Friday, 5 September 2014

Teletalki ချူးဆောက် မေတ္တာလက်ဆောင် ကတ်ဖုန်းရှင်မ်ကတ်(Prepaid USIM)များ ရယူနိုင်ကြပါပြီ

စက်တင်္ဘာ ၆ ၊ အင်ချောန်း
ချူးဆောက် ပိတ်ရက် အထူး အစီအစဉ်အဖြစ် တယ်လီတော်ကီမိတ်သစ်မိတ်ဟောင်း အားလုံး အတွက် KT လိုင်း ကတ်ဖုန်းရှင်မ်(USIM) များကို မေတ္တာလက်ဆောင် အဖြစ် အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း နှင့် မေတ္တာလက်ဆောင်ရှင်မ်ကတ်များကို ယနေ့မှစ၍ ရယူနိုင်ကြပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည် ၊၊

- ကတ်ဖုန်းရှင်မ်ကတ်တွင် အသက်ကတ် (Refill) ဝမ် ၃ သောင်းပါရှိပြီး ၊ ၄ လအထိ အခမဲ့ သုံးစွဲနိုင်ပါသည် ။
- နိုင်ငံကူးလက်မှတ်မိတ္တူ သို့မဟုတ် နိုင်ငံခြားသားကတ်(Alien Registration Card)မိတ္တူ တင်ပြရပါမည် ။
- KT လိုင်းတွင် ကတ်ဖုန်း ရှိပြိးသူများ မရရှိနိုင်ပါ ။
- ချူးဆောက်ပိတ်ရက်ကာလ(စက်တင်္ဘာ ၆ မှ ၁၀ထိ)အတွင်းသာ အခမဲ့ ဖြစ်ပါသည် ။

မိတ်ဆွေများအားအစဉ်အလေးထားလျက်-
Teletalki
Mobile: 010-2331-2457
Fax: 032-425-2457
Mail:teletalki2011@gmail.com

Wednesday, 25 June 2014

အိုင် ဖုန်း ချစ်သူ များ မြန်မာစာ ဖောန့်နှင့် ကီးဘုတ် ရပါပြီ

အိုင် ဖုန်း ချစ်သူ များ မြန်မာစာ ဖောန့်နှင့် ကီးဘုတ် ရပါပြီ

IOS 7.1.1 version I-phone များကို တယ်လီတော်ကီ မြန်မာ ဖုန်းဆိုင်တွင် မြန်မာစာ စာ ဖောန့် နှင့် မြန်မာ ကီးဘုတ်များ အဆင်ပြချောမွေ့ မြန်ဆန်စွာ ထည့်သွင်းပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်ခင်ဗျာ ။

ဗျူဟာဟိန်း (၀၁၀-၆၈၆၉-၂၉၈၄)
၂၀၁၄၀၆၂၅

Friday, 20 June 2014

အိုင်ဖုန်းချစ်သူများနှင့် အင်တာနက် အကန့်အသတ်မရှိ သုံးစွဲလိုသူများအတွက် အထူးအစီအစဉ်

အိုင်ဖုန်းချစ်သူများနှင့် အင်တာနက် အကန့်အသတ်မရှိ သုံးစွဲလိုသူများအတွက် အထူးအစီအစဉ်
အိုင်ဖုန်းချစ်သူများအတွက်-
အိုင်ဖုန်း ၄-အက်စ် ၊ ၁၆ ဂစ် ၊ မနှစ်သက်ပါက ၁၄ ရက်အတွင်း အသစ် တစ်လုံးဖြင့် လဲလှယ်ခွင့်ရှိ ၊ ၁ နှစ်အာမခံ ၊ လစဉ်ကြေး ၃ သောင်းခွဲ ဖြင့် ၃ လ သုံးပြီးလျင် လိုင်း ပိတ် ပြောင်း ပြုလုပ်နိုင်သည် ။ ဈေးနှုန်းအထူးသက်သာသည် ။ လုံးရေ အကန့်အသတ်ရှိပါသည် ။ မြန်မာစာ အိုကေ ။

အင်တာနက် အကန့်မရှိ သုံးစွဲလိုသူများအတွက် -
လစဉ်ကြေး ၅ သောင်း ၄ ထောင် ၊ ပြည်တွင်း မိနစ် ၃၀၀ ၊ မက်ဆေ့ဂ်ျနှင့် အင်တာနက် ကန့်သတ်မဲ့ ၊ အနည်းဆုံး ၃ လ သုံးစွဲကြည့်နိုင်ပါသည် ။ ကေတီလိုင်း ၊ ၃ ဂျီ ။
- ကတ်ဖုန်း(Prepaid) မှ လိုင်းဖုန်းအဖြစ်ပြောင်းလဲလျှောက်ထားနိုင်ပါသည်
- အခြားလိုင်းမှ အသုံးပြုနေသည့် (ကတ် ၊ လိုင်း) နံပတ်အတိုင်း ပြောင်းလဲ လျှောက်ထားနိုင်ပါသည်
- ခေတ္တရပ်ဆိုင်းထားသည့်ဖုန်းကို ပြန်ဖွင့်ပြီး အသုံးပြုနိုင်ပါသည်
- လက်ရှိအသုံးပြုနေသော လိုင်းကို မပိတ်ဘဲ ၊ နံပတ်အသစ်သို့ ပြောင်းလဲလျှောက်ထားနိုင်ပါသည်
- ဖုန်းဘီလ် (Charge-plan) ပြောင်းလဲ လျှောက်ထား အသုံးပြုနိုင်ပါသည်
- စက် (Handset) ပြောင်းလျှောက်ထားသုံးစွဲနိုင်ပါသည်

ခင်မင်လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄၀၆၂၁

Tuesday, 1 April 2014

တယ်လီတော်ကီ နှစ်သစ်ကြို ၊ အီးနိုင်းကိုလူသစ်များအတွက် ဖုန်းလိုင်းအခမဲ့ ဖွင့်ပေးမည်

မြန်မာသင်္ကြန် နှင့် နှစ်သစ်အခါသမယကို ကြိုဆိုသောအားဖြင့်လည်းကောင်း ၊ ကိုရီးယားနိုင်ငံသို့ စီးပွါးရှာရန် ရောက်ရှိလာကြသည့် အီးနိုင်း (လူသစ်) ညီငယ်များအား တစ်ဖက်တစ်လမ်းမှ ကူညီသောအားဖြင့်လည်းကောင်း ၊ တယ်လီတော်ကီ အနေဖြင့် ယနေ့မှ စ၍ ဧပြီလ လကုန်အထိ ၊ ကတ်ဖုန်း(Prepaid Phone) များကို အခမဲ့ လိုင်းဖွင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
- ရှင်ကတ်(USIM) = အခမဲ့ ။
- Charged = ဝမ် ၁ သောင်းဖိုးပါရှိပါမည် ။
- ဝန်ဆောင်ခ= မယူပါ ။
မိမိတို့ ကြိုက်နှစ်သက်ရာ (KT, SK, LG) လိုင်း တစ်ခုခု ရယူနိုင်ပါသည် ။
ဆိုင်သို့ကိုယ်တိုင်မလာနိုင်သူများ နှင့် ရပ်ဝေးနေသူများဖြစ်လျင် လိပ်စာအတိအကျ(ဆက်သွယ်ရန် ဖုန်းနံပါတ်တစ်ခုခုပါရှိစေ) ပြောပြရပါမည် ။ စာတိုက်မှ ပေးပို့မည်ဖြစ်သဖြင့် စာပို့ခ ၄၅၀၀ ကို ကျခံရပါမည်။

