Wednesday 26 December 2012

အမည်ပျက်စာရင်းဝင်ဖုန်း (Black Listed Handset) ဟုတ်မဟုတ် မေတ္တာဖြင့် စစ်ဆေးပေးပါမည်

အင်ချောန်း ၊ ဒီဇင်္ဘာ ၂၆

ယခုအခါ ကိုရီးယား ဆက်သွယ်ရေးကုမ္ပဏီများသည် လက်ကိုင်ဖုန်းများ(handsets) ကို ဆက်သွယ်ရေးကွန်ယက်များဖြင့် ချိတ်ဆက် လိုင်းဖွင့်ပေးရာတွင် အသုံးပြုမည့် လက်ကိုင်ဖုန်းသည် ပြစ်မှုကင်းရှင်းမှုရှိ-မရှိစစ်ဆေးပြီး ပြစ်မှုကင်းရှင်းမှသာ လိုင်းဖွင့် သုံးစွဲခွင့် ပေးသည့် စံနစ်ကို ကျင့်သုံးလျက်ရှိပါသည် ။

အမည်ပျက်စာရင်းဝင်ဖုန်း(Black Listed Handset) ဆိုသည်မှာ ၊ မူလဖုန်းပိုင်ရှင်များ (ထုတ် ၊ ဝယ် ၊ ပိုင်ဆိုင်သူများ) က မိမိတို့၏ လက်ကိုင်ဖုန်းများ အထားမှားခြင်း ၊ ပျောက်ဆုံးခြင်း သို့မဟုတ် အခိုးခံရခြင်း (misplaced, lost, or stolen) စသည်တို့ကြောင့် သက်ဆိုင်ရာထံ၌ တိုင်ကြားခံထားရသည့် ဖုန်းဖြစ်ပါသည် ။

ထို့ပြင် ယခင်က လက်ကိုင်ဖုန်းများကို လိုင်းနှင့် တွဲဖက်ပြီးရောင်းချလျက်ရှိရာမှ ယခုအခါ အရောင်းဆိုင်အတော်များများတွင် လက်ကိုင်ဖုန်းများကို လိုင်းမပါ (ဖုန်းနံပတ် တစ်ခုခုမယူ)ဘဲ စက်အလွတ်များကို လည်း ရောင်းချပေးလျက် ရှိနေပြီဖြစ်ရာ ၊ အချို့သော မိတ်ဆွေများမှာ အမည်ပျက်စာရင်းဝင်ဖုန်းများကို ဝယ်ယူမိခဲ့သဖြင့် သုံးစွဲခွင့်မရဘဲ ဖြစ်နေကြောင်းလည်း သိရှိရပါသည် ။

ထိုသို့သော အမည်ပျက်စာရင်းဝင်ဖုန်းများ ဝယ်ယူမိပါက ရာဇဝတ်မှု တစ်ခုခုနှင့် ညှိစွန်းနိုင်ပါသဖြင့် ၊ မိမိတို့ ဝယ်ယူခဲ့သည့်ဖုန်းသည် အမည်ပျက်စာရင်းဝင်ဖုန်း မဟုတ်ဖို့ လိုအပ်ပါသည် ။
မြန်မာမိတ်ဆွေများအနေဖြင့် ၊ မိတ်ဆွေတို့ ဝယ်ယူခဲ့သည့် ဖုန်းသည် အမည်ပျက်စာရင်းဝင်ဖုန်း ဟုတ်မဟုတ် သိရှိလိုပါက ၊ တယ်လီတော်ကီထံ ဆက်သွယ်မေးမြန်း အတည်ပြုချက် ရယူနိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ပါသည် ။

အမည်စာရင်းဝင်ဖုန်းဟုတ်မဟုတ်သိရှိလိုသည့် လက်ကိုင်ဖုန်းနှင့် ပတ်သက်သည့် အောက်ဖော်ပြပါ အချက်အလက်များကို ပြောပြဖို့လိုအပ်ပါသည် -
- ဖုန်း အီမီး (IMEI :International Mobile Equipment Identity) နံပါတ် သို့မဟုတ်
- ဖုန်းမော်ဒယ် (Model) အမည် သို့မဟုတ် အမှတ် နှင့် စီရီယယ် (Serial) အမှတ်


ခင်မင်လေးစားမှုဖြင့်-
တယ်လီတော်ကီ
၀၁၀-၂၃၃၁-၂၄၅၇

No comments:

Post a Comment