြီး ဝယ်ဆော့ရတာ ရှိပါ တယ်။

ဂိမ်းများများ ဆော့ချင်တဲ့ သူတွေ ဖုန်းအဖြစ် အသုံးပြုချင် သူတွေ Apple user တွေ များလာလို့ jailbreak လုပ်တဲ့သူတွေ များလာ တာပါ၊ Appleစည်းကမ်းမှာတော့ jailbreak ပြုလုပ်တာကို အားမပေး ပါဘူး ဟု ဆိုသည်။ ပြည်တွင်းရှိ Apple ရောင်းချ လျက်ရှိသော အိုင်တီနှင့် မိုဘိုင်း ပစ္စည်းဆိုင်များတွင်jailbreak ပြု လုပ်ခြင်းကို ဝန်ဆောင်မှုပေးလျက် ရှိပြီး ယခုလက်ရှိအချိန်တွင် iPhone 4S ကို ပြည်တွင်းတွင် jailbreak ပြု လုပ်ရန် စိတ်ဝင်စားသူများလျက်ရှိ ကြောင်း သိရသည။်
ဘိုဘိုနိုင်ဝင်း


Friday, 2 December 2011

ပွါးဖုန်းများ (Cloned Phones)သတိထားကြဖို့

ပွါးဖုန်းဆိုတာဘာလဲ
ဖုန်းတစ်လုံးရဲ့ ကိုယ်ပိုင်အမှတ်(electronic serial number: ESN)ကို ပွါးယူပြီး နောက်ဖုန်းတစ်မှာ အသုံးပြုခြင်းကို ဖုန်းပွါးခြင်း(Cloning Phone)လို့ခေါ်ပြီး ၊ အဲသလို ပွါးယူအသုံးပြုတဲ့ ဖုန်းကိုတော့ ပွါးဖုန်း (Cloned Phone) လို့ခေါ်ပါသတဲ့ ခင်ဗျာ ။

ဖုန်းပွါးရခြင်းအမျိုးမျိုး
ဖုန်းတစ်လုံးကို အသုံးပြုနေသူရဲ့ ၊ အဆက်အသွယ် ၊ ပြောတဲ့စကား ၊ ပေးပို့လက်ခံ မက်ဆေ့ အစရှိတဲ့ အချက်အလက်တွေကို သိချင်လို့ ပွါးကြတာလဲရှိသလို ၊ ဖုန်းဖိုးသက်သာအောင် သူများဖုန်းကို ခိုးသုံးတဲ့ သဘောနှင့် ပွါးကြတာလဲ ရှိတယ်လို့ ဆိုပါတယ် ။

ဖုန်းပိုင်ရှင် ကိုယ်တိုင်က အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မိမိအသုံးပြုနေတဲ့ ဖုန်း ပျက်စီး ၊ ပျောက်ဆုံးတာမျိုးဖြစ်ခဲ့ရင် ၊ မိမိ ရဲ့ အချက်အလက်တွေ အလွယ်တကူ ပြန်ယူနိုင်ဖို့ အရန်ဖုန်း (back-up phone) အဖြစ် ပွါးကြတာလဲရှိတယ်လို့ဆိုပါတယ် ။

အရောင်းကိုယ်စားလှယ်တွေ က ပွါးပြီး ရောင်းတာလဲရှိသလို ၊ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီဝန်ထမ်းတွေက အကြံအဖန် လုပ်ရောင်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ် ။

မြန်မာပြည်မှာတော့ ဆက်သွယ်ရေးဝန်ထမ်းတွေက ပွါးပြီးရောင်းနေတာတွေလည်း ရှိတယ်လို့ ကြားဖူးတာရှိသလို ၊ ကျနော့် တူလေးတစ်ယောက်က ပေးထားတဲ့ အဆောင်ဖုန်းနံပါတ်တစ်ခုကိုခေါ်ရာမှာ တစ်ခါတစ်ရံ အခြားသော နေရာသို့ ရောက်သွားတတ်ပြီး ၊ တစ်ခါတစ်ရံမှာတော့ တူလေးပြောထားတဲ့ အဆောင် ဖုန်းနံပါတ် နေရာဖြစ်နေတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတာဟာလည်း ဖုန်းပွါးထားတာ ဖြစ်နိုင်တယ်လို့ ကျနော် ထင်ပါတယ် ။
ဖုန်းပွါးနည်းများ
ဖုန်းပွါးနည်းအမျိုးမျိုးရှိတယ်လို့ ဆိုပါတယ် ။ ဆယ်လူလာဖုန်းတွေမှာ ဖုန်းတွေကို ခွဲခြားသတ်မှတ်ပေးတဲ့ ကိုယ်ပိုင်နံပါတ် (International Mobile Subscriber Identifier: IMSI) ကိုယ်စီရှိကြပြီး အဲသည် နံပါတ်ကို ရှင်ကဒ် (Universal Subscriber Identity Module: USIM) လို့ခေါ်တဲ့ ကွန်ပျူတာချစ်ပြား (Chip) မှာ မှတ်တမ်းတင်ထားတာဖြစ်ပြီး ၊ အဲဒီနံပါတ်ကို ခွဲခြားသတ်မှတ်ပေးတဲ့ သင်္ကေတကို ပွါးယူကြတာလို့ ဆိုပါတယ် ။
အများအားဖြင့် စီဒီအမ်အေ (Code Division Multiple Access: CDMA) ဖုန်းကို အလွယ်တကူ ပွါးယူနိုင်ကြပြီး ၊ ဂျီအက်စ်အမ် (Global System for Mobile communication: GSM) ဖုန်းမှာတော့ (Electronic Serial Number: ESN, Mobile Identification Number: MIN) နံပါတ်တွေမပါလို့ ၊ ပွါးရတာခက်တယ်လို့ ဆိုပါတယ် ။