အားလုံးအဆင်ပြေကြပါစေ ။

မေတ္တာဖြင့်-
တယ်လီတော်ကီ
Mobile: ၀၁၀-၂၃၃၁-၂၄၅၇
Phone: ၀၇၀-၇၇၆၁-၂၄၅၇
Fax: ၀၃၂-၄၂၅-၂၄၅၇
(၂၀၁၄၀၄၀၂၀၉၀၀)

Saturday, 1 March 2014

မြန်မာဖုန်းဆိုင်များတွင် အားပေးခြင်းဖြင့် ဖုန်းနှင့်ပတ်သက်သည့် အထွေထွေဝန်ဆောင်မှုများကို အလွယ်တကူရယူနိုင်ပါသည်

////(ကြော်ငြာအထူး ၊ အထူးကြော်ငြာ၊ အထူးကြော်ငြာ ၊ ကြော်ငြာအထူး ) ////

မနေ့က မြန်မာ ဖောက်သည်ညီလေးတစ်ယောက် ဆိုင်ရောက်လာပြီး ၊ လိုင်းကြေး (Charge-Plan) လျှော့ချင်တယ်အစ်ကိုလို့ ပြောလာပါတယ် ။ မေးကြည့်တော့ မြန်မာပြည်ခဏပြန်မလို့ ၊ မြန်မာပြည် ပြန်နေတုန်းဖုန်းဘီလ်တွေအများကြီးတက်မှာစိုးရိမ်လို့ပါတဲ့။ ဟာ ၊ ဒါဆို ခဏပိတ်ထားလိုက်ပါလား ညီလေးလို့ ဆိုတော့ ၊ ဟာ အစ်ကို အဲသည်လို လုပ်ထားလို့ရသလားတဲ့ ။ ဒါနှင့်ပဲ သူနှင့် စကားပြောဖြစ်ပါတယ် ။
(ကျွန်ုပ်)-
ညီလေး မြန်မာပြည်ပြန်နေတုန်း လိုင်းကို ခေတ္တ ပိတ်ထားလို့ ရတယ် ညီလေး ။
(မောင်ညီလေး)-
ပြန်လာရင် လိုင်းပြန်ဖွင့်နေရမှာပေါ့ ။ ကျနော်က အောက်ပိုင်းကဆိုတော့ ဆိုင်ကိုခဏခဏ မလာအားဘူး အစ်ကို ။ အစ်ကိုကြည့်လုပ်ပေးထားလို့ရမလား။
(ကျွန်ုပ်)-
ရတယ်ညီလေး ။ ညီလေးပြန်ရောက်မယ့်ရက်နှင့် အချိန်ကိုက်ပြီး ဖုန်းလိုင်းကိုအလိုအလျောက် ပြန်ပွင့်အောင် လုပ်ထားလို့လည်း ရပါတယ် ။
(မောင်ညီလေး)-
အာ ၊ ဒါပေယ့် အစ်ကိုရေ ၊ ကျနော်က လေယာဉ်ပေါ်တက်တဲ့အချိန်ထိ ဖုန်းကိုသုံးသွားချင်သေးတယ်အစ်ကို။
(ကျွန်ုပ်)-
ဒါလည်း အလွယ်လေးပဲ ငါ့ညီ ။ မင်း လေယာဉ်ပေါ်တက်ပြီးချိန်နှင့် အချိန်ကိုက်ပြီး ဖုန်းလိုင်းကို ပိတ်ပေးလို့လည်းရပါတယ် ။
(မောင်ညီလေး)-
အော် ၊ နောက်တစ်ခု မရှင်းလို့အစ်ကိုရေ ။ လိုင်းပြန်ဖွင့်တော့ နံပတ်က ပြောင်းသွားမလားအစ်ကို။ သည်နံပတ်ပြောင်းသွားလို့မဖြစ်လို့ပါ ။
(ကျွန်ုပ်)-
ဘာမှ မပြောင်းဘူးငါ့ညီ ။ သည်အတိုင်းပဲ ။ လိုင်းကို ခဏလေး ရပ်ထားတာပဲရှိတယ် ။ သုံးလက်စ အိုဗာဆီးကတ်တွေလည်း ဆက်ပြီးသုံးလို့ရတယ် ။
(မောင်ညီလေး)-
အော် ၊ ဒါဆို ကျနော့်ကို အဲသည်လိုလုပ်ပေးပါလား အစ်ကို ။ ညီ နောက်လ ၂၅ ရက်နေ့ပြန်လာမယ်အစ်ကို။

သည်လိုနှင့် လိုင်းကြေးကိုမလျှော့ဖြစ်တော့ဘဲ ၊ ကိုရီးယားမှထွက်ပြီး နောက်တစ်ရက်မှာ အလိုအလျောက်လိုင်းပိတ်ပြီး ၊ ကိုရီးယားသို့ပြန်မရောက်မှီ တစ်ရက်အလိုမှာ လိုင်းအလိုလို ပြန်ပွင့်အောင် လျှောက်လွှာတစ်စောင် ဖက်စ်ပို့ပေးလိုက်ရပါတယ် ။

ဟုတ်ကဲ့ပါ ။ ကျနော်တို့ မြန်မာညီအစ်ကိုတွေ မြန်မာဖုန်းဆိုင်မှာပဲ အားပေးကြတယ်ဆိုတာ ၊ မြန်မာဖုန်းဆိုင်များဟာ မြန်မာ မိတ်ဆွေများအတွက် ဖုန်းနှင့်ပတ်သက်ပြီး -
- ကတ်ဖုန်း(Prepaid) မှ လိုင်းဖုန်းပြောင်းခြင်း
- လိုင်းဖုန်း(Postpaid)မှ ကတ်ဖုန်းပြောင်းခြင်း
- ကတ်ဖုန်းများ အတွက် အလိုအလျောက်ငွေဖြည့်(Auto-refill)စနစ်လျှောက်ထားခြင်း
- လိုင်း(အသစ်သို့)ပြောင်းခြင်း(နံပတ်မပြောင်း)
- ဖုန်းပျောက်ဆုံးသဖြင့် ဖုန်းကိုခေတ္တရပ်ဆိုင်းခြင်း
- ခေတ္တရပ်ဆိုင်းထားသည့်ဖုန်းကို ပြန်ဖွင့်ခြင်း
- ရှင်မ်ကတ်(USIM)အသစ်(နံပတ်မပြောင်း)ပြန်လျှောက်ခြင်း
- (ရှင်မ်ကတ်မပြောင်း) နံပတ်ပြောင်းလျှောက်ခြင်း
- ဖုန်းဘီလ် (Charge-plan) ပြောင်းခြင်း
- ဘီလ်လိပ်စာ (စသဖြင့်) အချက်အလက်တစ်ခုခု ပြင်ဆင်ပြောင်းလဲခြင်း
- သက်တမ်းကုန်ဖုန်းများ သက်တမ်းတိုးခြင်း
- ဖုန်းပိုင်ရှင်အမည်ပြောင်းလျှောက်ထားခြင်း
- လိုင်းအပြီးအပိုင်ပိတ်ခြင်း
- ဖုန်းအဝင်အထွက်မှတ်တမ်းများလျှောက်ထားခြင်း
- (ကတ်ဖုန်းများကို) အဝေးမှ အသက်ကတ်ဖြည့်ပေးခြင်း
- ရှင်မ်ကတ်(USIM)မပါသောဖုန်းမှ ရှင်ကတ်ပါသောဖုန်းသို့ပြောင်းလဲပေးခြင်း
- ရှင်မ်ကတ်ရှိသောဖုန်းမှ ရှင်ကတ်မရှိသောဖုန်းသို့ပြောင်းလဲပေးခြင်း
- အစရှိတဲ့ အထွေထွေဝန်ဆောင်မှုများကို (လူကိုယ်တိုင်လာဖို့မလိုဘဲ ၊
ဖုန်းတစ်ချက်ဆက်လိုက်ခြင်းဖြင့်) အလွယ်တကူဖြည့်ဆည်းပေးနိုင်လို့ ဖြစ်တယ်ဆိုတာကို အလေးအနက်ယုံကြည်ပါတယ် ။

