Thursday 15 December 2011

မြန်မာပြည်တွင် 09-80 WCDMA ဖုန်းများ ပိတ်သိမ်းမည်

နှစ်အတန်ကြာ အသုံးပြု ခွင့် ပေးထားသော ဝ၉-၈ဝ WCDMA ဖုန်းလိုင်းအား အပြီး ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။
”ဒီဇင်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ဖုန်းလိုင်းကို ပိတ်သိမ်းလိုက်တာပါ။ ဒီဖုန်းတွေ အသုံးပြုလာတာ ၁၈ နှစ်လောက် ကြာနေပြီ ဆိုတော့ တပ်ဆင်ထား တဲ့ ကြိုးတွေ မကောင်းတာကြောင့် ပိတ်သိမ်းလိုက်ခြင်း ဖြစ်ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

အဆိုပါ ဖုန်းများ ပိတ်သိမ်း သွားသော်လည်း ဖုန်းကိုင်ဆောင် အသုံးပြုသူများအား နေရာဒေသ အလိုက် ငါးသိန်းတန် မိုဘိုင်း ဖုန်းများဖြင့် လဲလှယ်ပေးသွားမည်ုဖြစ်ကြောင်း သိရသည်။ ”နေရာ ဒေသအလိုက် ငါးသိန်း ဖုန်းနဲ့ လဲပေးတယ် ဆိုတာ ဟာ အဲဒီမြို့မှာ CDMA 800 MHZ လိုင်းရှိနေရင် 800 နဲ့လဲပေးမယ် ၊ GSM ဖုန်းလိုင်းရှိရင်GSM နဲ့ လဲပေးမှာပါ ။ ပိတ်သိမ်းပြီးနောက် နေ့က စပြီး သက်ဆိုင်ရာ မြန်မာ့ ဆက်သွယ်ရေးရုံးတွေမှာ လဲလှယ် နိုင်ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ် က ဆက်လက်ပြောသည်။
လဲလှယ်ခွင့်ပေး ထားသည့် မြန် မာ့ဆက်သွယ်ရေးရုံးများမှာ ပန်းဆိုး တန်း၊ မြန်မာ့ဆက်သွယ်ရေးရုံး၊ အလုံဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးနှင့် ရန်ကုန်စာတိုက်ကြီး စုစုပေါင်း ဆက်သွယ်ရေး ရုံး (၄) ရုံးတွင် လဲလှယ်ပေးမည် ဖြစ်ကြောင်း ၊ ယင်းသို့ လဲလှယ်ပေး ရာတွင် လဲလှယ်သည့်ဖုန်းမှာ မြန် မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသည့် စာရွက်စာတမ်း အပြည့်အစုံ နှင့် အမည်ပေါက်ဖြစ်ရမည် ဖြစ်ပြီး ၊ အမည်ပေါက်မဟုတ်ပဲ တစ်ဆင့် ပြန်လည် ဝယ်ယူထားသည့် ဖုန်း ဖြစ်ပါက အမည်ပေါက် ပြန်လည် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဝ၉-၈ဝ ကမ်းရိုးတန်း CDMA ဖုန်းများ ပိတ်သိမ်းရာ တွင် ဝ၉-၅ဝ ဖြင့် စသော GSM ဖုန်းလိုင်းအချို့ လိုင်းပြတ် တောက် မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ဖုန်း လိုင်း ပြတ်တောက်မှုမှာလည်း ယာယီပြတ်တောက်ခြင်းသာ ဖြစ်ပြီး ပြန်လည် ဆက်သွယ်မှုရရှိစေရန် အတွက် ဒီဇင်ဘာ ၁၃ ရက်နေ့ည တွင် အပြီးသတ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ လက်ရှိတွင် ဝ၉-၈ဝ ဖုန်း များသာမက ဝ၉-၉၉ ဖြင့် စသော ဆယ်လူလာဖုန်း ၁၇ဝ၁၇၂ ဖြင့် စသော ခြင်းဖုန်းများကိုပါ ငါးသိန်း တန်မိုဘိုင်းဖုန်းများဖြင့် လဲလှယ် ပေးနေကြောင်း သိရသည်။
ထိုသို့ လဲလှယ်ပေးရာတွင် အလိုက်ပေးလဲလှယ်စရာ မလိုကြောင်း သိရသည်။

အောင်ဇော်
ပေါ်ပျူလာ ဂျာနယ်

သတင်းအခြေအမြစ်-
- http://www.searchmyanmar.com/link/frame/cid/5501

No comments:

Post a Comment