ဂျီအက်အ်အမ်ဖုန်းကိုတော့ ဆယ်လူလာဖုန်း ကွန်ယက် (cellular network) သို့မဟုတ် ဖုန်းကုမ္ပဏီရဲ့ ကွန်ပျူတာများကို ခက်ခက်ခဲခဲ ခိုးဝင်(Hack) ပြီး ဖုန်းရဲ့ ကိုယ်ပိုင်နံပါတ် (International Mobile Subscriber Identifier: IMSI) ကို ပွါးကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ် ။
နောက် ရှင်ကဒ် (Universal Subscriber Identity Module: USIM) အလွတ်တစ်ခုကိုယူပြီး လက်ရှိ အသုံးပြုနေတဲ့ ဖုန်းတစ်လုံးရဲ့ ရှင်ကဒ်နှင့် လဲထည့် ၊ ရှင်ကဒ်ကို ပြန်ပြီး အသစ်လုပ် (Modify) တဲ့ နည်းလည်း ရှိတယ် လို့ ဆိုပါတယ် ။
ကိုရီးယားမှာ ပွါးဖုန်းဘယ်လောက်များသလဲ
၂၀၀၇ - ၂၀၀၈ ပထမနှစ်ဝက်စာရင်းများအရ ကိုရီးယား တယ်လီကောမ် ၃ ခုပေါင်းမှ ပွါးဖုန်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရပါတယ် -

၂၀၀၇ ခုနှစ်မှာ ပွါးဖုန်းအလုံးပေါင်း ၇၉၁၆ လုံး ၊ ပွါးဖုန်းများနှင့် ဆက်သွယ်ခေါ်ဆိုမှုအကြိမ်ပေါင်း ၄ သန်း ၂ သိန်းကျော်ရှိခဲ့ပြီး ၊ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ် ပထမ ၆ လပတ်အတွင်း ကေတီအက်ဖ် ပွါးဖုန်း အလုံးရေ ၅၁၅၈ လုံးနှင့် ဗိုလ်စွဲခဲ့ပြီး ၊ အက်စ်ကေတီကတော့ ပွါးဖုန်းခေါ်ဆိုမှုအကြိမ်ပေါင်း ၃သန်း ၅သိန်း ၆သောင်းကျော်နှင့် ပထမရခဲ့တယ်လို့ဆိုပါတယ် ။ အဲသည်ကာလအတွင်း ရေဒီယိုလှိုင်းများ စီမံကွပ်ကဲရေးရုံး (Central Radio Management Office: CRMO) က ခြေရာခံမိသူပေါင်း ၁၇၆ ဦးရှိခဲ့ပြီး ၄င်းတို့အနက် ၈၁ မှုကို တရားစွဲဆိုခဲ့တယ်လို့ဆိုပါတယ် ။

မိမိဖုန်း ပွါးဖုန်းဟုတ်မဟုတ် ဘယ်လို သိနိုင်မလဲ
မိမိနှင့် မဆိုင်သော ဖုန်းမက်ဆေ့များ မကြာခဏ လက်ခံရရှိနေပါသလား ။
ဖုန်းမှားခေါ်ခြင်း မကြာခဏ ကြုံနေရပါသလား ။
ဖုန်းဘက်ထရီများ အလျင်အမြန်ကုန်လွယ်နေပါသလား ။
ဖုန်းခေါ်ဆိုခ တောင်းခံလွှာများ(Phone Bill)မှာ မိမိမခေါ်ခဲ့သော ဖုန်းနံပါတ်များ ပါလာပါသလား ။
မိမိမိတ်ဆွေများက မိမိထံခေါ်သော ဖုန်းများ နှင့် ပို့သော ဖုန်းမက်ဆေ့ဂ်ျများကို မိမိလက်ခံမရသော ၊ မိမိထံရောက်မလာသော ဖြစ်စဉ်များ ရှိနေပါသလား ။
မိမိမိတ်ဆွေများထံ မိမိမသိဘဲ မိမိဖုန်းနံပါတ်းဖြင့် ခေါ်ဆိုခြင်းများ ရှိပါသလား ။
မိမိဖုန်းပြောစဉ် တစ်ဖက်မှ ဖုန်းချသံ သို့မဟုတ် မိမိဖုန်းပြောနေစဉ် တစ်ဖက်မှ ဖုန်းဖွင့်သံများ ၊ သို့မဟုတ် နှောက်ယှက်သံစသည်များ မကြာခဏ ကြားနေရပါသလား ။

အထက်ပါ မေးခွန်းများ အနက် ဟုတ်ပါသည်ဆိုတဲ့ အဖြေများလျင် မိတ်ဆွေရဲ့ ဖုန်း အပွါးခံထားရတာ ဖြစ်နိုင်ခြေများနေပြီလို့ ဆိုပါတယ် ။