ကိုရီးယားနိုင်ငံရောက် မြန်မာများ ၊ ဖုန်းနှင့်ပတ်သက်သည့် ဒုက္ခများကင်းဝေးကြပါစေ ။
အားလုံးအဆင်ပြေကြပါစေ ။

မေတ္တာဖြင့်-
တယ်လီတော်ကီ
၂၀၁၄-၀၂-၂၇

Friday, 31 January 2014

တယ်လီတော်ကီ ကံထူးရှင် (2014) အမည်စာရင်းကြေညာ

၂၀၁၄ ဇန် ၃၁
တယ်လီတော်ကီ ကံစမ်းမဲဖောက်ပွဲ(၂၀၁၄) အစီအစဉ်ကို ယနေ့ ည ၉ နာရီအချိန် တယ်လီတော်ကီ အရောင်းဆိုင်တွင် မဲနှိုက်ရွေးချယ်ခဲ့ပါသည် ။

- ကတ်ဖုန်း(Prepaid Phone) ကံထူးရှင် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ဆုအတွက် ၊ ကိုနေမျိုးဦး (၀၁၀-၈၆၈၇-၁၃၄၄)က မဲနှိုက်ရွေးချယ်ပေးရာ ပေါက်မဲအမှတ်စဉ် ၃၇ ၊ ပြုံးကိုကို (၀၁၀-၃၀၄၅-၂၀၆၈) ကလည်းကောင်း ၊ - လိုင်းဖုန်း(Postpaid Phone) ကံထူးရှင် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) ဆုအတွက် ကိုကျော်ဇင်လတ်(၀၁၀-၃၀၈၇-၅၅၇၈)က မဲနှိုက်ရွေးချယ်ပေးရာ ၊ ပေါက်မဲအမှတ်စဉ် ၁၂၃ ၊ ရန်နိုင်ထက် (၀၁၀-၉၁၆၂-၇၆၆၁)က လည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားကြပါကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည် ။

ကံစမ်းမဲဖောက်ပွဲသို့ ကြွရောက်အားပေးကြသည့် ညီအစ်ကိုမောင်နှမများနှင့် ၊ ကံစမ်းမဲနှိုက်ပေးကြသည့် ကိုနေမျိုးဦးနှင့် ကိုကျော်ဇင်လတ်တို့အားလည်းကောင်း ၊ တယ်လီတော်ကီကို အစဉ်အမြဲအားပေးလျက်ရှိကြသည့် မိတ်သစ်မိတ်ဟောင်းအပေါင်းတို့အားလည်းကောင်း ကျေးဇူးအထူးတင်ရှိပါသည်။

တယ်လီတော်ကီအား ဆက်လက်အားပေးချီးမြောက်ကြသည့် မိတ်ဆွေတို့၏ စေတနာကို တုန့်ပြန်သောအားဖြင့် ၊ နောင်နှစ်များတွင်လည်း ကံထူးရှင်များရွေးချယ်၍ သင့်တင့်ရာ ဆုငွေတို့ကို ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။

မေတ္တာဖြင့် -

တယ်လီတော်ကီ
၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီ၃၁ ရက်

Friday, 24 January 2014

အိုင်ဖုန်း (3GS) အသစ်များ တယ်လီတော်ကီတွင် ရောင်းချပေးနေပါပြီ


၁၆-ဂစ် ၊ ၃၂-ဂစ် ၊ ၃၂-ဂစ် အော်ရဂျင်နယ်ဘူး ၊ အော်ရဂျင်နယ် ပစ္စည်း ။
လုံးရေ ကန့်သတ်ရှိ ။
လိုင်းဖွင့်ဖို့မလို ၊ အလွတ်ဝယ်ယူနိုင်ပါသည် ။
ဂလက်စီ အက်စ်-၂ ထက်ဈေးနှုန်းသက်သာသည်။

လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန် ၂၃

Monday, 20 January 2014

တယ်လီတော်ကီ အရောင်းဆိုင်တွင် (အိတ်ဆောင် အင်တာနက် ဖမ်းစက်) WiBro Egg များ အလွတ်ရောင်းချပေးနေပါပြီ


- လိုင်းကြေး (MEMBERSHIP FEE) မရှိ
- လစဉ်ကြေး- ဝမ်၂၄,၀၀၀
- လစဉ် ဒေတာ (GIGA) - ကန့်သတ်မဲ့(UNLIMITED)
- ကြိုတင်ငွေပေးစနစ်ဖြင့် ကတ်ဖြည့်ပြီး အသုံးပြုရသည့်စနစ်ဖြစ်သည်
- စာချုပ်ချုပ်ဖို့ မလိုပါ ၊ (ဘဏ်စာအုပ်မိတ္တူမလို ၊နိုင်ငံခြားသားကတ်မလို)
- အသုံးမပြုလိုလျင် ၊ လိုင်းဖြတ်ဖို့မလို (ကြိုတင်ငွေမဖြည့်ဘဲ ထားလျင်လိုင်းပြတ်သည်)
- မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူအသုံးပြုနိုင်ပါသည်
- အခြားသူတစ်ဦးဦးသို့ လွတ်လပ်စွာ လွဲပြောင်းပေးနိုင်ပါသည်
- အလုံးရေ ကန့်သတ်ထားသည်
- အလိုရှိသူများ ဖေဖေါ်ဝါရီလ ပထမပတ် မတိုင်မှီ မှာကြားတော်မူကြပါ


လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန် ၂၁

Friday, 10 January 2014

တယ်လီတော်ကီကံစမ်းမဲအစီအစဉ် စည်းကမ်းချက် ဖြည့်စွက်ခြင်း

တယ်လီတော်ကီ မိတ်ဆွေအပေါင်းတို့ခင်ဗျာ

တယ်လီတော်ကီ၏ လာမည့် ကိုရီးယားနှစ်ကူးကံစမ်းမဲအစီအစဉ်တွင် ၊ အမည်ငှားဖြင့်ကိုင်ဆောင်နေသူများ အကျုံးဝင်မည်မဟုတ်ကြောင်း ကြေညာထားခဲ့ပါသည် ။ သို့ရာတွင် အချို့သောမိတ်ဆွေများမှာ ၄င်းတို့ မိတ်ဆွေများအား လူမှုရေးအရ ခေတ္တငှားရမ်းပေးထားရကြောင်းနှင့် အဆိုပါပုဂ္ဂိုလ်များ အကျုံးမဝင်ဝင်ဘူးဆိုလျင် ၊ မူလဖုန်းပိုင်ရှင်ကို ပေးသင့်ကြောင်း အဆိုပြုလာသူများရှိပါသည် ။

