Friday 2 December 2011

လက်ကိုင်ဖုန်းအသုံးပြုသူတိုင်း ကေတီထံမှ ပြန်အမ်းငွေ ၄၅ ရာခိုင်နှုန်းထိ လျှောက်ထားရယူ နိုင်ပါပြီ

//Advertisement / ကြော်ငြာ / 광고 /廣告/ の広告/विज्ञापन/إعلان/реклама//

မသိသူကျော်သွား သိသူဖော်စား
KT (ကိုရီးယားတယ်လီကောမ်)သည် ၊ ဖုန်းသုံးစွဲခများကောက်ခံရာတွင် မလိုလားအပ်သော ဆုံးရှုံးမှုများရှိနေသဖြင့် ကိုယ်စားလှယ်များမှတစ်ဆင့် အဆင့်ဆင့်ရောင်းဝယ်သည့်စနစ် (Multi-level Marketing System) မှ ဖုန်းအသုံးပြုသူများသို့ တိုက်ရိုက်ရောင်းဝယ်သည့်စနစ် (Direct Marketing System) သို့ပြောင်းလဲအသုံးပြုနေပြီဖြစ်ကြောင်း ၊ ထိုသို့ ပြောင်းလဲအသုံးပြုရာတွင် လက်ကိုင်ဖုန်းအသုံးပြုသူများ အဆင်ပြေသက်သာမှုရှိစေရန်နှင့် စနစ်သစ်အတိုင်း ဆောင်ရွက်နိုင်ကြစေရန် ဆွဲဆောင်မှုအဖြစ် ဖုန်းသုံးစွဲခနှုန်းထားကို ၃၀ ရာခိုင်နှုန်းလျှော့ပေးသည့်အပြင် လက်ငင်းလျှော့ငွေ ၅ ရာခိုင်နှုန်းနှင့် နှစ်ပြည့် လျှော့ငွေ(Rebate) အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှ အများဆုံး ၄၀ ရာခိုင်နှုန်းထိ ပြန်လည်ထုတ်ပေးလျက်ရှိကြောင်းသိရသည် ။

အပိုကြေးနှင့် အကျိုးဆောင်ခပေးဖို့မလို
သို့ဖြစ်ရာ လက်ကိုင်ဖုန်း အသုံးပြုသူတိုင်း KT (ကိုရီးယားတယ်လီကောမ်) ထံမှ ပြန်အမ်းငွေများ လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း (အသေးစိတ်သိလိုသူများ ဤနေရာတွင်ကြည့်ရှုပါရန်) ၊ မိမိတို့ ဖုန်းသုံးစွဲခအပေါ်မူတည်လျက် အနည်းဆုံး ၂၅ ရာခိုင်နှုန်းမှ အများဆုံး ၄၅ ရာခိုင်နှုန်းထိရရှိနိုင်ကြောင်း ၊ ထိုသို့ ပြန်အမ်ငွေများ ပြန်လည် လျှောက်ထား ရယူနိုင်ရန် မည်သည့် ကုမ္ပဏီ / မည်သည့်ဌာန / မည်သည့်ကိုယ်စားလှယ် အစရှိသည့် မည်သူ့ကိုမျှ ၊ အကျိုးဆောင်ခ /ကော်မရှင် စသည့် အပိုကြေးများ ပေးဆောင်ရန်မလိုကြောင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဆင်ပြေစွာ လျှောက်ထားရယူနိုင်ကြစေရန်အလို့ငှာ ကိုရီးယားနိုင်ငံတွင် မြန်မာတို့အတွက် မြန်မာတယ်လီဖုန်း အရောင်းကိုယ်စားလှယ် တယ်လီတော်ကီ (teletalki) က ကူညီ ဆောင်ရွက်ပေးနေကြောင်း ၊ လျှောက်ထားရာတွင် လက်ရှိအသုံးပြုနေသည့် ဖုန်းနံပါတ် ၊ ဖုန်းပိုင်ရှင်၏ အိုင်ဒီကပ်ပြား မိတ္တူ (ရှေ့ ၊ နောက်) ၊ ဘဏ်စာအုပ်မိတ္တူ (ရှေ့ဆုံးစာမျက်နှာ) တို့တင်ပြရမည်ဖြစ်ကြောင်း သိရသည် ။

ပြန်အမ်းငွေများကို ကတ်ဖုန်း (Prepaid Phone) များခံစားခွင့်မရှိကြောင်း ၊ သို့ရာတွင် ကတ်ဖုန်းမှ လိုင်းဖုန်းအဖြစ် ပြောင်းလဲပြီး ၊ အဆိုပါ တိုက်ရိုက်ငွေချေစနစ် (Direct Payment System: DPS) ဖြင့် အသုံးပြုမည်ဆိုပါက သုံးစွဲခလျှော့ငွေ ၃၀ ရာခိုင်နှုန်းအပြင် ၊ (လက်ငင်းလျှော့ငွေ ၅ ရာခိုင်နှုန်းအပါအဝင်) နှစ်ပြည့်လျှော့ငွေ ၄၅ ရာခိုင်နှုန်းထိကို ခံစားခွင့်ရှိကြောင်း သိရသည် ။

အဆိုပါ တိုက်ရိုက်ငွေချေစနစ် သက်သာခွင့် လျှောက်ထားလိုသူများ အောက်ပါအတိုင်း ဆက်သွယ်နိုင်ကြပါကြောင်း သတင်းကောင်းပါးအပ် ပါသည် -

