Friday 2 December 2011

အိုင်ဖုန်းသည် စမတ်ဖုန်း မဟုတ်ရခြင်းအကြောင်းရင်းများ

DeeDoDee (blog.royal-myanmar.com) ရဲ့ မှတ်ချက်
လွန်ခဲ့တဲ့ ပို့စ်မှာ အိုင်ဖုန်းဟာ စမတ်ဖုန်း မဟုတ်ကြောင်း တင်ပြခဲ့ပါတယ် ။ အဲသည် တင်ပြချက်အပေါ်မှာ ၊ နက်တီဇင် ဒီးဒိုဒီးက -
အာ .. Iphone ကို smart phone မဟုတ်ဘူးဆို ဘယ်ဖုန်းကိုများ smart phone သက်မှတ်မှာလာလိမ့် .....
Smart Phone para-dime မှာ apple ရဲ့ Iphone တွေက စံ(pioneer)ပဲ
Digital TV ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Samsung Sony Toshiba ဆိုပီး ကိုယ့် brand နဲ့ကိုယ်ထုတ်သလိုမျိုး ..
Smart Phone ဆိုတဲ့အောက်မှာလဲ iPhone BlackBerry Nokia အဲ့ဒီလိုအမျိုးမျိုး ရှိနေတာပါ ..
Smart Phone ဆိုတာ ဖုန်းအမျိုးအစားမဟုတ်ပါဘူး Standard တစ်ခုပါ . အဲ့ဒီ standard နဲ့အညီထုတ်ထားတဲ့ ဖုန်းမှန်သမျဟာ smart phone တွေပါပဲ .
.” လို့ ကောမ်မန့်ပေးသွားပါတယ် ။ ကျေးဇူးအထူးတင်ရှိပါတယ် ။ မှန်ပါတယ် ။ ကျနော်လည်း ဖုန်းအရောင်းကိုယ်စားလှယ် သင်တန်းတွေ မတက်ရသေးခင်က ဒီးဒိုဒီးလိုပဲ အိုင်ဖုန်းဟာလည်း စမတ်ဖုန်းအမျိုးအစား တစ်ခုလို့ ထင်ထားခဲ့တာပါ ။ သင်တန်းတက်ပြီးတော့မှ အော် အိုင်ဖုန်းဆိုတာ စမတ်ဖုန်းမဟုတ်ဘူးလို့ သိခဲ့ရတာပါ ။

ကျနော့်သဘောအရပြောရရင်
ကျနော့်သဘောအရ အိုင်ဖုန်းဟာ စမတ်ဖုန်းမဟုတ်ကြောင်း ပြောရရင်တော့ ၊ ဘက်ထရီဟာ တစ်ခါတည်း အသေထည့်ထား(Built-in)တဲ့ အတွက် ၊ အဆင်မပြေဘူး ။ အိုင်ဖုန်းအကြောင်း သေသေခြာခြာ မသိကြသေးတဲ့ ကျနော့်မိတ်ဆွေ အတော်များများ အိုင်ဖုန်းကြိုက်ကြပါတယ် ။ သူတို့ရဲ့ အိုင်ဖုန်းတွေက တစ်ခါအားအပြည့်သွင်းထားရင် ၄နာရီလောက်ပဲခံတယ် ။ ၄ နာရီကျော်မယ့် ခရီးထွက်တဲ့အခါမျိုးမှာ အားသွင်းဖို့ ကြိုးတွေပါ ယူသွားရတယ် ။ အားသွင်းတဲ့ကြိုးက ယူအက်စ်ဘီပုံစံ (U.S.B Type) ဆိုတော့ ၊ ကိုရီးယားမှာ အများပြည်သူတွေ အခမဲ့အသုံးပြုနိုင်တဲ့ ဘက်ထရီအားဖြည့်တဲ့နေရာတွေမှာ သုံးလို့မရသေးပါဘူး ။ နောက်ပိုင်း နောက်ဆက်တွဲ ဘက်ထရီ ထုတ်လာပေမယ့် ၊ အဆင်မပြေသေးတာတော့အမှန်ပါ ။ ဘက်ထရီမကောင်းလို့ အသစ်လဲချင်ရင် ဖုန်းတစ်ခုလုံးလဲမှပဲရတယ် ။ ဒီတစ်ခုတည်းနှင့် ပဲ အိုင်ဖုန်းဟာ စမတ်မကျတော့ဘူး ။

နောက် မြန်မာတွေအသည်းစွဲဖြစ်နေတဲ့ ကိုရီးယားဒရမ်မာတွေကို ဒီအမ်ဘီစနစ်နှင့် ၂၄ နာရီအခမဲ့ လွင့်ထုတ်ပေးနေတယ် ။ အဟောင်းတွေလည်း ကြည့်လို့ရသလို အသစ်စက်စက်တွေလည်းရှိတယ် ။ ကိုရီးယား (Samsung, LG etc.) ထုတ် စမတ်ဖုန်းတွေအားလုံး အခမဲ့ သုံးလို့ရနေတဲ့ ဒီအမ်ဘီ (Digital Multimedia Broadcasting) ကို အိုင်ဖုန်းက သုံးလို့မရ ဖြစ်နေတာကတော့ ကိုရီးယားဒရမ်မာ ကြိုက်တဲ့မြန်မာတွေအတွက် ဝမ်းနည်းရတဲ့ အချက်တစ်ခု ဖြစ်နေပါတယ် ။