ပွါးဖုန်း သုံးစွဲလျင် ဘာဖြစ်မလဲ
ဖုန်းပွါးပြုလုပ်ခြင်းနှင့် ပွါးဖုန်းသုံးစွဲခြင်းများအတွက်ပြစ်ဒဏ်များလည်း အသီးသီးပြဌာန်းထားတာရှိပါတယ် -
ဖုန်းပွါးပြုလုပ်သူ သို့မဟုတ် ပွါးဖုန်းပြုလုပ်ရန်တောင်းဆိုသူ ၃ နှစ်အောက်ထောင်ဒဏ် သို့မဟုတ် ဝမ်သန်း ၂၀ အောက် ငွေဒဏ် ။
ပွါးဖုန်းသုံးစွဲသူ ဝမ်သန်း ၂၀ အောက်ငွေဒဏ် ။
ပွါးဖုန်း ရောင်းချသူ ၊ ပြသသူ ၊ သိုလှောင်သူ ၊ သယ်ယူပို့ဆောင်သူ ၁ နှစ်အောက် ထောင်ဒဏ် သို့မဟုတ် ဝမ် ၅ သန်းအောက် ငွေဒဏ် ။
ဖုန်းပွါးပြုလုပ်ရန် ကူညီ ထောက်ပံ့သူ ၃နှစ်အောက် ထောင်ဒဏ် သို့မဟုတ် ဝမ် ၁၀ သန်းအောက် ငွေဒဏ် ။

ဘယ်လို တားဆီးကာကွယ်မလဲ
လူကြီးမင်းဟာ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပွါးဖုန်းသုံးစွဲနေပြီဆိုတာနှင့် ဥပဒေအရ ပြစ်ဒဏ်ထိုက်သူဖြစ်နေပါပြီ ။ ဥပဒေကို မသိလို့ပါဆိုပြီး ထုချေလို့ ရမည်မဟုတ်ပါ ။ ဒါကြောင့်မို့ လူကြီးမင်းဖုန်းဝယ်တဲ့အခါ ၊ ရေးရတဲ့ လျှောက်လွှာ/မှတ်တမ်းပါ ယူရှင်ကဒ် (Universal Subscriber Identity Module: USIM) နံပါတ် ၊ မော်ဒယ် နံပါတ် (Model Number) များနှင့် မိမိရရှိတဲ့ ဖုန်းပါ ယူရှင်နံပါတ်များ တူမတူ စစ်ဆေးဖို့လိုပါမယ် ။ နောက်ပြီး (အထက်ဖော်ပြပါ) ပွါးဖုန်းအင်္ဂါနှင့် ပွါးဖုန်းများကြုံရတတ်သော ဖြစ်စဉ်များ ရှိမရှိ အမြဲဆန်းစစ်နေဖို့လိုပါမယ် ။

ဘယ်လိုတိုင်ကြားမလဲ
မိမိဖုန်းအပွါးခံရခြင်း သံသယရှိလျင် ဟုတ်မဟုတ် စုံစမ်းမေးမြန်းစိစစ်လို့ ရသလို ၊ မိမိဖုန်း အပွါးခံထားရကြောင်း သေခြာပါက ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားလို့လည်းရတယ်လို့ ဆိုပါတယ် ။

ကိုရီးယားနိုင်ငံတွင်း စုံစမ်းရန်နှင့် တိုင်ကြားရန်မှာ -
Central Radio Management Office: 080-700-0074
Internet: www.crmo.go.kr
Korea Telecommunications Operators Association:
02-518-1112
Internet: www.mobilecopy112.or.kr
ဖုန်းကလုန်းဘေးမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းလျက် ။

လေးစားမှုဖြင့် -

Mr TT

လိုင်းဖုန်း နှင့် ကဒ်ဖုန်း

တောင်ကိုရီးယားနိုင်ငံမှ တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီကြီးများ
တောင်ကိုရီးယားနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးလုန်ငန်းကို ပဲ့ကိုင်ဆောင်ရွက်နေကြသည့် အဓိက ကုမ္ပဏီကြီး ၃ ခု ရှိပြီး ၊ ၄င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

- အက်စ်ကေ (SKT): မူရင်း ကမ္ပဏီ အမည်မှာ Sunkyoung Telecom (ဆောန်ကယောင်း ထယ်လီခေါမ်) ဖြစ်ပါသည် ။ SK ဟုသာ ခေါ်ပါသည် ။ -

- ကေတီ (KT): Korea Telecom Freetel (KTF) နှင့် Korea Telecommunication (KT) တို့ ပူးပေါင်းထားသည့် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပါသည် ။

- အယ်ဂျီ (LG Uplus): LG Telecom အမည်မှ အယ်ဂျီ (LG Uplus) အမည်သို့ July, 2010 တွင် ပြောင်းလဲ ခဲ့ပါသည် ။

