Showing posts with label WiBro-Egg. Show all posts
Showing posts with label WiBro-Egg. Show all posts

Monday, 20 January 2014

တယ်လီတော်ကီ အရောင်းဆိုင်တွင် (အိတ်ဆောင် အင်တာနက် ဖမ်းစက်) WiBro Egg များ အလွတ်ရောင်းချပေးနေပါပြီ


- လိုင်းကြေး (MEMBERSHIP FEE) မရှိ
- လစဉ်ကြေး- ဝမ်၂၄,၀၀၀
- လစဉ် ဒေတာ (GIGA) - ကန့်သတ်မဲ့(UNLIMITED)
- ကြိုတင်ငွေပေးစနစ်ဖြင့် ကတ်ဖြည့်ပြီး အသုံးပြုရသည့်စနစ်ဖြစ်သည်
- စာချုပ်ချုပ်ဖို့ မလိုပါ ၊ (ဘဏ်စာအုပ်မိတ္တူမလို ၊နိုင်ငံခြားသားကတ်မလို)
- အသုံးမပြုလိုလျင် ၊ လိုင်းဖြတ်ဖို့မလို (ကြိုတင်ငွေမဖြည့်ဘဲ ထားလျင်လိုင်းပြတ်သည်)
- မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူအသုံးပြုနိုင်ပါသည်
- အခြားသူတစ်ဦးဦးသို့ လွတ်လပ်စွာ လွဲပြောင်းပေးနိုင်ပါသည်
- အလုံးရေ ကန့်သတ်ထားသည်
- အလိုရှိသူများ ဖေဖေါ်ဝါရီလ ပထမပတ် မတိုင်မှီ မှာကြားတော်မူကြပါ


လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန် ၂၁

Saturday, 13 April 2013

Teletalki (တယ်လီတော်ကီ) ရောင်းအားမြှင့် အေးဂျင့်(Sales Promotion Agent) များအလိုရှိသည်

တယ်လီတော်ကီရောင်းအားမြှင့် အေးဂျင့်(Sales Promotion Agent) များအလိုရှိသည်

တယ်လီတော်ကီက ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် ရောင်းအားမြှင့် အေးဂျင့်(Sales Promotion Agent) များအလိုရှိကြောင်းကြေညာအပ်ပါသည်-

- ဖုန်းကတ်(Calling Card)အမျိုးမျိုး လက်လီလက်ကားဖြန့်ချိခြင်း၊
- အင်တာနက်နှင့် အိတ်ဆောင်အင်တာနက်ဖမ်းစက်(WiBro Egg)များ ရောင်းချခြင်း ၊
- လက်ကိုင်ဖုန်း(Handset)အမျိုးမျိုး ရောင်းချခြင်း ၊
- လိုင်းဖုန်း(Postpaid)ကတ်ဖုန်း(Prepaid)များနှင့်ပတ်သက်၍ လိုင်းသစ်ဖွင့်ခြင်း ၊ လိုင်းပြောင်းခြင်း အမျိုးမျိုး ၊ နံပါတ်ပြောင်းခြင်း ၊ လိုင်းဖြတ်ခြင်း ၊ လိုင်းရပ်ခြင်း စသည့်ဝန်ဆောင်မှုများ ၊

=========================
- မူလအလုပ်မပျက် ၊ အလုပ်လုပ်ရင်း ၊ သွားရင်း လာရင်း ၊ နားနေရင်းဖြင့် ငွေအရင်းအနှီးမလိုဘဲ အပိုဝင်ငွေရရှိမည့် အလုပ်ဖြစ်သည် ။
=========================

- စိတ်ပါဝင်စားသူများ ဆက်သွယ်နိုင်ပါသည် ။
- တယ်လီတော်ကီ-
- Mobile : 010-2331-2457
- Office: 070-4204-2457
- Fax: 032-425-2457
- Email: teletalki2011@gmail.com
- Blog: http://teletalki.blogspot.kr

Friday, 21 December 2012

ကြက်ဥ (WiBro Egg) တစ်ဂီဂါ (1.G) ဘာတွေဘယ်လောက် သုံးလို့ရပါ့မလဲ


အင်တာနက် ကြက်ဥ (WiBro Egg) တစ်ဂီဂါ (1.G) ဘယ်လောက်သုံးလို့ ရပါသလဲလို့ မကြာခဏမေးကြပါတယ် ။ အကြမ်းဖျင်းအားဖြင့် ကြက်ဥ (WiBro Egg) တစ်ဂီဂါ အောက်ပါအတိုင်းသုံးလို့ရတယ်လို့ ဖရီးစီ(FreeC) ကြော်ငြာက ဆိုကြောင်း ပါခင်ဗျာ-