Mobile: 010-2331-2457,
Email: teletalki2011@gmail.com,
Tel: 070-4204-2457,
Fax: 02-2637-2457
Web: http://mistertt.firstmall.kr

သိသူစံစား မသိသူချန်ထား
ကေတီသည့် သုံးစွဲသူများသို့ တိုက်ရိုက်ရောင်းဝယ်သည့်စနစ် သို့မဟုတ် ကွန်ယက် ရောင်းဝယ်ရေးစနစ် (Network Marketing System) ကိုအသုံးပြုလျက် တိုက်ရိုက်ငွေချေစနစ်ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၊ သို့ဖြစ်ရာ ကိုရီးယားနိုင်ငံတွင် ဖုန်းအရောင်းကိုယ်စားလှယ် ၈ ထောင်ကျော်မှတ်ပုံတင်ထားသော်လည်း ဤစနစ်ကို အသုံးပြုရာ၌ အရောင်းကိုယ်စားလှယ်များအား ကော်မရှင်ခံစားခွင့် ပေးမထားသဖြင့် ကိုရီးယား ဖုန်းအရောင်းကိုယ်စားလှယ်များအနေဖြင့် ဖုန်းအသုံးပြုသူများအား ဤစနစ်အကြောင်း အသိပေးလိုခြင်းမရှိဘဲ ပိုနေမြဲကျားနေမြဲ စနစ်ဟောင်းအတိုင်း အကျိုးခံစားနေကြကြောင်း ၊ ဖုန်းအသုံးပြုသူများအား တိုက်ရိုက် အကျိုးခံစားခွင့်ပေးထားခြင်းဖြစ်ရာ ဤစနစ်ကို သိရှိသည့် ဖုန်းသုံးစွဲသူများသာ အကျိုးခံစားခွင့်ကိုရရှိကြပြီး မသိသူများမှာ ရှေးရိုးစွဲနည်းများအတိုင်းသာ သွားနေကြသဖြင့် ဤစနစ်ကျင့်သုံးနေသည်မှာ ၂ နှစ်ကျော်ရှိလာသည့်တိုင် ဤစနစ်၏ အကျိုးခံစားခွင့်ရရှိသူ ၂ ရာခိုင်နှုန်းသာ ရှိသေးကြောင်းသိရသည် ။

တယ်လီတော်ကီ (teletalki) ဘာလဲ
တယ်လီတော်ကီ (teletalki) သည် မြန်မာများအတွက် အကျိုးဆောင်ရွက်နိုင်ရန်အလို့ငှာ ကိုရီးယားနိုင်ငံအစိုးရထံ၌ ဖုန်းအရောင်း ကိုယ်စားလှယ်အဖြစ် ဥပဒေအရ မှတ်ပုံထင်ထားရာ ၄င်း၏ လုပ်ငန်းလိုင်စင်အမှတ်မှာ 113-21-57949 (ကလစ်) ဖြစ်ပြီး ၊ ဥပဒေအရ အောန်လိုင်း အရောင်းအဝယ်လုပ်ငန်း (통신판매업) အဖြစ်လည်း မှတ်ပုံတင်ထားရကြောင်း ၄င်း၏ အောန်လိုင်းမှတ်ပုံတင်အမှတ်မှာ 2011-seoulguro-0552 (ကလစ်) ဖြစ်ကြောင်း ၊ ထို့ပြင် ရောင်းဝယ်ဖောက်ကားသူများ ဆုံးရှုံးနစ်နာမှုရှိမည့် ကိစ္စဖြစ်ပေါ်လာပါက ဥပဒေအရ ကုစားနိုင်ရန် ဆောအူးလ် အာမခံဌာန(SEOUL GUARANTEE INSURANCE COMPANY) တွင် အထူးအာမခံစနစ်ကို ဝယ်ယူထားရာ အာမခံရှယ်ယာရှင် (증권번호) အမှတ်မှာ 100-000-2011-0234-1710 ဖြစ်ကြောင်း ၊ တယ်လီတော်ကီဖြင့် ရောင်းဝယ်ဖောက်ကားမှုကြောင့် ၊ ဆုံးရှုံးမှုတစ်စုံတစ်ရာရှိသည် ဆိုပါက ၄င်းအမှတ်ကိုရည်ညွှန်း၍ အာမခံဌာနတွင် လျော်ကြေးရလိုကြောင်း လျှောက်ထားမည်ဆိုပါလျင် အာမခံကုမ္ပဏီက စီစစ်ပြီး လျော်ကြေးငွေ ထုတ်ပေးလိမ့်မည်ဖြစ်ကြောင်း သိရသည် ။

"သိသူစံစား မသိသူချန်ထားဆိုသော်လည်း တယ်လီတော်ကီအနေဖြင့်မူ မသိသူများကိုလည်း ချန်မထားလိုပါ ။ မသိသူကျော်သွား သိသူဖော်စား မြန်မာဆိုရိုးစကားရှိသည့်တိုင် ၊ မသိ၍ ကျော်သွားသည့် မြန်မာများလည်း မဖြစ်စေလိုပါ ၊ သိ၍ ဖော်စားသော မြန်မာများ သိ၍စံစားနိုင်သော မြန်မာများသာ ဖြစ်စေပါသည် "ဟု တယ်လီတော်ကီက ဆိုပါသည် ။

လေးစားမှုဖြင့်-
မစ္စတာ တီတီ

No comments:

Post a Comment