လိုင်းဖုန်း နှင့် ကဒ်ဖုန်း
တောင်ကိုရီးယားနိုင်ငံတွင် လက်ကိုင်ဖုန်းများကို လိုင်းဖုန်းနှင့် ကဒ်ဖုန်းဟူ၍ အသုံးပြုနိုင်သည့် နည်းကို အကြောင်းပြု၍ စနစ် ၂ မျိုးခွဲခြားထားပါသည် ။
လိုင်းဖုန်း (Line Phone)
လိုင်းဖုန်းမှာ မှတ်ပုံတင်ကြေး (Membership Fee) ၁ ကြိမ် ပေးသွင်း မှတ်ပုံတင် (အသင်းဝင်) ပြီး ၊ လစဉ်ကြေး (Basic Charges) နှင့် အသုံးပြုခ တောင်းခံငွေ (Bill) တို့ကို လစဉ် ပုံမှန် ပေးဆောင်ရသည့် စနစ်ဖြစ်ပါသည် ။ ဝန်ဆောင်မှုကိုဦးစွာယူပြီးမှ ကျသင့်ငွေကိုနောက်မှ ပေးခြေရသောစနစ်ဖြစ်သဖြင့် သုံးပြီးငွေချေစနစ်ဖုန်း (Postpaid Phone)ဟု လည်းခေါ်ပါသည် ။ လက်ကိုင်ဖုန်း (Hand Set) ကို အရစ် ကျပေးချေသည့်စနစ်ဖြင့် ရောင်းချပေးလေ့ရှိပါသည် ။ ဆိုင်များတွင်မူ အခမဲ့ဖုန်း (꽁짜폰/ကုန်းကျားဖုန်း/) ဟူ၍ ကြေညာပြီး ရောင်းချလေ့ရှိပါသည် ။ ဖုန်း (Hand Set) လက်ခံချိန်တွင် အခမဲ့ ဖြစ်သော်လည်း ၂ နှစ် အတွင်း လစဉ် အရစ်ကျစနစ် (Installment) ဖြင့် ဖြတ်ယူပါသည် ။ အမှန်တကယ် အခမဲ့ ဖုန်းမဟုတ်ပါ ။ အခမဲ့ဟူ၍ လိမ်လည် ရောင်းချခြင်းသာဖြစ်ပါသည် ။ နိုင်ငံခြားသားများကိုမူ ခိုင်မာသော ရက်ရှည်ဗီဇာ ကိုင်ဆောင်ထားသူများကိုသာ ရောင်းချပေးပါသည် ။
- လိုင်းဖုန်း ဝယ်ယူခွင့် ရှိသည့် နိုင်ငံခြားသားများ ။ အောက်ဖော်ပြပါ ဗီဇာအမျိုးအစား ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများ လိုင်းဖုန်းကို အရစ်ကျပေးစနစ် (Installment) ဖြင့် ဝယ်ယူခွင့်ရှိပါသည်-
 F-2 (အခြေချနေထိုင်ခွင့်ရသူများ)
 F-4 (ကိုရီးယားနွယ်ဖွားနိုင်ငံခြားသားများ)
 H-2 (ဧည့်လုပ်သား)
 E-9 (အီးပီအက်စ်လုပ်သား) အယ်လ်ဂျီ (LG) တစ်မျိုးတည်းသာ ။
 D-2, D-4, D-6, D-8, E-6, စသည့် ဗီဇာများဖြင့် လိုင်းဖုန်းဝယ်ယူလိုပါက စက် (Hand-set) တန်ဖိုးကို အပြေအကျေပေးသွင်းရပါသည် ။

- လိုအပ်သော စာရွက်စာတမ်းများ ။ လိုင်းဖုန်းလျှောက်ထားရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်း အထောက်အထားများ လိုအပ်ပါသည်-
 လျှောက်လွှာပုံစံ
 နိုင်ငံခြားသား မှတ်ပုံတင်ကဒ်မိတ္တူ
 ဘဏ်စာရင်းစာအုပ် (ရှေ့ဆုံးစာမျက်နှာ) မိတ္တူ (နိုင်ငံခြားသားကဒ်ဖြင့် ပြုလုပ်ထားသော ဘဏ်စာရင်းဖြစ်ရပါမည် ။ နိုင်ငံကူးလက်မှတ်ဖြင့် ပြုလုပ်ထားသော ဘဏ်စာအုပ်လက်မခံပါ ။)
- လိုင်းကြေးများ (Membership Fees)
 အက်စ်ကေ ၃၉,၆၀၀
 ကေတီ ၂၈,၀၀၀
 အယ်ဂျီ ၃၀,၀၀၀
- လစဉ်ကြေးခေါ် အခြေခံနှုန်းထား (Basic Charge)များ ။ လိုင်းဖုန်းတို့၏ လစဉ်ကြေး (Basic Charges) နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 လစဉ်ကြေး ၁၂,၀၀၀ ။ လစဉ် ၁၂,၀၀၀ သွင်းရမည်ဖြစ်ပြီး ၊ ဖုန်းခေါ်ခမှာ သတ်မှတ်နှုန်း အတိုင်း ကျသလောက် ပေးသွင်းရသည့် စနစ် ဖြစ်ပါသည် ။
 လစဉ်ကြေး ၃၅,၀၀၀ ။ လစဉ်၂၅၀ မိနစ် ပြောခွင့်ရရှိပါမည် ။ မိနစ်ကျန်လျင် နောက်လ ဆက်သုံးခွင့်မရှိပါ ။ မိနစ် ပိုပြောလျင်မူ အပိုကြေးထပ်ဆောင်းပြီးသွင်းရပါမည် ။
 လစဉ်ကြေး ၄၅,၀၀၀ ။ လစဉ် ၃၅၀ မိနစ် ပြောခွင့်ရရှိပါမည် ။ မိနစ်ကျန်လျင် နောက်လ ဆက်သုံးခွင့်မရှိပါ ။ မိနစ် ပိုပြောလျင်မူ အပိုကြေးထပ်ဆောင်းပြီးသွင်းရပါမည် ။
 လစဉ်ကြေး ၅၅,၀၀၀ ။ လစဉ် ၄၅၀ မိနစ် ပြောခွင့်ရရှိပါမည် ။ မိနစ်ကျန်လျင် နောက်လ ဆက်သုံးခွင့်မရှိပါ ။ မိနစ် ပိုပြောလျင်မူ အပိုကြေးထပ်ဆောင်းပြီးသွင်းရပါမည် ။