ကိုရီးယားပြင်ပက သူတွေ ဒါတွေမသိကြပါဘူး ။ ဒါကြောင့် ကိုရီးယားပြည်တွင်းမှာပဲ သုံးမယ်ဆို စမတ်ဖုံးကို အိုင်ဖုန်းယှဉ်လို့မရဘူးဖြစ်နေတယ် ။ ဒါတွေကြောင့် အိုင်ဖုန်းဟာ စမတ်ဖုန်း မဟုတ်ဘူးလို့ ပြောချင်ပါတယ် ။ ကျနော့်ရဲ့ သဘောထားပါ ။ ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေပြောတဲ့ စကားဖတ်ကြည့်ကြပါဦးစို့ ။

စမတ်ဖုန်းရဲ့အဓိပ္ပါယ်
အိုင်ဖုန်းသည်စမတ်ဖုန်းမဟုတ် (iPhone is not smartphone) ဆိုတာ ကျနော့်လို သာမညောင်ည ကောင်လေးတစ်ယောက်က ပြောတဲ့ စကားမဟုတ်ပါ ။ ပညာရှင်တွေက ပြောတဲ့စကားပါ ။ ဝိုင်ယာလက်စ်လုပ်ငန်းများ ခွဲခြမ်းစိတ်ဖြာလေ့လာရေးအဖွဲ့ (wireless industry analyst firm) တစ်ခု ဖြစ်တဲ့ အေဘီအိုင် သုတေသန (ABI Research)က ပညာရှင်တွေက ပြောတဲ့စကားပါ ။ သူတို့ရဲ့ သတင်းထုန်ပြန်ချက်မှာ-
“A report from wireless industry analyst firm ABI Research released today proclaims that the new Apple iPhone does not fall within the firm’s standard definition of a smartphone, due to restrictions Apple has placed on the phone against the inclusion of third-party applications.”
/အိုင်ဖုန်းဟာ အေပဲလ်က ထုတ်တဲ့ ဆော့်ဝဲလ်မှအပ အခြားသော ကုမ္ပဏီက ထုတ်တဲ့ အပလီကေးရှင်းတွေကို သုံးလို့မရအောင် လုပ်ထားတဲ့အတွက် ၊ စမတ်ဖုန်းရဲ့ စံပြုအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အကျုံးမဝင်ဘူး / (ကလစ်)
လို့ ဆိုထားပါတယ် ။

အိုင်ဖုန်းရဲ့ အားနည်းချက်တွေ
ဒါ့အပြင် သုတေသနပညာရှင် မိုက်ကယ်ဂါးရ်တင်ဘတ်(Engadget pal Michael Gartenberg) ကလည်း အိုင်ဖုန်းဟာ မိခင်ကမ္ပဏီဆော့ဖ်ဝဲကိုပဲ သုံးလို့ရတယ် ။ အထွေထွေသဘောတူ သတ်မှတ်ထားချက် (conventional terms) အရ စမတ်ဖုန်းဆိုတာ အခြားသော ဆော့်ဖ်ဝဲတွေကို သုံး (install) ဖို့ ခွင့်ပြုရမယ်လို့ ဆိုထားပါတယ် ။
ဒါ့အပြင် အိုင်ဖုန်းရဲ့ အားနည်းချက်တွေကို ဆက်လက်ဖော်ပြထားရာမှာ -
• No 3G. We know you know, but still, it hurts man.
• No over the air iTunes Store downloads or WiFi syncing to your host machine.
• No expandable memory.
• No removable battery.
• No Exchange or Office support.
လို့ ဖော်ပြထားပါတယ် (ကလစ်) ။ ဒါကြောင့် အိုင်ဖုန်းသည် စမတ်ဖုန်း မဟုတ်လို့ ကျနော်တို့ မှတ်ယူကြရခြင်းဖြစ်ပါတယ် ။

အိုင်ပက် ဆိုတာကို စမတ်ပက်လို့ပြောလို့ရမှာမဟုတ်သလို ၊ စမတ်ဖုန်းခေတ်ဆိုတာကိုလည်း အိုင်ဖုန်းခေတ်လို့ပြောလို့ရမည်မဟုတ်ပါ ။ စမတ်တီဗီဆိုတာကိုလည်း အိုင်တီဗီလို့ပြောလို့ရမည်မဟုတ်ပါ ။ စမတ်ဖုန်းသည်စမတ်ဖုန်း ၊ အိုင်ဖုန်းသည် အိုင်ဖုန်းသာ ဖြစ်ကြောင်းပါ ခင်ဗျာ ။

“All of Smart-man in Korea uses the Smartphone.”

လေးစားမှုဖြင့် -
မစ္စတာတီတီ

ရည်ညွှန်းချက်များ-
- http://www.bbhub.com/2007/01/26/analysts-think-iphone-is-not-a-smartphone/
- http://www.afterdawn.com/news/article.cfm/2007/01/27/apple_iphone_is_not_a_smartphone
- http://www.betanews.com/article/Report-Apple-IPhone-Not-a-Smartphone/1169746276
- http://www.engadget.com/2007/01/09/the-iphone-is-not-a-smartphone/

No comments:

Post a Comment