Monday 17 December 2012

ဖုန်းလိုင်းမိလျင် ဝိုင်ဖိုင် (WiFi) ရှိ ၊ ဝိုင်ဖိုင်မိလျင် ဖုန်းလိုင်းရှိ

အချို့သော ကတ် (Prepaid) ဖုန်းများ နှင့် တန်ကြေးနည်း လိုင်း (Postpaid) ဖုန်းတို့မှာ ၊ ဆက်သွယ်ရေးဌာန ဆိုင်ရာ ချိုးခြံချွေတာရေးမူဝါဒကြောင့် အင်တာနက်လိုင်း သုံးမရ အောင် တားမြစ်ခံထားရသည်များ ရှိပါသည် ။ ထိုသို့သောဖုန်းများမှာ အခမဲ့ အင်တာနက်လိုင်း (WiFi) များနှင့် ပြည်ပခေါ်ဆိုမှုစသည်များလည်း သုံးခွင့်မရဖြစ်နေတတ်ပါသည် ။
မည်သူမဆို ဤ စကြာဝဠာအတွင်း မည်သည့်နေရာရောက်ရောက် ဖုန်းလိုင်းမိလျင် ၊ ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက် အခမဲ့ သုံးစွဲနိုင်ခွင့်ရှိပါသည် ။

မိတ်ဆွေတို့အနေဖြင့် ခေတ်မီစမတ်ဖုန်းနှင့်အတူ အင်တာနက်ဝိုင်ဖိုင်ကို အချိန်မရွေးသုံးစွဲလိုသည်ဆိုပါက ၊ ကိုရီးယား တယ်လီကောမ် (KT) မှ ထုတ်လွင့်ပေးနေသည့် အိုလေးဝိုင်ဖိုင်(Olleh-WiFi) အင်တာနက် ဆက်ကြောင်း သုံးစွဲခွင့်လျှောက်ထားခြင်းနှင့် အောက်ဖော်ပြပါဝန်ဆောင်မှုများကို အခမဲ့ (ဝန်ဆောင်ခမယူဘဲ) ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကြေညာမောင်းခတ်လိုက်ပါသည် -
- ပြည်ပခေါ်ဆိုမှု ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
- ဝိုင်ဖိုင်သုံးစွဲခွင့် ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
- ခေါ်ဆိုသူ နံပတ်များ မပေါ်အောင်ပိတ်ထားခြင်း သို့မဟုတ် ဖော်ခြင်း
- ဖုန်းကတ် အလိုအလျှောက်ဖြည့်သည့်စနစ်(Auto-Refill System) လျှောက်ထားခြင်း နှင့်
- ဖုန်းနှင့် ပတ်သက်သည့် ဝန်ဆောင်မှုအမျိုးမျိုး


ခင်မင်လေးစားမှုဖြင့်-

တယ်လီတော်ကီ
December 18, 2012.
Incheon Metropolitan.

2 comments:

  1. မိုးညှင်းနယ်မှာရလား

    ReplyDelete
  2. မိုးညှင်းနယ်မှာရလား

    ReplyDelete