ကဒ်ဖုန်း (Card Phone)
တရားဝင်အမည်မှာ ကြိုတင်ငွေပေးဖုန်း (Prepaid Phone) ဖြစ်ပါသည် ။ လစဉ်ကြေးနှင့် ဖုန်းခေါ်ဆိုခကို ကြိုတင်ပေးဆောင်ရသည့် စနစ်ဖြစ်ပါသည် ။ ကဒ် ဖုန်းအတွက် မှတ်ပုံတင်ကြေး မှာ ၁၀,၀၀၀ ဖြစ်သည် ။ လစဉ်ကြေး (Basic Charges) ကို သတ်မှတ်ထားသည့် နည်းများအတိုင်း ပေးဆောင်ရသည့် စနစ်ဖြစ်ပါသည် ။ လစဉ်ကြေး (Basic Charge) ပေးဆောင်ရာတွင် လျှို့ဝှက်နံပါတ်ပါ ကဒ်ပြားများကို အသုံးပြုရသဖြင့် ကဒ်ဖုန်း (Card Phone) ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည် ။ လစဉ်ကြေးပေးသွင်းရန် ပျက်ကွက်လျင် (မှတ်ပုံတင်ရန်) သတ်မှတ် ထားသည့်ရက်မှ ၃ လအထိ အခြားတစ်ဖက်မှ ခေါ်ဆိုမှုများကို လက်ခံပြီး နားထောင်နိုင်သေးသော်လည်း ၃ လ ကျော်လျင်မူ မိမိဖုန်းနံပါတ် အလိုလို ပယ်ဖျက်ခြင်း ခံရပါလိမ့်မည် ။ ထိုသို့ ပယ်ဖျက်ခြင်းခံရပါက မူလ နံပါတ်ပြန်လည်ရရှိရန် ခက်ခဲပါသည် ။ သို့သော်လည်း ဖုန်းပိုင်ရှင်က ဖုန်းနံပါတ်အသစ် ပြန်လည် ရယူနိုင်သည့်ပြင် သတ်မှတ်ထားသော ဗီဇာရှိလျင် လိုင်းဖုန်း အဖြစ်လည်း ပြောင်းလဲ အသုံးပြုနိုင်ပါသည် ။


ကဒ်ဖုန်းကို ပြန်လည်အသက်သွင်း (Recharge) ရာ၌ အချို့နိုင်ငံများတွင် ယူရှင်ကဒ် (Universal Subscriber Identity Module: USIM) ဟု ခေါ်သော ချစ်ပြား (Chip) များကို ဖုန်းတွင် ထည့်သွင်းပြီး အကြိမ်ကြိမ် လဲလှယ် အသုံးပြုကြရသော်လည်း ကိုရီးယားနိုင်ငံတွင်မူ မူလကတည်းက ထည့်သွင်းထားပြီးဖြစ်သဖြင့် ယူရှင်ကဒ်ကို အကြိမ်ကြိမ် လဲလှယ်ဖို့မလိုပါ ။ ယူရှင်ကဒ်များအစား လျှို့ဝှက်နံပါတ်များ ပါရှိသော ပလပ်စတစ်ကဒ်ပြားများကို ခွင့်ပြုချက် ရရှိထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများက ထုတ်လုပ် ရောင်းချပေးပါသည် ။

ဆက်လက်တင်ပြပါမည် ။
လေးစားမှုဖြင့် -

Mr TT

အမေရိကန် နှင့် အိုင်ဖုန်း ဒီအမ်ဘီ မရသေး

Digital Multimedia Broadcasting (DMB)
ဒီအမ်ဘီသည် တောင်ကိုရီးယားအမျိုးသား ဆက်သွယ်မှုနည်းပညာဖွံ့ဖြိုးမှုစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော တီဗီ ၊ ရေဒီယိုနှင့် အချက်အလက်များ ထုတ်လွင့်ခြင်း(datacasting)တို့ကို လက်ကိုင်ဖုန်းကဲ့သို့သော အသုံးအဆောင်ပစ္စည်းများသို့ ပို့လွတ် ထုတ်လွင့်ရန် အစီအစဉ်အရ တောင်ကိုရီးယားနိုင်ငံက တီထွင်ဖန်တီးလိုက်သည့် ဒီဂျီတယ်ရေဒီယိုထုတ်လွင့်မှုနည်းပညာ ဖြစ်ပါသည် ။

၎င်းနည်းပညာကို တစ်ခါတရံ မိုဘိုင်းတီဗီအဖြစ်သိရှိထားကြပါသည် ။ ဥရောပသမဂ္ဂ သုတေသန စီမံကိန်း အတွက် ထုတ်လုပ်ထဲ့သော ဒီဂျီတယ်အသံလွင့်အစီအစဉ်နှင့် ရှုပ်ထွေးခြင်းမရှိသင့်ပါ ။