ခင်မင်လေးစားမှုဖြင့်-
တယ်လီတော်ကီ

Monday, 17 December 2012

ဖုန်းလိုင်းမိလျင် ဝိုင်ဖိုင် (WiFi) ရှိ ၊ ဝိုင်ဖိုင်မိလျင် ဖုန်းလိုင်းရှိ

အချို့သော ကတ် (Prepaid) ဖုန်းများ နှင့် တန်ကြေးနည်း လိုင်း (Postpaid) ဖုန်းတို့မှာ ၊ ဆက်သွယ်ရေးဌာန ဆိုင်ရာ ချိုးခြံချွေတာရေးမူဝါဒကြောင့် အင်တာနက်လိုင်း သုံးမရ အောင် တားမြစ်ခံထားရသည်များ ရှိပါသည် ။ ထိုသို့သောဖုန်းများမှာ အခမဲ့ အင်တာနက်လိုင်း (WiFi) များနှင့် ပြည်ပခေါ်ဆိုမှုစသည်များလည်း သုံးခွင့်မရဖြစ်နေတတ်ပါသည် ။
မည်သူမဆို ဤ စကြာဝဠာအတွင်း မည်သည့်နေရာရောက်ရောက် ဖုန်းလိုင်းမိလျင် ၊ ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက် အခမဲ့ သုံးစွဲနိုင်ခွင့်ရှိပါသည် ။

မိတ်ဆွေတို့အနေဖြင့် ခေတ်မီစမတ်ဖုန်းနှင့်အတူ အင်တာနက်ဝိုင်ဖိုင်ကို အချိန်မရွေးသုံးစွဲလိုသည်ဆိုပါက ၊ ကိုရီးယား တယ်လီကောမ် (KT) မှ ထုတ်လွင့်ပေးနေသည့် အိုလေးဝိုင်ဖိုင်(Olleh-WiFi) အင်တာနက် ဆက်ကြောင်း သုံးစွဲခွင့်လျှောက်ထားခြင်းနှင့် အောက်ဖော်ပြပါဝန်ဆောင်မှုများကို အခမဲ့ (ဝန်ဆောင်ခမယူဘဲ) ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကြေညာမောင်းခတ်လိုက်ပါသည် -
- ပြည်ပခေါ်ဆိုမှု ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
- ဝိုင်ဖိုင်သုံးစွဲခွင့် ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
- ခေါ်ဆိုသူ နံပတ်များ မပေါ်အောင်ပိတ်ထားခြင်း သို့မဟုတ် ဖော်ခြင်း
- ဖုန်းကတ် အလိုအလျှောက်ဖြည့်သည့်စနစ်(Auto-Refill System) လျှောက်ထားခြင်း နှင့်
- ဖုန်းနှင့် ပတ်သက်သည့် ဝန်ဆောင်မှုအမျိုးမျိုး


ခင်မင်လေးစားမှုဖြင့်-

တယ်လီတော်ကီ
December 18, 2012.
Incheon Metropolitan.

Friday, 14 December 2012

အင်တာနက် ကြက်ဥ (WiBro Egg) များ မှာယူနိုင်ပါပြီ

ကတ်ဖုန်းမို့ အင်တာနက်သုံးရတာအဆင်မပြေဘူး ဆိုသူများ ။
ဗိုင်ဘာ (Viber) နှင့် ဖရီးတော့(Free Talk) လုပ်လိုက်တာ ၊ 3-G မပိတ်မိလို့ ၊ ဖိုင်းဘီလ်တွေ အများကြီး ကျသွားတယ်ဆိုတဲ့ ညီအစ်ကိုများ ။
လိုင်းဖုန်းအင်တာနက်သုံးလိုက်တာ ဖုန်းဘီလ်တွေ ၅ သိန်း ၆ သိန်း ကုန်သွားလို့ ၊ အင်တာနက်မသုံးရဲပဲ စိတ်ညစ်နေသူများ ။
စက်ရုံသူဌေးက အင်တာနက်တပ်မပေးလို့ သူဌေးကိုမကျေမနပ်ဖြစ်နေသူများ ။
အင်တာနက်လိုင်းမရတစ်ချက်ရတစ်ချက်ဖြစ်နေသူများ။

---များ။ များ။ များ။

အားလုံးအားလုံးသော ညီအစ်ကိုမျာအတွက်-
မိမိသွားလေရာ အလွယ်တကူ သယ်ယူသွားလို့ရတဲ့ ၊
ဖုန်းနှင့်ချိတ်ဆက်ပြီး သုံးနိုင်သလို ၊ ပီစီ ၊ လက်ပ်တော့ ဘယ်ဟာနှင့်မဆို ချိတ်ဆက်ပြီး သုံးလို့ရတဲ့
တစ်ယောက်တည်းလည်း သုံးနိုင်သလို အများဆုံး မိတ်ဆွေ ၇ ယောက်အထိ တစ်ပြိုက်နက်တည်း အသုံးပြုလို့ရတဲ့ ၊
ကေတီ အင်တာနက်ကြက်ဥ (WiBro Egg) များ ၊ တယ်လီတော်ကီထံ မှာကြားရယူနိုင်ပြီဖြစ်ကြောင်း ကြေညာမောင်းခတ်လိုက်ပါတယ်ခင်ဗျာ ။

ဈေးနှုန်းကတော့ အောက်ပါ (ပုံ) အတိုင်းပါ-

လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