အဆိုပါ အကြံပြုချက်အား လေးစားတန်ဘိုးထားသောအားဖြင့် လည်းကောင်း ၊ ဤ ကံစမ်းမဲအစီအစဉ်မှာ မြန်မာမိတ်ဆွေများအတွက် စီစဉ်ထားခြင်း ဖြစ်သဖြင့်လည်းကောင်း ကံစမ်းမဲအစီအစဉ်တွင် အောက်ပါစည်းကမ်းချက်များထပ်မံ ဖြည့်စွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည် -
- ကံစမ်းမဲပေါက်သည့် ဖုန်းနံပါတ်အား ချက်ချင်းခေါ်ဆိုမည်ဖြစ်ရာ အမည်ငှားကိုင်ဆောင်နေသူဖြစ်ပါက မူလဖုန်းပိုင်ရှင်၏ အမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်အား ဖြေကြားပေးနိုင်လျင် ကံစမ်းမဲ ချီးမြှင့်ပါမည် ။(ကိုင်ဆောင်သူနှင့်အမည်ရှင်တို့ ညှိနှိုင်းယူကြရန်ဖြစ်ပါသည်)
- မြန်မာနိုင်ငံသားများမှ အပ ကိုရီးယားများ အပါအဝင် အခြားသောနိုင်ငံသားများအား ထည့်သွင်းစဉ်းစားမည်မဟုတ်သဖြင့် အဆိုပါ ပုဂ္ဂိုလ်များကံစမ်းမဲပေါက်ခဲ့သော် ပယ်ဖျက်ပြီး ပေါက်မဲဂဏန်း အသစ်ထပ်မံ နှိုက်ယူပါမည် ။

- လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၄ ဇန္နဝါရီလ ၁၁ ရက်

Monday, 30 December 2013

တယ်လီတော်ကီ ကံစမ်းမဲအစီအစဉ် ကြေညာခြင်း

တယ်လီတော်ကီအနေဖြင့် မိမိတို့ အရောင်းဆိုင်တွင် ဖုန်းလိုင်း (ကတ်ဖုန်း ၊ လိုင်းဖုန်း) ဖွင့်လှစ်ထားသည့်မိတ်ဆွေများအနက် ကံထူးသူရွှေးချယ်ပြီး ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ဆုကြေးငွေချီးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ကြေညာခဲ့ပါသည် ။
(ရည်ညွှန်းစာ)

အဆိုပါ ကံစမ်းမဲအစီအစဉ်ကိုအောက်ပါအတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဖြည့်စွက် ပြင်ဆင်ကြေညာအပ်ပါသည်-
ကံစမ်းမဲဖွင့်မည့် ရက်စွဲနှင့်အချိန်
၂၀၁၄ ခုနှစ် ဇန္နဝါရီလ ၃၁ ရက် နံနက် ၁၀ နာရီ

ကံစမ်းမဲဖွင့်မည့်နေရာ
တယ်လီတော်ကီ (အများပြည်သူများရှေ့တွင် ပျော်ရွှင်ဖွယ်အစီအစဉ်များဖြင့် ရွေးချယ်ဖွင့်ပါမည်)

မေတ္တာဆု ရွေးချယ်မည့် သူများ
- ကတ်ဖုန်း(Prepaid Phone)လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
- လိုင်းဖုန်း(Postpaid Phone) လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး

ချီးမြှင့်မည့် မေတ္တာဆုငွေ
- လိုင်းဖုန်းကံထူးရှင်အတွက် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) နှင့်
- ကတ်ဖုန်းကံထူးရှင်အတွက် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ။

အကျုံးဝင် သက်ဆိုင်သူများ
- တယ်လီတော်ကီ စတင်ဖွင့်လှစ်ချိန်လှစ်ခဲ့ချိန်မှအစပြု၍ ၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီထိ လိုင်း(ကတ်ဖုန်း၊လိုင်းဖုန်း)ဖွင့်ထားသူများအားလုံးအကျုံးဝင်ပါမည်။
- လိုင်းဖွင့်သူများတွင် လိုင်းသစ်ဖွင့်ခြင်း နှင့် လိုင်းပြောင်းဝင်ခြင်း ၂ မျိုးစလုံးပါဝင်ပါသည် ။
- ၂၀၁၄ခုနှစ် ဇန္နဝါရီ ၃၀ ရက်နေ့ (ညနေ၆ နာရီ) တွင် ဖုန်းလက်ခံခွင့် သို့မဟုတ် ဖုန်းပြောခွင့်ရပ်ဆိုင်းခံနေရသူများ ပါဝင်မည်မဟုတ်ပါ ။
-၂၀၁၄ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့(ညနေ၆နာရီ)မတိုင်မှီ လိုင်းဖြတ် ၊ လိုင်းပြောင်းထွက်သွားသူများ အကျုံးဝင်မည်မဟုတ်ပါ။
- ဖုန်းအမည်ပေါက် သုံးစွဲနေသူကိုသာ ချီးမြှင့်ပါမည် ။ (အမည်ငှားဖြင့် သုံးစွဲနေသူများ ကံစမ်းမဲပေါက်လျင် အဆိုပါ ပေါက်မဲကို ဖျက်သိမ်းပြီး အခြားသူတစ်ဦးကို ထပ်မံရွေးချယ်ပါမည်။)
- တယ်လီကောမ်မှ မှတ်တမ်းတင်ထားသော ဒေတာဘေ့စ်ကိုအခြေပြု၍ ၊ ဒေတာဘေ့စ်ပါ အမှတ်စဉ်များကို မဲနှိုက်ရွေးချယ်ပါမည်။


