Friday 27 January 2012

ငါးထောင်တန်ဖုန်းအစီအစဉ် ဆက်သွယ်ရေးထံ ကမ်းလှမ်း

ရန်ကုန်၊ ဇန်နဝါရီ ၂၆
အစိုးရခွင့်ပြုချက်ရလျှင် ကျပ်ငါးထောင်တန်ဖုန်း ရောင်းချမည်ဟုဆိုသော ရွှေပြည်တံခွန်ကုမ္ပဏီ၏ ငါးထောင်တန်ဖုန်းကိစ္စကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းထံသို့ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းစာနှင့် အစီအစဉ်အသေးစိတ်ကို ဇန်နဝါရီလ၂၅ ရက်နေ့က တင်ပြထားကြောင်း ယင်းကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထန်ကျင်တောင်းက The Voice Weekly သို့ ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းလိုင်းလေးသန်းစီမံချက်ကို ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငါးထောင်တန်ဖုန်းချထားပေးနိုင်ခြင်းရှိ ၊ မရှိမေးခွန်းနှင့် ပတ်သက်၍ ''အစိုးရခွင့်ပြုရင် ဘာမဆိုဖြစ်ပါတယ် ။ အခုက သူတို့ခွင့်ပြုချက်ကို ထိုင်စောင့်နေတာပါ'' ဟု ၄င်းကဆို သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်ဖုန်းဌာနအင်ဂျင်နီယာချုပ် ဦးစိုးအောင်က အဆိုပါငါးထောင်တန် ဖုန်း စာတင်ခြင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့မသိရှိကြောင်း The Voice Weekly ၏ မေးမြန်းချက်ကို ပြန်လည် ဖြေပေးသည်။
''ဒီကိစ္စဖြစ်နိုင် မဖြစ်နိုင် လူကြီးပိုင်းတွေပဲ သိတဲ့ကိစ္စပါ ။ ကျွန်တော်တို့ မသိပါဘူး'' ဟု ၄င်းကဆိုသည်။
Sources:
- The Voice Weekly (8/7)

No comments:

Post a Comment