ဒီအမ်ဘီသည် အက်ဖ်အမ်ရေဒီယိုကို အစားထိုးရန် တောင်ကိုရီးယားနိုင်ငံက ဖန်တီးခဲ့သော မျိုးဆက်သစ် ဒီဂျီတယ်နည်းပညာဖြစ်သည် ။ ကမ္ဘာ့ပထမဆုံး တရားဝင် မိုဘိုင်းတီဗီဆားဗစ်ကို တောင်ကိုရီးယားနိုင်ငံတွင် ၂၀၀၅ ခုနှစ်မေလ၁ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည် ။ ၄င်းနည်းပညာဖြင့် ဆက်သွယ်ရေးဂြိုဟ်တု(S-DMB)မှဖြစ်စေ ၊ မြေပြင်ဆက်သွယ်ရေးစခန်းများ (T-DMB) မှဖြစ်စေ ထုတ်လွင့်နိုင်ပါသည် ။
၂၀၀၆ ခုနှစ် ဒီဇင်္ဘာလတွင် မြေပြင်စခန်းများမှ တီဗီလိုင်း ၇ခု ၊ ရေဒီယိုလိုင်း ၁၂ ခုနှင့် ဒေတာလိုင်း ၈ ခုတို့ကို ထုတ်လွင့်နိုင်ခဲ့ပြီး ၊ ၂၀၀၇ အောက်တိုဘာလတွင် အမ်ဘီစီနက်က ဒီအမ်ဘီလိုင်းကို ထုတ်လွင့်နိုင်ခဲ့ပါသည်။ ၂၀၀၉ခုနှစ်တွင် ဆောအူးလ်မြို့တော်၌ ဒီအမ်ဘီ-ဗီဒီယိုလိုင်း ၈ ခုရှိခဲ့ပြီး ဒေသဆိုင်ရာမြို့တော် (metropolitan cities) များတွင် ၆ လိုင်း ရှိခဲ့ပါသည် ။

၂၀၀၇ခုနှစ် ဧပြီလတွင် ဒီအမ်ဘီဆားဗစ်ကို ဆက်သွယ်ရေးဂြိုဟ်တုမှ တီဗီလိုင်း ၁၅ ခုအပါအဝင် ရေဒီယို ၁၉ လိုင်း ၊ ဒေတာလိုင်း (data channels) ၃ လိုင်းတို့ကို ထုတ်လွင့် ခဲ့ပါသည် ။ မြေပြင်စခန်းများမှ အခမဲ့ ထုတ်လွင့်ပေးခြင်းဖြစ်သော်လည်း ဖမ်းယူသုံးစွဲနိုင်မှုပမာဏ နှင့် နေရာဒေသအကန့်အသတ်ရှိသည် ။ ဆက်သွယ်ရေးဂြိုဟ်တုမှ ထုတ်လွင့်ခြင်းမှာ အခကြေးငွေဖြင့်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံးမှ ဖမ်းယူနိုင်ပါသည် ။

ဒီအမ်ဘီဖမ်းစက်များကို ကားနေဗီဂေးရှင်းစနစ် ၊ လက်ကိုင်ဖုန်းများ ၊ မီဒီယာပလေးယား ၊ အိတ်ဆောင်ကွန်ပြူတာနှင့် ဒီဂျီတယ်ကင်မရာ စသည်ဖြင့် အမျိုးအစားများခွဲခြားနိုင်ပါသည် ။ ၂၀၀၆ခုနှစ် ဇွန်လတွင် ဒီအမ်ဘီဖမ်းစက် ခုရေ ၁၄ သန်းကျော် ရောင်းချနိုင်ခဲ့သည် ။ ကိုရီးယားနိုင်ငံရှိ လက်ကိုင်ဖုန်းအသစ်များအနက် ၄၀ ရာခိုင်နှုန်းမှာ ဒီအမ်ဘီစနစ်ကို ကြည့်ရှုနိုင်သော ဖုန်းများဖြစ်ပါသည်။

ဒီအမ်ဘီကို တောင်ကိုရီးယားနိုင်ငံကစတင် ထုတ်လွင့်ခဲ့သော်လည်း ယခုအခါ နိုင်ငံအတော်များများတွင် အသုံးပြုနေပြီဖြစ်သည် ။ မြေပြင်ဆက်သွယ်ရေးစခန်းများမှ ဒီအမ်ဘီကိုထုတ်လွင့်ရာတွင် ရေဒီယိုလိုင်းလတ်(VHF)နှင့် ရေဒီယိုလိုင်းမြင့်(UHF)တို့ကို အသုံးပြု၍ ထုတ်လွင့်ကြရသည် ။ အမေရိကန်နိုင်ငံကမူ ရေဒီယိုလိုင်းမြင့်(UHF:L) ကို တပ်မတော်ကအသုံးပြုရန် (for Military Applications) အရန်လိုင်းများ(Reserves) အဖြစ် ထားရှိသဖြင့် မြောက်အမေရိကတွင် ယနေ့တိုင် ဒီအမ်ဘီစနစ်ကို အသုံးမပြုနိုင်ကြသေးပေ ။

ထိုနည်းတူစွာ ကိုရီးယားနိုင်ငံထုတ် စမတ်ဖုန်းများအားလုံးလိုလိုမှာ ဒီအမ်ဘီစနစ်ပါရှိသော်လည်း အေပယ်ကုမ္ပဏီက မူပိုင်ထုတ်လုပ်သော အိုင်ဖုန်း(iPhone)များတွင်မူ ဒီအမ်ဘီစနစ်မပါရှိသဖြင့် ၊ အိုင်ဖုန်းဖြင့် ဒီအမ်ဘီ-တီဗီနှင့် ဗီဒီယိုများ ကြည့်ရှုနိုင်ခြင်း မရှိသေးပါ ။ စမတ်ဖုန်းနှင့် အိုင်ဖုန်းကို အတော်များများက ကွဲကွဲပြားပြားမသိကြသေးဟုဆိုပါသည် ။ အိုင်ဖုန်းနှင့် စမတ်ဖုန်းသည် သီးခြားစီဖြစ်ပြီး မတူပါ ။

ရည်ညွှန်းချက်များ-
- http://en.wikipedia.org/wiki/Countries_using_DAB/DMB
- http://www.aguntherphotography.com/iphone-vs-smartphone.html