မြန်မာများကံထူးကြပါစေ ။
မေတ္တာဖြင့် -

တယ်လီတော်ကီ
၂၀၁၃ ခုနှစ် ၊ ဒီဇင်္ဘာလ ၃၀ ရက်
အင်ချောန်းမြို့

Saturday, 14 December 2013

တယ်လီတော်ကီ နှစ်သစ်ကြိုဆို ဖုန်းလိုင်းများဆောင်ရွက်ခမယူ အခမဲ့ဖွင့်လှစ်ပေးမည်

ဒီဇင်္ဘာ၁၅ ၊ အင်ချောန်း

တယ်လီတော်ကီသည် ၂၀၁၄ ခုနှစ် ကိုရီးယားနှစ်သစ်ကိုကြိုဆိုသောအားဖြင့်လည်းကောင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဖုန်းဆက်သွယ်မှုကို လွယ်ကူသက်သာစွာ ခံယူဆောင်ရွက်နိုင်ကြစေရန်လည်းကောင်း ၊ ယနေ့မှစ၍ (ကိုရီးယားနှစ်သစ်ကူးကာလပြီးဆုံးချိန်အထိ) ဖုန်းလိုင်း (ကတ်ဖုန်း ရော ၊ လိုင်းဖုန်းပါ) ဖွင့်ခြင်း နှင့် ဖုန်းလိုင်းပြောင်းခြင်းတို့ကို ဆောင်ရွက်ခမယူဘဲ (Without extra-charges) အောက်ပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါသည် -
- ကိုးရီးယားနိုင်ငံရှိ (KT, SK, LG) ဆက်သွယ်ရေးလိုင်းကြီး ၃ ခုအနက် မိတ်ဆွေတို့ကြိုက်နှစ်သက်ရာလိုင်းတွင် ဖွင့်လှစ် အသုံးပြုနိုင်ပါသည်။
- မိတ်ဆွေကြိုက်နှစ်သက်ရာ(Handset)များကို ယူလာနိုင်ပါသည် ။(မြန်မာနိုင်ငံအပါအဝင် အသက်သာဆုံးနေရာမှ ဝယ်ယူလာပါ။)
- နှစ်ရှည်စာချုပ်ဖြင့် ချည်နှောင်ပြီး ၊ ဘာကြေးညာကြေး လစဉ်အပိုကြေးများဖြတ်ယူမည်မဟုတ်ပါ။ (အနည်းဆုံး၃လ သုံးပြီးလျင် လိုင်းဖြတ်ခြင်းလိုင်းပြောင်းခြင်း စသည်တို့ကိုအခမဲ့ဆောင်ရွက်ပေးပါမည်။)
- ကေတီ ၊ အက်စ်ကေ ၊ အယ်လ်ဂျီ တစ်လိုင်းမှ အခြားတစ်လိုင်းသို့ လိုင်းပြောင်းခြင်း ကိုလည်း အခမဲ့ဆောင်ရွက်ပေးပါသည် ။
- လက်ရှိသုံးစွဲနေသည့် နံပါတ်အတိုင်း ကတ်ဖုန်းမှ လိုင်းဖုန်း ၊ လိုင်းဖုန်းမှကတ်ဖုန်းပြောင်းခြင်း ယခင်အတိုင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
M:010-2331-2457
T:070-7761-2457
F:032-425-2457

Sunday, 20 October 2013

အမြန်ဆုံးဆက်သွယ်ပါရန်မေတ္တာရပ်ခံခြင်း

ကိုအေးလွင်ခင်ဗျား

အင်-အာရ်-စီ ထံမှ အရစ်ကျပေးအကြွေးစံနစ်ဖြင့်ဝယ်ယူထားသည့် လက်ကိုင်ဖုန်းဘိုးလက်ကျန်ငွေကိစ္စရှင်းလင်းရန်ရှိပါသဖြင့် တယ်လီတော်ကီထံ အမြန်ဆုံးဆက်သွယ်ပါရန်မေတ္တာရပ်ခံပါသည်။

လေးစားမှုဖြင့်-

တယ်လီတော်ကီ
၀၁၀-၂၃၃၁-၂၄၅၇
၀၇၀-၇၇၆၁-၂၄၅၇

Friday, 4 October 2013

စမတ်ဖုန်းအမျိုးမျိုး ရု-တ်ဖောက်ပြီး ဖောင့်ထည့်သည်

ဆမ်ဆောင်း ဂလက်ဆီ နုတ်-၃ အပါအဝင် ဆမ်ဆောင်းဂလက်ဆီစီးရီးဖုန်းအမျိုးမျိုး ၊ အိုင်ဖုန်း-၅ အပါအဝင် အိုင်ဖုန်း စီးရီးဖုန်းအမျိုးမျိုး ၊ အယ်လ်ဂျီ ဖုန်းအမျိုးမျိုး၊ ကေတီ ဖုန်းအမျိုးမျိုး ၊ စကိုင်း (ပင်တက်) ဖုန်းအမျိုးမျိုးနှင့် အိတ်ခ်ျတီစီ စသည့် စမတ်ဖုန်းအမျိုးမျိုးတို့အား ရု-တ် ဖောက်ခြင်း နှင့် မြန်မာစာဖောင့်ထည့်သွင်းပေးခြင်းတို့ကို အောက်ပါနှုန်းထားများအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်-

- တယ်လီတော်ကီမှ ဝယ်ယူ(ထား)သော ဖုန်းများ- အခမဲ့
- အခြားဆိုင်များမှ ဝယ်ယူ(လာ)သောဖုန်းများ - ဝမ် ၃ သောင်း

လေးစားမှုဖြင့်-
တယ်လီတော်ကီ (၀၁၀-၆၈၆၉-၂၉၈၄)
2013-10-05

Friday, 13 September 2013

တယ်လီတော်ကီ နေရာပြောင်းပါမည်

လာမည့် စက်တင်္ဘာလ ၁၇ ရက် (အင်္ဂါနေ့) မှအစပြုပြီး တယ်လီတော်ကီ ဆိုင်ခန်း(ရုံးခန်း)နေရာအား အောက်ပါနေရာ(လိပ်စာ)သို့ပြောင်းရွှေ့မည်ဖြစ်ကြောင်း မိတ်သစ်မိတ်ဟောင်းအပေါင်းတို့အား လေးစားစွာအသိပေးအပ်ပါသည်-

လိပ်စာသစ်မှာ-
인천 부평구 부평동 341-131 (경원대로1361-2)
341-131 Bupyeong Dong, Bupyeong Gu, Incheon

ဆက်သွယ်ရန်မှာ-
ဖုန်း-070-7761-2457
ဖက်စ်-032-425-2457
မေးလ်-teletalki2011@gmail.com

လမ်းညွှန်(မြေပုံ)မှာ-


*** ဘူဖြောင်း(북인천우체국) စာတိုက်ကြီးရှေ့လမ်းမကြီးမှ ၊ တို့ပိုင်တဲ့မြေ(ကိုမိုးကြီး)ဆိုင်သို့အဝင် လမ်းထိပ်တွင်ဖြစ်ပါသည်။

အစဉ်လေးစားလျက်-
တယ်လီတော်ကီ
၂၀၁၃-၀၉-၁၄

Monday, 26 August 2013

အောန်လိုင်းမှာ မျက်နှာကြည့်ပြီးစကားပြောဖို့ အကောင်းဆုံး Smart Padများ ကွမ်းယာ တစ်ထုပ်တန်ဖိုးဖြင့် လဲလှယ်ဝယ်ယူနိုင်ပါပြီ

သြဂုတ် ၂၇ ၊ အင်ချောန်း
ဖေ့စ်ဘုခ်နေ့စဉ် ကြည့်ရမှ နေသာထိုင်သာရှိမယ့် ညီအစ်ကိုများအတွက် ၊
အောန်လိုင်းမှာ မျက်နှာကြည့်ပြီးစကားပြောရမှ အားရတယ်ဆိုတဲ့ ညီအစ်ကိုများအတွက် ၊
ခေတ်မီသော အီး-၉ ကိုကိုများအားလုံးအတွက် ၊
အကောင်းဆုံး စမတ်ပက် (Samsung Galaxy Tab 8.9 LTE) များ တယ်လီတော်ကီထံတွင် ၊ ကွမ်းယာ တစ်ထုပ်တန်ဖိုးဖြင့် လဲလှယ်ဝယ်ယူနိုင်ပါပြီ ။


