Wednesday 25 July 2012

ကိုရီးယားမှာ လိုင်းဖုန်း ဝယ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်………..

ကိုရီးယားနိုင်ငံမှာ (Postpaid Phone) နောက်ရှင်းဖုန်း ၊ လိုင်းဖုန်းလို့လူသိများတဲ့ အရင်ပြောပြီး ပြောခကျသင့်ငွေကို လကုန်ပြီး အကြွေးတောင်းစာထွက်လာမှ ရှင်းပေးရတဲ့ အကြွေးစံနစ်ဖုန်း ဝယ်မယ်ဆိုရင် ၊ (ဆက်သွယ်ရေးလုပ်ငန်း) လိုင်းကြီး ၃ လိုင်းအနက် ဘယ်လိုင်းမှာပဲဖြစ်ဖြစ် -
- နိုင်ငံ(ခြား)သားစီစစ်ရေးကပ် (Alien Registration Card) မိတ္တူ (ရှေ့နောက်) ရယ် ၊
- နိုင်ငံ(ခြား)သားစီစစ်ရေးကပ်နှင့် လုပ်ထားတဲ့ ဘဏ်စာအုပ်(Pass Book)မိတ္တူရယ်လိုပါတယ် ။
ဒါကြောင့် ၊ ရိုးရိုး အလုပ်ရက် (တနင်္လာမှ သောကြာ)တွေမှာ အလုပ်လုပ်နေရလို့ ၊ ဘဏ်စာအုပ် လုပ်ဖို့ အချိန်မရှိတဲ့ ညီအစ်ကိုများ ၊ လိုင်းဖုန်းဝယ်သုံးဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုလျင် ၊ အခုလာမည့် နွေရာသီပိတ်ရက်မှာ ဘဏ်စာအုပ် တစ်အုပ် သို့မဟုတ် နှစ်အုပ်စသည်ဖြင့် ပိုပိုမိုမို လုပ်ထားကြဖို့ အကြံပြုလိုက်ပါတယ် ။

သင်တန်းကျောင်းက လုပ်ပေးလိုက်တဲ့ ဘဏ်စာအုပ်နှင့် လိုင်းဖုန်းဝယ်လို့မရပါ ။ အကြောင်းရင်းကတော့ ၊ သင်တန်းကျောင်းကလုပ်ပေးလိုက်တဲ့ဘဏ်စာအုပ်ဟာ နိုင်ငံခြားသားစီစစ်ရေးကပ် မရခင် ၊ (နိုင်ငံကူးလက်မှတ်ကို အခြေပြုပြီး) ယာယီနိုင်ငံသားစီစစ်ရေးကပ်နှင့် လုပ်ထားတဲ့ ဘဏ်စာအုပ်ဖြစ်နေလို့ပါ။ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးတဲ့ နိုင်ငံသားစီစစ်ရေးကပ်ထွက်လာတော့ ၊ တရားဝင် နိုင်ငံသားစီစစ်ရေးကပ်ပိုင်ရှင် ဟာ သင်တန်းကျောင်းက လုပ်ပေးလိုက်တဲ့ ဘဏ်စာအုပ်ပိုင်ရှင် (ယာယီကပ်ပြားပိုင်ရှင်) နှင့် မတူဘဲ (တလွဲစီ) ဖြစ်နေတယ်လို့ ဘဏ်ကွန်ပြူတာက နားလည်နေပြီး ဘဏ်ကဖြတ်စရာတွေကို ဖြတ်မရဘူးဖြစ်နေတာမို့ပါ ။

ဒါ့အပြင် ၊ ချက်ကပ် (CHECK CARD) လို့ခေါ်တဲ့ ဘဏ်အကြွေးရှင်းကပ်ရှိသူများ အခွင့်အရေးသစ်တွေ ရရှိလာစရာ အကြောင်း တိုးတိုးတိတ်တိတ် သတင်းတွေလည်း ကြားနေရတာမို့ ဖြစ်နိုင်ရင် ချက်ကတ်များလည်း လုပ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

ဘဏ်စာအုပ်(ဘဏ်ကပ်အပါအဝင်) လုပ်ဖို့ ဘဏ်အကျိုးဆောင်က ဘဏ်ဝန်ဆောင်ခစသည်ဖြင့် တစ်ဝမ်မျှပေးဖို့မလိုအပ်သလို ၊ အပ်ငွေ တစ်ဝမ်မျှမရှိလည်း အပ်ငွေသုံည နှင့် ၁၅ မိနစ်အတွင်း အပြီး လုပ်ပေးနေကြောင်းသိရပါတယ် ။
အားလုံးအဆင်ပြေကြပါစေကြောင်း ။
လေးစားမှုဖြင့်-
တယ်လီတော်ကီ
ဇူလိုင် ၂၅ ၊ ၂၀၁၂

No comments:

Post a Comment