Friday 3 August 2012

အက်စ်ကေ (Eyes Mobile) ကတ်ဖုန်းကိုင်ဆောင်ထားကြသည့် မိတ်ဆွေများသို့ -

ဇူလိုင် ၃၁ ၊ အင်ချောန်း

အက်စ်ကေလိုင်း (Eyes Mobile) ကတ်ဖုန်းပိုင်ရှင်မိတ်ဆွေများခင်ဗျား ၊
အက်စ်ကေ (SK Telecom) ရုံးချုပ်အနေဖြင့် ၊ ကတ်ဖုန်းအသုံးပြုသူများ ဖုန်းကတ် အလွယ်တကူဖြည့်စွက် အသုံးပြုနိုင်ကြစေရန်အလို့ငှာ ၊ သက်ဆိုင်ရာဖုန်းအလိုက် ဘဏ်စာရင်းအမှတ်များ သတ်မှတ်ပေးထားပါသည် ။ အဆိုပါဘဏ်စာရင်းအမှတ်များကိုလည်း သက်ဆိုင်ရာ ဖုန်းများအလိုက် မက်ဆေ့ဂ်ျ များလည်း အသီးသီးပေးပို့ အကြောင်းကြားထားပြီးလည်းဖြစ်ပါသည် ။ ဥပမာအားဖြင့်-
(농협7900109-1234567)

သို့ပါ၍ ကတ်ဖုန်းကိုင်ဆောင်သူများ အနေဖြင့် ၊ ဖုန်းကတ် ဝယ်ယူဖြည့်သွင်းရန် အခက်အခဲရှိပါက မိတ်ဆွေတို့ ကိုင်ဆောင်ထားသည့်ဖုန်းနှင့် သက်ဆိုင်သည့် ဘဏ်စာရင်းသို့ အခါအားလျော်စွာ ငွေပေးသွင်းခြင်း (Deposit) အားဖြင့် ဖုန်းသက်တမ်းကိုတိုးချဲ့ ဖြည့်စွက် အသုံးပြုနိုင်ကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။

မိမိတို့ဖုန်းနှင့် သက်ဆိုင်သည့် ဘဏ်စာရင်းအမှတ်မသိရှိသေးသည့် မိတ်ဆွေများ ၊ တယ်လီတော်ကီထံ မေးမြန်းနိုင်ကြပါသည် ။

လေးစားမှုဖြင့်-
တယ်လီတော်ကီ

No comments:

Post a Comment