Tuesday 3 January 2012

မြန်မာ့ဆဲလ်လူလာဖုန်းများ ဇန်နဝါရီလအတွင်း ပိတ်သိမ်းမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငှားရမ်းအသုံးပြုခွင့်ပေးထားသော 09-80 ... ၊ 72 ... နံပါတ်များနှင့် စသော ဆဲလ်လူလာဖုန်းများ၏ ဆက်သွယ်မှုစနစ်ကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (မန္တလေး) ထံမှ စုံစမ်းသိရှိရသည် ။

ဆဲလ်လူလာတယ်လီဖုန်း စခန်းများကို ပိတ်သိမ်းမည်ဖြစ် သဖြင့် ယင်းဖုန်းအစား GSM, CDMA 450 နှင့် 800 MHz များသို့ အခမဲ့ပြောင်းလဲပေးမည်ဖြစ်သောကြောင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဖုန်းပြောင်းလဲ ကိုင်ဆောင်ခွင့် လျှောက်ထားနိုင်ကြောင်း၊ ယင်းကြောင့် ဆဲလ်လူလာဖုန်းသုံးစွဲသူများအနေဖြင့် လက်ရှိသုံးစွဲသူအမည်၊ လိပ်စာ၊ ဝန်ခံချက် တို့ဖြင့် လျှောက်ထားနိုင်ကြောင်း၊ ဆဲလ်လူလာဖုန်းမှ ၊ GSM, CDMA ပြောင်းလဲခွင့်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်လျှောက်ထားနိုင်ကြောင်း ယင်းဌာနထံမှ ထပ်မံသိရသည် ။
CDMA ခြင်းဖုန်းများကို အခြားမိုဘိုင်းလ်ဖုန်းများနှင့် လဲလှယ်ပေးမည်ဟု ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလ အတွင်းက ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းအရေအတွက် ၁,၃ဝ၆,၃၅ဝ လုံးနှင့် အော်တိုတယ်လီဖုန်း ၈၆၆,ဝ၈၄ လုံးရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ထုတ်ပြန်ထားချက်များအရသိရသည် ။

Sources:
- The Voice (8/3)

No comments:

Post a Comment