PHONE တွေကို ဘယ်လို UNLOCK လုပ်မလဲ

ညီနေမင်း (နည်းပညာ)


ဒီနေ့တော့ ပထမဦးဆုံးနေ့မို့ အောက်မှာရှိတဲ့ ဖုန်းအမျိုးအစားတွေကိုUnlock လုပ်တဲ့ program ကို တင်ပေးလိုက်ပါတယ် ။ unlock လုပ်လို့ ရမည့် ဖုန်း အမျိုးအစားတွေကို အောက်မှာ ရေးပြထားပါတယ် .
• Unlock Nokia
• Unlock LG
• Unlock Panasonic
• Unlock Maxon
• Unlock Samsung
• Unlock AEG/Telital
• Unlock Alcatel
• Unlock Siemens
• Unlock Sony
• Unlock Vitel
ဖုန်း model no တွေကိုတော့ program ကို Install လုပ်ပြီးသည်နှင့် မိမိ Unlockလုပ်ချင်သော ဖုန်းအမျိုးအစား ကိုရွေးရမှာပါ ။
လုပ်နည်း
• ပထမဦးဆုံး မိမိဖုန်းမှာ *#06# ကို ရိုက်ထည့်လိုက်ပါ အဲ့ဒါဆိုရင် မိမိ ဖုန်းရဲ့ IMEI No ကို မြင်တွေ့ ရမှာ ဖြစ်ပါတယ် .
• အဲ့ ဒီ့ မိမိဖုန်းမှာ ပေါ်လာတဲ့ IMEI no ဟာ အခု တင်ပေးလိုက်တဲ့ software ကို install လုပ်လိုက်ပြီးတာနဲ့ ပေါ်လာတဲ့ IMEI အကွက်မှာ ထည့်ရမှာ ဖြစ်ပါတယ် .
• ကျန်တဲ့ ဟာတွေကို ဖြည့်ပြီးတာနဲ့ calculate ကို နှိပ်လိုက်ပါ ။
• အဲ့ဒီ့မယ် Nokia unlock code (၇) ကြောင်း ပေါ်လာပါလိမ့်မယ် . အဲ့ဒီ့ ပေါ်လာတဲ့ code ထဲက အောက်ဆုံးက +7 code နှင့် အရင်ဆုံး ဖြည်ပါ . +7 နဲ့ မရရင် +1 နဲ့ ဖြည်ပါ. +1 နဲ့ မရရင် နောက်ဆုံး +5နဲ့ ဖြေပါ ။
• နောက်ဆုံး "Sim restriction off" ဆိုတဲ့ စာတန်း ပေါ်လာရင် unlocked လုပ်ခြင်း လုပ်ငန်း ပြီးဆုံးပါပြီ .
• p, w (သို့) + ကို ရရှိနိုင်ဖို့အတွက် * ကို နှိပ်ရမှာ ဖြစ်ပါတယ် . နှိပ်တဲ့အခါမှာလဲ * ကို ဆက်တိုက် ဖိထားရင် ပေါ်လာမှာ ဖြစ်ပါတယ် . အဲ့လောက် ဆိုရင်တော့ unlock လုပ်တတ်ပြီလို့ ထင်ပါတယ် .
• software ကို အောက်မှာ တင်ပေးထားပါတယ် ။ . အဆင်ပြေသလို Download လုပ်ယူလိုက်ပါ ။
• Download link (2) နေရာကနေ တင်ပေးထားပါတယ် .

Download ifile.it | Download Mediafire

Ref:
http://www.nyinaymin.org/

မှတ်ချက် ။
ဖုန်းထုတ်တဲ့ ကုမ္ပဏီတွေက ကိုယ်ထုတ်လိုက်တဲ့ ဖုန်းတွေကို သူတို့ခွင့်မပြု(ရောင်းမထား)တဲ့ နိုင်ငံတွေမှာ အလွယ်တကူသုံးလို့မရအောင် ၊ သူတို့ကုမ္ပဏီထုတ်မဟုတ်တဲ့Application တွေကို သုံးလို့မရအောင် Lock လုပ်ပြီး တားထား ပိတ်ထားကြပါတယ် ။ အဲဒါတွေကို ပြန်ဖြည်ဖို့နည်းပညာကလည်း အခြားတစ်ဖက်မှာ ရှိနေပြန်ပါတယ် ။ ကျနော်တို့ ကိုရီးယားရောက် ရွှေမြန်မာများလည်း အဲသည်Unlock ပညာလေး တီးမိခေါက်မိရှိအောင် မိတ်ဆက်ပေးလိုတဲ့ အာသီသနှင့် ဆရာညီနေမင်း(နည်းပညာ) ဆိုက်ကယူပြီး ထပ်ဆင့်တင်ပြထားခြင်းဖြစ်ပါတယ် ။

လေးစားမှုဖြင့်-
မစ္စတာတီတီ(တယ်လီတော်ကီ)

Thursday, 1 December 2011

CDMA 800 MHz ဖုန်းများဖြင့် အင်တာနက် အသုံးပြုနည်း

ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မည့်စနစ်ကို စိတ်ပါဝင်စားသူများ ၊ အဆိုပါ ဝန်ဆောင်မှု အသုံးပြုပုံများကို သိရှိနိုင်ရန် ဖော်ပြပေး လိုက်ပါသည် ။