စည်းကမ်းချက်များ နှင့် သိရှိထားရန်အချက်များမှာ-
- ဗီဇာ အနည်းဆုံး ၃ လ ရှိရမည် ။
- ၂၄ လ (၂-နှစ်) စာချုပ်ဖြစ်ပါသည် ။
- လစဉ်ကြေးမှာ ၆၅၀၀ (ဝမ်ခြောက်ထောင်ငါးရာ) ဖြစ်သည် ။
- လိုင်းကြေး(Membership Fee)မရှိ ၊ ဆင်ကတ်(USIM Card) ဖိုးမယူပါ ။
- လိုင်းတူ(Same Network)ဖုန်းများဖြင့် လစဉ် မီနစ် ၃၀၀၀ (နာရီပေါင်း၅၀) အခမဲ့ပြောနိုင်သည် ။
- လိုင်းစတင်ဖွင့်သည့်နေ့မှ ၁၈၅ ရက်အတွင်း ၊ လိုင်းပြောင်းခြင်း ၊ လိုင်းဖြတ်ခြင်း ၊နာမည်ပြောင်းခြင်း ၊ ခေတ္တရပ်ခြင်းမပြုရပါ ။ (လျော်ကြေး ဝမ် ၂သိန်း)
- လစဉ်အနည်းဆုံး ၃ကြိမ် အချိန်အားဖြင့် ၅ မိနစ်အထက် ခေါ်ဆိုမှုရှိရပါမည် ။
- ကေတီ (Korea Telecom) အင်တာနက်ဖုန်းလိုင်းဖြစ်သည် ။
- 070 ဖြင့် စသည့် ဖုန်းနံပါတ်တစ်ခုရပါမည် ။

လိုအပ်သော စာရွက်စာတမ်းများမှာ-
- နိုင်ငံခြားသားမှတ်ပုံတင် မိတ္တူ (ရှေ့၊နောက်)
- (နိုင်ငံခြားသားကတ်ဖြင့်ပြုလုပ်ထားသည့်)ဘဏ်စာအုပ်မိတ္တူ
- လိပ်စာ အပြည့်အစုံနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် တစ်ခုခု

ဆက်သွယ်ရန်-
- ၀၁၀-၂၃၃၁-၂၄၅၇
- ၀၇၀-၄၂၀၄-၂၄၅၇
- ဖက်စ်-၀၃၂-၄၂၅-၂၄၅၇

မှတ်ချက်-
-Samsung Galaxy Tab 8.9 LTE နှင့် ပတ်သက်သည့်အချက်အလက်များ (ဤနေရာတွင်CLICK ပြီး) လေ့လာနိုင်ပါသည်။
- အလုံး ၃၀ တည်းသာ ၊ ဦးရာလူရမည် ။

Friday, 9 August 2013

2G ၊ 3G ၊ 4G မျိုးဆက် ၃ ခုစလုံး CDMA ရော GSMပါ သုံးနိုင်သည့် ရေစိမ်ခံCA-201L Smartphoneများ ရပါပြီ


မိုးထဲ ၊ ရေထဲမှာ အလုပ်လုပ်ကြရတဲ့ ညီအစ်ကိုများအတွက် ၊
အမှုံ အမှိုက်တွေနှင့်အလုပ်လုပ်နေကြရတဲ့ ညီအစ်ကိုများအတွက် ၊
ရေမှုံ ရေမွှား ၊ ရေခိုးရေငွေ့ကြားမှာ အလုပ်လုပ်ကြရတဲ့ ညီအစ်ကိုများအတွက် ၊
အထူးအဆန်း ကြိုက်တဲ့ ညီအစ်ကိုများအတွက် ၊
ဟင်းဆက် မကြာခဏ ပြုတ်ကျတတ်တဲ့မိတ်ဆွေများအတွက် ၊
အပေအတေခံ ၊ အကြမ်းခံပစ္စည်းကိုမှ လိုချင်ကြတဲ့ ညီအစ်ကိုများအတွက် ၊
ကမ္ဘာအနှံ့ခရီးဆန့်ပြီး အလုပ်လုပ်နေကြတဲ့ ညီအစ်ကိုများအတွက်-
မြန်မာပြည်က ညီအစ်ကို မောင်နှမနှင့် မိတ်ဆွေ များကိုလက်ဆောင်ပေးဖို့ စီဒီအမ်အေ ၈၀၀ ရှာနေကြသူများအတွက် -
2G Network
- CDMA 800 / 1900
- GSM 900 / 1800 / 1900
ဒေတာ(အင်တာနက်)တွေ ဘုန်းပေါလအောသုံးချင်တဲ့ မိတ်ဆွေများအတွက်-
3G Network
- CDMA2000 1xEV-DO
- HSDPA 2100
ဒေတာ(အင်တာနက်)ကို အမြန်ဆုံးသုံးချင်တဲ့ ညီအစ်ကိုများအတွက်-
4G Network
- LTE 850 / 1800
ရေစိမ်ခံ(Water Proofed) ဖုန်းဖြစ်သည်
CDMA ရော GSMပါ စနစ်၂မျိုး သုံးလို့ရသည်
2G ၊ 3G ၊ 4G မျိုးဆက် ၃ ခုစလုံးသုံးနိုင်သည်
Spec လေ့လာချင်တဲ့ ညီအစ်များအတွက် ၊ လင့်ခ်-
http://www.gsmarena.com/casio_g'zone_ca_201l-5384.php
ရေစိမ်ခံ စမ်းသပ်မှုကြည့်ချင်တဲ့ ညီအစ်များအတွက် ၊ လင့်ခ်-
http://www.youtube.com/watch?v=_bOhKu-3eQw
ရေစိမ်ခံပြီး
ဈေးနှုန်းချိုသာသည့်
CA-201L Smartphoneများ ၊ တယ်လီတော်ကီထံတွင်ရပါပြီ။
၀၁၀-၂၃၃၁-၂၄၅၇

Wednesday, 31 July 2013

ကိုကိုရွှေမြန်မာတို့ရဲ့ မေတ္တာ ၊ တယ်လီတော်ကီရဲ့ တုန့်ပြန်စေတနာ

ယနေ့ တောင်ကိုရီးယားနိုင်ငံ၌ ၊ ကိုရီးယားနိုင်ငံသားများပိုင် တယ်လီဖုန်းဆားဗစ် လုပ်ငန်းငယ်များ တဖြုတ်ဖြုတ်ကြွေလွင့်နေသော်ငြား ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပိုင်တယ်လီတော်ကီဖုန်းဆားဗစ်လုပ်ငန်း ငယ်လေးတစ်ခု အမှတ်မထင် အတည်တကျ ရပ်တည်နေနိုင်ခြင်းအတွက် ဝမ်းသာပီတိဖြစ်ရပါသည် ။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများက မြန်မာအချင်းချင်းရိုင်းပင်းကူညီကြရမည်ဟူသော အသိဖြင့် ၊ အချင်းချင်းအလေးအနက်ထားကူညီပံ့ပိုးအားပေးကြသောကြောင့်သာလျင် ၊ တယ်လီတော်ကီက ထိုသို့ ရပ်တည်နေနိုင်ခြင်းဖြစ်သည်ဟု အကြေအလည် နားလည်သဘောပေါက်ပါသည် ။

မြန်မာအချင်းချင်းအလေးအနက်ထား အားပေးကြသည့် မိတ်ဆွေများအားလုံးကို တယ်လီတော်ကီက အစဉ်မြဲ ကျေးဇူးတင်လျက်ရှိပါကြောင်း နှင့် မိတ်ဆွေတို့၏ ကျေးဇူးတရားကိုလည်း အစဉ်အမြဲ နှလုံးသွင်းလျက် ရှိပါကြောင်း အလေးအနက် ဖော်ညွှန်းအပ်ပါသည် ။

