Wednesday 14 December 2011

Avio ဗီယက်နမ်ဖုန်းများအား ပြပွဲလျှော့ဈေး ဖြင့် ရောင်းချနိုင်ရန် ဆွေးနွေးသွားမည်

THURSDAY, 01 DECEMBER 2011 00:00
NET GUIDE JOURNAL
Avio အမှတ်တံဆိပ် GSM ဟန်း ဆက်များအား ယခုလတွင် ကျင်းပ ခဲ့သည့် ဗီယက်နမ်ကုန်စည်ပြပွဲတွင် ၄၀ ရာခိုင်နှုန်း ဈေးလျှော့၍ ရောင်း ချခဲ့ရာ ပြပွဲ လာသူများ စိတ်ပါဝင် စားမှုများသဖြင့် ပြပွဲဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချနိုင်ရန် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရတနာပုံဖိုင်ဘာ ကုမ္ပဏီ၏ စက်ရုံမန်နေဂျာဖြစ်သူ ဦးမျိုး ကိုကိုစိုးက ပြောကြားသည်။
အဆိုပါ Avio အမှတ်တံဆိပ် ဟန်းဆက်များသည် GSM ကတ် ထည့်သွင်း၍ အသုံးပြုနိုင်မည်ဖြစ် ပြီး ပြပွဲအတွင်း ဝယ်ယူသူများခဲ့ သောကြောင့် ၃ ရက်အတွင်း အလုံး ၂၀ဝကျော် ရောင်းချခဲ့ရသည်ဟု ဆိုသည်။ Avio ဟန်းဆက်များအား ပြပွဲ ဈေးဖြင့် ရောင်းချရန် ညှိနှိုင်းဆွေး နွေးခြင်းနှင့် ပတ်သက်၍ ဦးမျိုးကို ကိုစိုးက ဗီယက်နမ် နိုင်ငံထုတ် ဟန်းဆက်တွေကို အသုံးပြုသူတွေ က ကြိုက်ကြတယ်လို့ ပြောကြပါ တယ်။ အထူးသဖြင့် လိုင်းဆွဲအား ကောင်းမွန်တယ်လို့ သိရပါတယ်။
အခုလည်း ပြည်သူတွေ အသုံးပြုဖို့ အဆင်ပြေအောင်လို့ ပြပွဲမှာရောင်း ချတဲ့ဈေးပတ်ဝန်းကျင်နဲ့ပဲ ရောင်းချ ပေးသွားဖို့ ညှိနှိုင်းနေပါတယ်။ ဗီ ယက်နမ်ဟန်းဆက်တွေက ဈေး ကွက်ဝင်စမှာ မြန်မာပြည်သူတွေ ဝယ်ယူအားပေးတဲ့အတွက် မြန်မာ ပြည်မှာ ဗီယက်နမ် ဟန်းဆက်တွေ ကို အကောင်းဆုံး ဝန်ဆောင်မှု ပေးဖို့ စီစဉ်ထားပါတယ်ဟု ပြော ကြားသည်။
ဗီယက်နမ်ကုန်စည်ပြပွဲတွင် Avio ဟန်းဆက်များအားKeypad ပါရှိသည့် ဟန်းဆက်အနေဖြင့်သာ ရောင်းချခဲ့ပြီး ရောင်းကောင်းသည့် ဟန်းဆက်များအနေဖြင့် ကျပ် ၂ သောင်းဝန်းကျင်မှ ၄သောင်းဝန်း ကျင်တန်ဖိုးရှိ ဟန်းဆက်များ ဖြစ် သည်ဟု သိရသည်။ Avio GSM ဟန်းဆက်များ သည် Java စနစ်သုံး ဟန်းဆက် များဖြစ်ပြီး ပြည်တွင်းသို့တင်သွင်း သည့် GSM ဟန်းဆက်များတွင် ပထမဆုံးသော မြန်မာစာစနစ် အသုံးပြုနိုင်သည့် Java စနစ်သုံး ဟန်းဆက်များဖြစ်သည်ဟု ဦးမျိုး ကိုကိုစိုးက ထပ်မံပြောကြားသည် ။
ဘိုဘိုနိုင်ဝင်း

No comments:

Post a Comment