ထိုစနစ်သည် ဖုန်းတွင် အသုံးပြုနိုင်သကဲ့သို့ ကွန်ပျူတာနှင့် ချိတ်ဆက်၍လည်း အသုံးပြုနိုင်ပါသည်။ ကွန်ပျူတာဖြင့် အသုံးပြုလိုသူများအနေဖြင့် ဆက်သွယ်ရေး နှင့် ပြင်ပ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် EVDO USB Wireless Modem တစ်ခု ဝယ်ယူရမည် ဖြစ်သည်။

ဈေးကွက်အတွင်း ယင်းမိုဒမ် ၂ မျိုးခန့်ရှိပြီး ၊ ဈေးနှုန်းမှာ ၄၀,၀၀၀ ကျပ်ဝန်းကျင် ရှိသည်။ ပထမဦးစွာ ယင်း Device ကို ကွန်ပျူတာ USB အပေါက်တွင် ချိတ်ဆက်၍ My Computer ၌ပေါ်လာမည့် Connector.exe file ကို ဖွင့်ပြီး ၊ ပေါ်လာမည့် Setup Flexi 3G Connector မှ Next ခလုတ်နှိပ်ကာ Install လုပ်ရပါမည် ။ Install လုပ်ပြီးပါက Desktop ပေါ်တွင် Flexi 3G Connector Icon ကိုဖွင့်ရမည် ။ ထို့နောက် Flexi Window Box တစ်ခုပေါ်လာပမည် ။ ယင်း Box ၏ Menu Bar ရှိ File Button (File ) အတွင်းမှ Setting ကို ကလစ်နှိပ်ပါက Box တစ်ခု ထပ်မံကျလာပါမည် ။ ယင်း Box မှ New ကို ဆက်လက်နှိပ်၍ ၊ ယင်း Box မှ Name နေရာတွင် မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခု ၊ Number နေရာတွင် #777 နှင့် User name နေရာတွင် Username @c800,mm နှင့် Password မှ လျှို့ဝှက်အမှတ်အသား ရိုက် ထည့်ကာ OK Button ကိုနှိပ်ရပါမည်။
ယင်းနောက်တွင် 3G Connector Box မှ Connection Button ကိုနှိပ်ပြီး EVDO Connection ကိုရွေးချယ်ရပါမည် ။ ယခု Device မှာ window XP များအတွက် အဓိကစီစဉ်ထားခြင်း ဖြစ်သည့်အတွက် window 7 တွင် Install ပြုလုပ်လိုသူများ အတွက်မူ အခက်အခဲ ရှိနေပါမည် ။ အကယ်၍ window 7 နှင့် အသုံးပြုမည် ဆိုပါက စက်တွင် ပေါ်လာမည့် flexn connector ကို right click နှိပ်၍ properties သို့ဝင်ပြီး ၊ ယင်းမှ capabality သို့ တစ်ဆင့်သွားကာ run as ဘေးမှ check ကို (အမှန်ခြစ်) ပေးရမည် ။ ထို့နောက် အောက်တွင်ရှိသော Windows XP (Service Pack 3) ကိုရွေး၍ Apply/Ok ပြုလုပ်ကာ သုံးစွဲနိုင်ပါသည် ။ ယင်းအဆင့်များ အားလုံးပြီးစီးပါက Internet Explorer (IE) ကိုဖွင့်၍ Tools>Internet Options>Connection> LAN Settings ကိုသွားရမည် ။ နောက်ဆုံး အဆင့်အနေဖြင့် Local Area Network (LAN) Settings တွင် no proxy ပြုလုပ်ပြီးပါက မိမိကွန်ပျူတာတွင် အင်တာနက် ချိတ်ဆက်မှု ရရှိသွားမည် ဖြစ်သည်။

အထက်ပါ အဆင့်များမှာ စတင် ချိတ်ဆက်ရာတွင်သာ ပြုလုပ်ရမည်ဖြစ်ပြီး နောက်ပိုင်း အသုံးပြုရာတွင် G-Talk, IE Firefox များဖွင့်သကဲ့သို့ Flexi ဖွင့်သွားရုံနှင့် အသုံးပြု၍ ရပြီဖြစ်သည်။ ယင်းချိတ်ဆက် အသုံးပြုမှုသည် ကွန်ပျူတာနှင့် ပတ်သက်ပြီး Install ပြုလုပ်ဖူးသူများ ကွန်ပျူတာနှင့် ရင်းနှီးပြီးသူများအတွက် လွယ်ကူသော်လည်း ကွန်ပျူတာနှင့် အနည်းငယ် စိမ်းနေသေးသူများမှာ ဖော်ပြပါ ပုံစံအတိုင်းပြုလုပ်၍ မရပါက နီးစပ်ရာ အင်တာနက်ဆိုင် ဝန်ထမ်းများ သို့မဟုတ် ကွန် ပျူတာ ဝန်ဆောင်မှု ပေးသူများထံတွင် ဝန်ဆောင်ခပေး၍ ပြုလုပ်နိုင်သည် ။

ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းဝန်ဆောင်မှု အတွက် စတင်နေပြီ ဖြစ်သော်လည်း လတ်တလော တွင် ယင်းစနစ်အတွက် အဓိကကျသည့် EVDO USB မိုဒမ်မှာ ပြင်ပဆိုင်များတွင် အနည်းငယ်သာ ရှိပြီး ၊ ဝယ်လိုအားများ၍ ဝယ်ယူရန် အခက်အခဲ ရှိကြောင်း နှင့် မြန်မာ့ဆက်သွယ်ရေးရုံးများတွင် ရောင်းချပေးနေကြောင်း သိရသည် ။


ရည်ညွှန်းချက် -
7Day News Journal 01/27/2011