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ဆိုသကဲ့သို့ ၊ ကိုရီးယားနိုင်ငံရောက် ကိုကိုရွှေမြန်မာတို့အား တယ်လီတော်ကီက ကျေးဇူးတုန့်ပြန်လိုပါသည် ။

အစီအစဉ်မှာ ၊ တယ်လီတော်ကီစတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၂ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၊ လာမည့် ၂၀၁၃ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့ညနေ ၆ နာရီ အချိန်ထိ ၊ တယ်လီတော်ကီထံတွင် အားပေးခဲ့ကြသည့် အားပေးနေကြသည့် အားပေးကြဦးမည့် မိတ်ဆွေများအနက် အောက်ဖော်ပြပါ မိတ်ဆွေများအား ၊ သင့်တင့်လျောက်ပတ်ရာ မေတ္တာဆုငွေများချီးမြှင့်သွားမည်ဖြစ်ပါသည်-
- ကတ်ဖုန်း(Prepaid Phone)လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
- လိုင်းဖုန်း(Postpaid Phone) လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး

ချီးမြှင့်မည့် မေတ္တာဆုငွေမှာ ၊ အောက်ပါအတိုင်းဖြစ်ပါသည် -
- လိုင်းဖုန်းကံထူးရှင်အတွက် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) နှင့်
- ကတ်ဖုန်းကံထူးရှင်အတွက် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ။

မှတ်ချက်-
- လိုင်းဖွင့်သူများတွင် လိုင်းသစ်ဖွင့်ခြင်း နှင့် လိုင်းပြောင်းဝင်ခြင်း ၂ မျိုးစလုံးပါဝင်ပါသည် ။
- ၂၀၁၃ခုနှစ် ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် ဖုန်းလက်ခံခွင့် သို့မဟုတ် ဖုန်းပြောခွင့်ရပ်ဆိုင်းခံနေရသူများ ပါဝင်မည်မဟုတ်ပါ ။
- အသေးစိတ်အစီအစဉ် ထပ်မံကြေညာပါမည် ။

မြန်မာများကံထူးကြပါစေ ။
မေတ္တာဖြင့် -

တယ်လီတော်ကီ
၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁ ရက်

Friday, 14 June 2013

လက်ကိုင်ဖုန်းများ၏ ဆုံမှတ်အမည် (Access Point Name: APN)ပြန်လည် ညှိနှိုင်းသတ်မှတ်ပေးခြင်း

ခုတလောအမေးများတဲ့ မေးခွန်းတစ်ခု
အစ်ကိုကြီး သူ့ဖုန်းက အက်စ်-ဝမ်း (Galaxy S) ကတ်ဖုန်း ၊ ကျနော့်ဖုန်းက အက်စ်-သရီး (Galaxy S3) လိုင်းဖုန်းပါ ။ ဒါပေမယ့် သူ့ဖုန်းက ရထားပေါ်မှာ ဝိုင်ဖိုင်(WiFi) မိပြီး ၊ ကျနော့်ဖုန်း အက်စ်သရီးက ဝိုင်ဖိုင်ဖမ်းမရဘူးဖြစ်နေတယ် ။ အဲဒါ ဘာများကွာလို့ပါလဲခင်ဗျာ။
ခုတလော မကြာခဏ အမေးခံနေရသော မေးခွန်းဖြစ်ပါသည် ။ ကိုရီးယားနိုင်ငံရောက် လက်ကိုင်ဖုန်းသုံးစွဲသူ မိတ်ဆွေများအကျိုးငှာ ၊ လေ့လာသိရှိသလောက် ပြန်လည် မျှဝေလိုက်ပါသည် ။

ဆက်သွယ်ရေး ၃ခု ၊ ဟင်းဆက် ၃ မျိုး
ကိုရီးယားနိုင်ငံတွင် ဆက်သွယ်ရေးကုမ္ပဏီကြီး ၃ ခု (လိုင်း၃လိုင်း) ရှိပါသည် ။ ကေတီ (KT) ၊ အက်စ်ကေ (SK) နှင့် အယ်လ်ဂျီ (LG) ။ ၄င်း ၃လိုင်းအနက် အယ်လ်ဂျီလိုင်းမှာ ၄င်းလိုင်းသုံး ဟင်းဆက်(Handset)များကို အက်စ်ကေ ၊ ကေတီလိုင်းတို့နှင့် ဒွေးနှောယှက်တင်သုံးစွဲခြင်းမရှိပါ ။ ဆိုလိုသည်မှာ အယ်ဂျီလိုင်းသုံး ဟင်းဆက်များကို ကေတီနှင့် အက်စ်ကေလိုင်းများတွင် သုံးစွဲလို့မရပါ ။

ဒွေးနှောယှက်တင် ၊ ဟင်းဆက်နှင့်ယူရှင်
ကေတီနှင့် အက်စ်ကေတို့ကတော့ ဟင်းဆက်ချင်း ဒွေးနှောယှက်တင် တုန့်လှယ်သုံးစွဲကြပါသည် ။ အက်စ်ကေလိုင်းသုံး ဟင်းဆက်များကို ၊ ကေတီလိုင်းတွင် သုံးစွဲနိုင်သလို ၊ ကေတီလိုင်းသုံး ဟင်းဆက်များကိုလည်း အက်စ်ကေလိုင်းတွင်သုံးစွဲနိုင်ပါသည် ။ ကေတီ ရှင်မ်(USIM)ကတ် ကို အက်စ်ကေ ဟင်းဆက်နှင့် တွဲဖက်သုံးစွဲနိုင်သလို ၊ အက်စ်ကေရှင်မ်ကတ်ကိုလည်း ကေတီဟင်းဆက်ဖြင့် တွဲဖက်သုံးစွဲလို့ရပါသည် ။ ထိုသို့ လဲလှယ်သုံးစွဲရာတွင် ဖုန်းပြောဆိုရန် ပြဿနာကြီးကြီးမားမား ထင်ထင်ရှားရှား မရှိသော်လည်း ၊အင်တာနက်ဒေတာများ သုံးစွဲရာတွင်မူ ပြဿနာ ရှိပါသည် ။ ဆုံမှတ် (Access Point Name) ပြန်လည် ညှိနှိုင်းသတ်မှတ်ပေးရန် လိုအပ်သည့် ကိစ္စ ။ ဆောင်းပါး အဖွင့်တွင် တင်ပြခဲ့သော ဝိုင်ဖိုင်မမိသည့်ပြဿနာ ။

ဆုံမှတ်များ ပြန်ညှိပေးဖို့လို
ဟင်းဆက် (mobile device) များအား ၊ ဆက်သွယ်ရေးလိုင်း (packet data network: PDN) နှင့် ချိတ်ဆက်(making a data connection) ရန် ၊ မူလသတ်မှတ်ပေးထားသည့် ဆက်ကြောင်း (gateway) ဆိုင်ရာ ၊ သင်္ကေတ အမှတ်အသားများ ကိုယ်စီရှိကြပြီးဖြစ်ပါသည် ။ အက်စ်ကေလိုင်းနှင့် ကေတီလိုင်းတို့သည် သီးခြား သင်္ကေတများ သတ်မှတ် သုံးစွဲနေကြခြင်းဖြစ်သည် ။
ရှင်မ်ကတ်(USIM) ချင်း ပြောင်းလဲသုံးစွဲကြသည့်အခါ ၊ မူလ သတ်မှတ်သားသည့် ဆုံမှတ် အမည်သညာများ (Access Point Name:APN) ကို ပြန်လည် ညှိနှိုင်းပေးဖို့လိုအပ်လာပါသည် ။

