Monday 14 May 2012

မြန်မာ အီးပီလုပ်သားလောင်းများအတွက် ဖုန်း(2-G Handset)များ အခမဲ့ဖြန့်ဝေပေးနေကြောင်း အသိပေးခြင်း

မြန်မာ အီးပီလုပ်သားလောင်းများအတွက် ဖုန်း(2-G Handset)များအခမဲ့ဖြန့်ဝေပေးနေကြောင်း အသိပေးခြင်း

အင်ချောန်း ၊ မေ ၁၄
တယ်လီတော်ကီသည် ၊ မြန်မာအီးပီလုပ်သားလောင်းများ ကိုရီးယားနိုင်ငံသို့ ရောက်လျင်ရောက်ချင်း ကိုယ်ပိုင် လက်ကိုင်ဖုန်းများ အသုံးပြုပြီး မိဘဆွေမျိုးမိတ်သင်္ဂဟများထံ အဆက်အသွယ်ပြုနိုင်ကြစေရေး နှင့် မိမိတို့အခက်အခဲများကို သက်ဆိုင်ရာများသို့ အမြန်ဆုံး ဆက်သွယ် တင်ပြ ညှိနှိုင်း ဖြေရှင်းနိုင်ကြစေရေးအတွက် ၊ 2-G Handset လက်ကိုင်ဖုန်းများကို အခမဲ့ ပေးဝေလျက်ရှိပါကြောင်း လေးစားစွာအသိပေးအပ်ပါသည် -
အစီအစဉ်နှင့်စည်းကမ်းချက်များမှာ -
- မြန်မာပြည်မှ လာမည့်မိတ်ဆွေ(လုပ်သားလောင်း)များ

- မိတ်ဆွေတို့၏ နိုင်ငံကူးလက်မှတ်မိတ္တူ (ရှေ့ဆုံးစာမျက်နှာ) ကို ဖက်စ် သို့မဟုတ် အီးမေးလ်ဖြင့် (မလာမှီ၂ရက်) ကျြိတင်ပေးပို့ထားရပါမည် ။
- မိတ်ဆွေတို့ မှာကြားထားသော လက်ကိုင်ဖုန်းကို အင်ချောန်းလေဆိပ်သို့ ရောက်လျင်ရောက်ချင်း ၊ လွဲပြောင်းပေးပါမည်။ (ဖုန်း၁သောင်းဖိုး ပြောနိုင်သော ၊ ဖုန်းကတ်(Refill Card)ဖိုး ဝမ် ၁ သောင်း ကိုမူ ၊ လက်ငင်းပေးချေရပါမည် ။)
- နိုင်ငံကူးလက်မှတ်မိတ္တူပေးပို့ချိန်တွင် ၊ နှစ်သက်ရာ နံပါတ်(နောက်ဆုံး၎လုံး)ရှိပါက ကြိုတင်ပြောကြား မှာထားနိုင်ပါသည် ။
- ကိုရီးယားရောက်ရှိပြီး မိတ်ဆွေ(လူသစ်)များ

- မိတ်ဆွေတို့၏ နိုင်ငံကူးလက်မှတ်မိတ္တူ (ရှေ့ဆုံးစာမျက်နှာ) သို့မဟုတ် နိုင်ငံခြားသားစီစစ်ရေးကတ်မိတ္တူ (ရှေ့နောက်) ကို ဖက်စ် သို့မဟုတ် အီးမေးလ်ဖြင့် ပေးပို့ရပါမည် ။
- မိတ်ဆွေတို့ မှာကြားထားသော လက်ကိုင်ဖုန်းကို စက်ရုံ သို့မဟုတ် အလုပ်ရုံ သို့ ပို့ခ ပေးရွေးစနစ်ဖြင့် စာတိုက်မှ ပို့ပေးပါမည်။
- ဖုန်း၁သောင်းဖိုး ပြောနိုင်သော ၊ ဖုန်းကတ်(Refill Card)ဖိုး ဝမ် ၁ သောင်း ကိုမူ ၊ ကြိုတင် ပေးချေရပါမည် ။
- လိုအပ်သောစာရွက်စာတမ်းမိတ္တူနှင့် အတူ နှစ်သက်ရာ နံပါတ်(နောက်ဆုံး၎လုံး)ရှိပါက ကြိုတင်ပြောကြားမှာထားနိုင်ပါသည် ။

- မှတ်ချက်များမှာ-
- လက်ကိုင်ဖုန်း အခမဲ့ပေးဝေခြင်းအတွက် မည်သည့် အဖိုးစားနားကိုမျှ တောင်းဆိုခြင်းပြုမည်မဟုတ်ပါ ။
- မည်သည့်စာချုပ် မျှလည်း ချုပ်ဆိုရန် မလိုအပ်ပါ ။
- အခမဲ့ဖုန်းကို ၃ လ အတွင်း ဖျက်သိမ်းခြင်းမပြုလျင် လုံလောက်ပါသည် ။
စိတ်ပါဝင်စား အလိုရှိသူများ ၊ အောက်ပါအတိုင်း ဆက်သွယ် ဆောင်ရွက်နိုင်ပါသည် -
*ဖုန်း - 032-425-2457
*ဖုန်း -010-6629-1508,Lady Jein
*ဖုန်း -010-6772,0234,Kyaw San Linn
*ဖက်စ် -0505-988-4483
*အီးမေးလ်- teletalki2011@gmail.com

No comments:

Post a Comment