Friday 10 January 2014

တယ်လီတော်ကီကံစမ်းမဲအစီအစဉ် စည်းကမ်းချက် ဖြည့်စွက်ခြင်း

တယ်လီတော်ကီ မိတ်ဆွေအပေါင်းတို့ခင်ဗျာ

တယ်လီတော်ကီ၏ လာမည့် ကိုရီးယားနှစ်ကူးကံစမ်းမဲအစီအစဉ်တွင် ၊ အမည်ငှားဖြင့်ကိုင်ဆောင်နေသူများ အကျုံးဝင်မည်မဟုတ်ကြောင်း ကြေညာထားခဲ့ပါသည် ။ သို့ရာတွင် အချို့သောမိတ်ဆွေများမှာ ၄င်းတို့ မိတ်ဆွေများအား လူမှုရေးအရ ခေတ္တငှားရမ်းပေးထားရကြောင်းနှင့် အဆိုပါပုဂ္ဂိုလ်များ အကျုံးမဝင်ဝင်ဘူးဆိုလျင် ၊ မူလဖုန်းပိုင်ရှင်ကို ပေးသင့်ကြောင်း အဆိုပြုလာသူများရှိပါသည် ။

အဆိုပါ အကြံပြုချက်အား လေးစားတန်ဘိုးထားသောအားဖြင့် လည်းကောင်း ၊ ဤ ကံစမ်းမဲအစီအစဉ်မှာ မြန်မာမိတ်ဆွေများအတွက် စီစဉ်ထားခြင်း ဖြစ်သဖြင့်လည်းကောင်း ကံစမ်းမဲအစီအစဉ်တွင် အောက်ပါစည်းကမ်းချက်များထပ်မံ ဖြည့်စွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည် -
- ကံစမ်းမဲပေါက်သည့် ဖုန်းနံပါတ်အား ချက်ချင်းခေါ်ဆိုမည်ဖြစ်ရာ အမည်ငှားကိုင်ဆောင်နေသူဖြစ်ပါက မူလဖုန်းပိုင်ရှင်၏ အမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်အား ဖြေကြားပေးနိုင်လျင် ကံစမ်းမဲ ချီးမြှင့်ပါမည် ။(ကိုင်ဆောင်သူနှင့်အမည်ရှင်တို့ ညှိနှိုင်းယူကြရန်ဖြစ်ပါသည်)
- မြန်မာနိုင်ငံသားများမှ အပ ကိုရီးယားများ အပါအဝင် အခြားသောနိုင်ငံသားများအား ထည့်သွင်းစဉ်းစားမည်မဟုတ်သဖြင့် အဆိုပါ ပုဂ္ဂိုလ်များကံစမ်းမဲပေါက်ခဲ့သော် ပယ်ဖျက်ပြီး ပေါက်မဲဂဏန်း အသစ်ထပ်မံ နှိုက်ယူပါမည် ။

- လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန္နဝါရီလ ၁၁ ရက်

No comments:

Post a Comment