Saturday 3 December 2011

ဖုန်းသုံးသူများ အလွန်အဆင်ပြေစေမည့် လိုင်းစုံသုံးယူရှင်နှင့် အယ်လ်တီအီးဖုန်းများ မကြာမှီ အသုံးပြုနိုင်ကြမည်


လက်ရှိအနေအထားတွင် KT နှင့် SK တို့သည် WCDMA (Wideband Code Division Multiple Access) နည်းစနစ်ကိုလည်းကောင်း ၊ အယ်လ်ဂျီသည် CDMA (Code Division Multiple Access) နည်းစနစ်ကိုလည်းကောင်း အသုံးပြုလျက်ရှိကြောင်း ၊ ထို့ပြင် SK သည် 2G အတွက် 800 GHz လိုင်းနှင့် 3G အတွက် 2.1 GHz လိုင်း တို့ကို အသုံးပြုလျက်ရှိပြီး ၊ KT သည် 2G အတွက် 1.8 GHz လိုင်းနှင့် 3G အတွက် 2.1 GHz လိုင်း တို့ကို အသုံးပြုလျက်ရှိကြောင်း ၊ LG ကမူ 2G and PCS အတွက် 1.8 GHz လိုင်းကိုသာ အသုံးပြုလျက်ရှိသဖြင့် ခြေတစ်လှမ်းနောက်ကျသကဲ့သို့ဖြစ်နေကြောင်း သိရပါသည် ။

သို့ရာတွင် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမည့် နှစ် အစပိုင်းတွင် 4G ဈေးကွက် ကျယ်ပြန့်လာမည်ဖြစ်ပြီး ၊ 3G ခေတ်တွင် မျက်နှာပန်းမလှဖြစ်ခဲ့သော LG သည်လည်း WCDMA စနစ်ကို အသုံးပြုလာမည်ဖြစ်ကြောင်း ၊ LG နှင့် SK တို့သည် 800 MHz လိုင်းကို အသုံးပြုကာ ၊ KT ကမူနှာတစ်ဖျားအသာဖြင့် 900 MHz လိုင်းကို အသုံးပြုမည်ဖြစ်သော်လည်း လိုင်းနှုန်းကွာခြားချက်မှာ အတော်နည်းသွားမည်ဟု ဆိုပါသည် ။

အထူးဆက်သွယ်ရေးလုပ်ငန်းများသာ အသုံးပြုသော စမတ်ဖုန်းခေတ် ဟူသော ကြွေးကြော်သံ ပျောက်ကွယ်ပြီး ၊ မည်သည့်ဆက်သွယ်ရေးကုမ္မဏီတွင်မဆို မိမိတို့ ကြိုက်နှစ်သက်ရာဖုန်းကို ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း ၊ ဥပမာအားဖြင့် လက်ရှိအနေအထားတွင် ကေတီ အိုင်ဖုန်း ၊ အက်စ်ကေ ဂလက်ဆီအက်စ် ဟု လက်ခံသိရှိနေကြရာမှ ၊ မကြာတော့သောကာလတွင် အယ်လ်ဂျီတွင်လည်း အိုင်ဖုန်းများ ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည် ။

လက်ရှိ အသုံးပြုသည့်လိုင်း နှင့် စနစ်မတူသဖြင့် အသုံးပြုနေကြရသော USIM ကတ်များလည်း မတူသလို ၊ ဖုန်းကိုယ်ထည် (Hand Set) များလည်း မတူကြကြောင်း ၊ သို့ရာတွင် 4G ခေတ်တွင် လိုင်းစုံသုံးယူရှင်ကတ် (Multi USIM) များအသုံးပြုလာကြမည်ဖြစ်သဖြင့် ၊ ဆက်သွယ်ရေးလုပ်ငန်း ၃ ခုအနက် မိမိတို့နှစ်သက်ရာ ဆက်သွယ်ရေးလိုင်းမှ မိမိတို့ နှစ်သက်ရာ ရေရှည်သုံးဖုန်း ခေါ် LTE (Long Term Evolution) ဖုန်းများကို ဝယ်ယူနိုင်မည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်ရေးလိုင်းပြောင်းလိုပါကလည်း ဖုန်းကိုယ်ထည် (Hand Set) ပြောင်းဖို့ မလိုတော့ဘဲ ယူရှင်ကတ် (USIM: Universal subscriber identity module) သာပြောင်းဖို့ လိုမည်ဟုဆို သဖြင့် ဖုန်းသုံးစွဲသူများ ပိုမို၍ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရှိရပါသည် ။

ယခုအခါ 700 MHz လိုင်းမှ 2.1 GHz လိုင်းအထိ အသုံးပြုနိုင်သော လိုင်းစုံသုံးယူရှင် (Multi USIM) များတီထွင်ပြီးနေပြီဖြစ်ကြောင်း ၊ စာရင်းများအရ ကိုရီးယားနိုင်ငံတွင်းရှိသူများ လက်ကိုင်ဖုန်းကိုယ်စီ ရှိနေသည့်သဘောဖြစ်သဖြင့် လက်ကိုင်ဖုန်းဈေးကွက်အသစ်မှာ ကျဉ်းမြောင်းနေပြီဖြစ်ကြောင်း ၊ အပိုဆောင်းဆားဗစ် အပြိုင်အဆိုင်ပေးပြီး ဖုန်းပြောခအပြိုင်အဆိုင်လျှော့ပေးသည့် ခေတ်ရောက်လာနိုင်ကြောင်း လည်း ခန့်မှန်းပြောဆိုနေကြပါသည် ။

အထူးသဖြင့် 4G ခေတ်တွင် ရေရှည်သုံးဖုန်း ခေါ် LTE ဖုန်းများသည် ၊ အချက်အလက်များပေးပို့ရာတွင် 3G ထက် အဆပေါင်းများစွာ သာလွန်မြန်ဆန်သဖြင့် ၊ သုံးစွဲသူအကြိုက်ဖြစ်မှာ သေခြာကြောင်း စီတီသတင်းစာက ဆိုပါသည် ။

လက်ကိုင်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများသည် အယ်တီအီးစနစ် လက်ကိုင်ဖုန်းများကို အပြိုင်အဆိုင် ကြိတ်ပြီး ထုတ်လုပ်နေကြရာ ၊ ဆမ်ဆောင်းသည် ယနေ့စက်တင်္ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့ထိ ဂျာမဏီနိုင်ငံ ဘာလင်မြို့၌ ပြုလုပ်မည့် IFA2011 ပြပွဲတွင် Glaxy S2 LTE နှင့် Glaxy Tab8.9 LTE တို့ကို ပထမဆုံးအကြိမ် ပြသထားမည်ဖြစ်ကြောင်း ၊ Glaxy S2 LTE သည် 3G (WCDMA) စနစ်ရော (GSM)စနစ်ပါ တစ်ပြိုင်တည်း သုံးနိုင်အောင် စီမံထားသည့်စနစ်ဖြစ်ကြောင်း ၊ Glaxy S2 LTE သည် ကမ္ဘာတွင် ပထမဆုံးသော နည်းပညာသစ်ဖြစ်ပြီး ၊ အဆိုပါ Glaxy S2 LTE ဖုန်းကို မည်သည့်နိုင်ငံ
မည်သည့်ဒေသတွင်မဆို အသုံးပြုနိုင်ရန် စီမံထားသည်ဟုဆိုပါသည် ။


ရည်ညွှန်းသတင်း-
- 시티신문(2011년8월31일 수요일), Page1 & 6
- http://androidcommunity.com/android-community-at-ifa-2011-what-to-expect-20110829/
-

No comments:

Post a Comment