Sunday 4 December 2011

မြန်မာအီးပီလုပ်သားများ အရစ်ကျငွေချေစနစ်ဖြင့် လက်ကိုင်ဖုန်းများ ဝယ်ယူနိုင်ပါပြီ

ကိုရီးယားအစိုးရသည် ပြည်သူအချင်းချင်း သို့မဟုတ် ပြည်သူနှင့် စီးပွါးရေးဆိုင်ရာအဖွဲ့အစည်းများ စီးပွါးရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများပြုလုပ်ကြရာတွင် ယုံကြည်စိတ်ချ လုံခြုံစွာ ကူးလူးဆက်ဆံ ရောင်းဝယ်ဖောက်ကားမှုများ ပြုနိုင်ကြရန်အလို့ငှာ ငွေကြေးယုံကြည်မှုဆိုင်ရာ အချက်အလက်များ အသုံးပြုခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ (신용정보의이용및보호에관한법률) ကိုပြဋ္ဌာန်း ထားရှိပါသည် ။

အဆိုပါ ဥပဒေအရ ငွေကြေး ရောင်းဝယ် ဖောက်ကားခြင်းဆိုင်ရာကော်မတီ (금융위원회) ကို ဖွဲ့စည်းထားရှိပြီး ၊ ထို ကော်မတီသည် ယုံကြည်စိတ်ချမှုဆိုင်ရာ ပြန်ကြားရေးလုပ်ငန်း (신용정보업) ၊ ယုံကြည်စိတ်ချရမှုဆိုင်ရာ သတင်း အချက်များ စီစစ်ခြင်းလုပ်ငန်း(신용조사업무) ၊ ယုံကြည်စိတ်ချရမှုဆိုင်ရာ သတင်းအချက်များ စုံစမ်းမေးမြန်းလုပ်ငန်း(신용조회업무) နှင့် ယုံကြည်စိတ်ချရမှု အကဲဖြတ်ခြင်းလုပ်ငန်း (신용평가업무) တို့ကို ဆိုင်ရာဆပ်ကော်မတီများဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါသည် ။
အဆိုပါကော်မတီများ၏ အကဲဖြတ်ချက်အရ ကိုရီးယားနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် နှင့် မသက်ဆိုင်သော နေထိုင်ခွင့်ဗီဇာ (Non Employment Visa Status: E-9) ဖြင့် အလုပ် လုပ်ကိုင်နေထိုင် လျက်ရှိသော အီးပီအလုပ်သမားများမှာ ယုံကြည်စိတ်ချစွာ ကူးလူးဆက်ဆံနိုင်သော အဆင့်အတန်းအဖြစ် သတ်မှတ်ခြင်းမခံရပါသဖြင့် ၊ ဘဏ်များမှ အကြွေးဝယ်ယူခွင့်ကတ် (신용카트)များ ရယူခွင့်မရှိသလို ၊ လက်ကိုင်ဖုန်းစသည်များကိုလည်း အရစ်ကျစနစ်ဖြင့် (할부제) ဝယ်ယူခွင့်မရှိပါ ။

သို့ရာတွင် KT, NRCommunication နှင့် တယ်လီတော်ကီ(텔레터키) တို့ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ညှိနှိုင်းသဘောတူညီချက် အရ ကိုရီးယားနိုင်ငံရောက် မြန်မာအီးပီလုပ်သားတို့အား လက်ကိုင်ဖုန်း (စမတ်ဖုန်းအပါအဝင်)များကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးသွားနိုင်ရန် စီစဉ် ထားရှိပြီးဖြစ်ပါသည် ။

သို့ဖြစ်ရာ အောက်ပါအချက်အလက်များကို သဘောတူညီသည့် မြန်မာအီးပီလုပ်သားများ ၂၀၁၁ခုနှစ် သြဂုတ်လ ပထမပတ်မှ စတင်၍ လက်ကိုင်ဖုန်းများကို တယ်လီတော်ကီ (텔레터키) ထံမှတစ်ဆင့် အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူနိုင်ကြပြီဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည် -

- ကေတီ တိုက်ရိုက်ငွေခြေစနစ်လိုင်းဖုန်း(케이티 선불요금제) စနစ်အသုံးပြုမည့်သူဖြစ်ရပါမည် ။
- စိစစ်ရေးကပ် (외국인등록증) တွင် ဗီဇာ အနည်းဆုံး ၆ လ ကျန်ရှိသူဖြစ်ရပါမည် ။
- တယ်လီတော်ကီက ကောင်းစွာ သိရှိ ရင်းနှီးသူ သို့မဟုတ် တယ်လီတော်ကီ၏ အသိမိတ်ဆွေ တစ်ဦးဦးက မိတ်ဆက် သို့မဟုတ် ထောက်ခံမှုပေးသူဖြစ်ရပါမည် ။
- ကျသင့်ငွေများကို ၆ လအတွင်း အပြီးအပြတ် ပေးချေရန် ကတိပြုသူဖြစ်ရပါမည် ။ (ဘဏ်မှ လစဉ်ဖြတ်ယူပါမည်)
- မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူ ၊ နိုင်ငံခြားသားစီစစ်ရေး ကပ်ပြား မိတ္တူ (ရှေ့ ၊ နောက်) ၊ နိုင်ငံခြားသားစီစစ်ရေးကပ်ပြားဖြင့် ပြုလုပ်ထားသည့် ဘဏ်စာအုပ် မိတ္တူ တို့ကို တင်ပြရပါမည် ။

လေးစားမှုဖြင့်-

တယ်လီတော်ကီ
M: 010-2331-2457, F: 02-2637-2457, P: 070-4204-2457

No comments:

Post a Comment