Saturday 24 December 2011

လက်ကိုင်ဖုန်း အားသွင်းနေစဉ် ဖုန်းခေါ်ဆိုခြင်း ၊ လက်ခံပြောဆိုခြင်းမပြုသင့်

လွန်ခဲ့သော ရက်ပိုင်းကဖြစ်ပါသည် ။ လူငယ်တစ်ယောက် အိမ်တွင် အနားယူရင်း ၊ လက်ကိုင်ဖုန်း ဘက်ထရီ အားသွင်းနေပါသည် ။ ထိုအချိန်တွင် မိတ်ဆွေတစ်ဦးထံမှ ဖုန်းဝင်လာပါသည် ။ ဘက်ထရီ အားသွင်းနေသည့် အနေအထားဖြင့်ပင် ဖုန်းကိုင်လိုက်ပြီး ၊ စကားပြောခဲ့သည်ဟု ဆိုပါသည် ။

ဖုန်းအတွင်း လျှပ်စစ်စီးဝင်မှုဖြစ်ပေါ်နေပြီး ၊ လူငယ်မှာ ဓါတ်လိုက်ခံရပါသည် ။ ဖုန်းကို ကြမ်းပြင်ပေါ်သို့ အားဖြင့် ရုတ်တရက် ပစ်ချလိုက်သည်ဟု ဆိုပါသည် ။
မိတ်ဆွေတို့ ပုံတွင်မြင်တွေ့ရသည့်အတိုင်း လက်ကိုင်ဖုန်းမှာ ပေါက်ကွဲမှုဖြစ်သွားခဲ့သည်ဟု ဆိုပါသည် ။
လူငယ်၏ မိဘများ လူငယ်ရှိရာသို့ အပြေးရောက်လာကြသော်လည်း ၊ လူငယ်မှာ သတိမေ့မြောနေပြီး ၊ နှလုံးခုန်နှုန်းမှာ ပုံမှန်မဟုတ်ဘဲ ၊ လက်ချောင်းများမှာလည်း ပုံတွင်မြင်တွေ့ရသည့်အတိုင်း မီးလောင်ထားသည်ကို စိတ်နှလုံး မချမ်းမြေ့စွာ မြင်တွေ့ကြရသည်ဟု ဆိုပါသည် ။
လူငယ်လေးအား နီးစပ်ရာဆေးရုံ (University of Miami Hospital) သို့ အချိန်မှီ တင်ပို့နိုင်ခဲ့သော်လည်း ၊ ဆေးရုံအရောကတွင် လူငယ်မှာ အသက်မရှိတော့ကြောင်း သိကြရသည်ဟု ဆိုပါသည် ။
ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချနေကြသော ခေတ်ပေါ် လက်ကိုင်ဖုန်းများမှာ လူတို့အတွက် အသုံးဝင်လှပါသည် ။ သို့ရာတွင် အဆိုပါ ခေတ်ပေါ် ပစ္စည်းလေးမှာ ၊ “ လူကိုသေစေနိုင်သော ပစ္စည်းဖြစ်သည် ” ဆိုသည် ကိုလည်း သတိမမေ့ကြစေလိုပါ ။
လက်ကိုင်ဖုန်း ကို လျှပ်စစ်ကြိုးဖြင့် ဆက်သွယ်ထားစဉ် (အားသွင်းနေစဉ်) ဖုန်းခေါ်ဆိုခြင်း ၊ လက်ခံပြောဆိုခြင်းမပြုသင့်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။
လေးစားမှုဖြင့် -
Mr TT

မှတ်ချက် -
အီးမေးလ်မှ ဝင်လာသော စာကို ဆီလျော်သလို ဘာသာပြန် လက်ဆင့်ကမ်းဖြန့်ဝေလိုက်ခြင်းဖြစ်ပါသည် ။ မူလ အီးမေးလ် ပေးပို့ရက်စွဲမှာ (Friday, April 22, 2011 14:55:42) ဖြစ်သဖြင့် ရှစ်လ ခန့်ကြာနေပြီဖြစ်သော်လည်း ၊ မဖတ်ရသေးလျင် အသစ်ဟု သဘောထားပြီး ၊ ဖတ်ကြစေလိုပါသည် ။

No comments:

Post a Comment