အက်စ်ကေဟင်းဆက် ကေတီယူရှင်
အက်စ်ကေဟင်းဆက်များကို ကေတီလိုင်း တွင် သုံးစွဲနိုင်ရန် အောက်ပါအတိုင်းပြုလုပ်နိုင်ပါသည် -
KT :
3G :
APN : alwayson.ktfwing.com
MMSC : http://mmsc.ktfwing.com:9082
MMS 포트 : 9093
MCC : 450
MNC : 08
LTE :
APN : lte.ktfwing.com
MMSC : http://mmsc.ktfwing.com:9082
MMS 포트 : 9093
MCC : 450
MNC : 08

ကေတီဟင်းဆက် ၊ အက်စ်ကေယူရှင်
ကေတီ ဟင်းဆက်များကို အက်စ်ကေလိုင်းတွင် သုံးစွဲရန် ၊ အောက်ပါအတိုင်းပြန်လည် ညှိနိုင်းနိုင်ပါသည်-
SKT
3G :
APN : web.sktelecom.com
MMSC : http://omms.nate.com:9082/oma_mms
MMS 프록시 : smart.nate.com
MMS 포트 : 9093
MCC : 450
MNC : 05
LTE :
APN : lte.sktelecom.com
MMSC : http://omms.nate.com:9082/oma_mms
MMS 프록시 : lteoma.nate.com
MMS 포트 : 9093
MCC : 450
MNC : 05

ညှိနှိုင်းပုံအဆင့်ဆင့်မှာ-
၁ ။ အသုံးပြုမည့် ဟင်းဆက်ကို ၊ အဆင်ပြေရာနည်းဖြင့် ၊ အင်တာနက်ဖြင့် ချိတ်ဆက်ရပါမည် ။
၂။ အထက်ဖော်ပြပါ (သက်ဆိုင်ရာ) အင်တာနက် လိပ်စာသို့ ဝင်ရောက်ရပါမည် ။
၃။ သက်ဆိုင်ရာ ၊ ဆော့ဖ်ဝဲ (အပလီကေးရှင်း) ကိုဆွဲချ(Download)ယူရပါမည် ။
၎။ ဆွဲချယူထားသော အပလီကေးရှင်းကို မိမိဟင်းဆက်တွင် ဖြည့်သွင်း(Install)ရပါမည် ။
၅။ ၄င်းနောက် ဆက်တင်(Setting) ထဲဝင်ပြီး ၊ ဝိုင်ယာလက်နက်ဝပ် (Wireless and Network) ၊ မိုဘိုင်းနက်ဝပ် (Mobile Network) ၊ အဆက်စ်ပွိုင့်နိမ်း (Access Point Name) စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်ဝင်ရောက်ရပါသည် ။
၆။ ၄င်းနောက် မိမိဟင်းဆက်တွင် ဖြည့်ခင်းပြီးဖြစ်သော အေပီအင် (Access Point Name) ကို စစ်ဆေးကြည့်ရှုရပါမည် ။

(အမှန်မှာ ၊ ဆွဲချယူလိုက်သော အပလီကေးရှင်းကို မိမိဟင်းဆက်တွင် ၊ ဖြည့်သွင်းပြီးကတည်းက အလိုအလျောက် ညှိနှိုင်းပြီးဖြစ်ပါသည် ။ ပြည်လည် စစ်ဆေးကြည့်ရှုခြင်းသာဖြစ်ပါသည် ။)

အားလုံးအဆင်ပြေကြပါစေ ။
လေးစားခင်မင်မှုဖြင့်-
တယ်လီတော်ကီ
၂၀၁၃-ဇွန်လ-၁၅ ရက်။

Friday, 3 May 2013

Samsung Galaxy S4 စမတ်ဖုန်းအလွတ်များလွတ်လပ်စွာရောင်းချပေးနေပါပြီ

မိတ်သစ်မိတ်ဟောင်းများခင်ဗျား ။

တယ်လီတယ်တော်ကီက ကမ္ဘာကျော် ဆမ်ဆောင်း ဂလက်ဆီ စမတ်ဖုန်းများအနက် ၊ နောက်ဆုံး စီးရီး ဖြစ်သည့် အက်စ်-၄ စမတ်ဖုန်းများကို ကိုရီးယားနိုင်ငံရောက် မြန်မာမိတ်ဆွေများအတွက် အောက်ပါအစီအစဉ်များအတိုင်း ရောင်းချပေးနေပြီ ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်-

- ညှိနှိုင်းဈေး စနစ်ဖြစ်သည် ။
- လက်ငင်းငွေချေစနစ်ဖြစ်သည်။
- အပြီးအပိုင်ရောင်းချခြင်းဖြစ်သည်။
- လိုင်းဖွင့်ဖို့မလို ၊
- စာချုပ်ဖို့မလို ။
- ဘာကြေးညာကြေးမရှိ။
- ဆိုင်တွင် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါသည် ။

ခင်မင်လေးစားမှုဖြင့်-
တယ်လီတော်ကီ
010-2331-2457
Incheon May 5, 2013.

Saturday, 13 April 2013

Teletalki (တယ်လီတော်ကီ) ရောင်းအားမြှင့် အေးဂျင့်(Sales Promotion Agent) များအလိုရှိသည်

တယ်လီတော်ကီရောင်းအားမြှင့် အေးဂျင့်(Sales Promotion Agent) များအလိုရှိသည်

တယ်လီတော်ကီက ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် ရောင်းအားမြှင့် အေးဂျင့်(Sales Promotion Agent) များအလိုရှိကြောင်းကြေညာအပ်ပါသည်-

- ဖုန်းကတ်(Calling Card)အမျိုးမျိုး လက်လီလက်ကားဖြန့်ချိခြင်း၊
- အင်တာနက်နှင့် အိတ်ဆောင်အင်တာနက်ဖမ်းစက်(WiBro Egg)များ ရောင်းချခြင်း ၊
- လက်ကိုင်ဖုန်း(Handset)အမျိုးမျိုး ရောင်းချခြင်း ၊
- လိုင်းဖုန်း(Postpaid)ကတ်ဖုန်း(Prepaid)များနှင့်ပတ်သက်၍ လိုင်းသစ်ဖွင့်ခြင်း ၊ လိုင်းပြောင်းခြင်း အမျိုးမျိုး ၊ နံပါတ်ပြောင်းခြင်း ၊ လိုင်းဖြတ်ခြင်း ၊ လိုင်းရပ်ခြင်း စသည့်ဝန်ဆောင်မှုများ ၊

=========================
- မူလအလုပ်မပျက် ၊ အလုပ်လုပ်ရင်း ၊ သွားရင်း လာရင်း ၊ နားနေရင်းဖြင့် ငွေအရင်းအနှီးမလိုဘဲ အပိုဝင်ငွေရရှိမည့် အလုပ်ဖြစ်သည် ။
=========================

- စိတ်ပါဝင်စားသူများ ဆက်သွယ်နိုင်ပါသည် ။
- တယ်လီတော်ကီ-
- Mobile : 010-2331-2457
- Office: 070-4204-2457
- Fax: 032-425-2457
- Email: teletalki2011@gmail.com
- Blog: http://teletalki.blogspot.kr