Thursday 1 December 2011

မြန်မာပြည်တွင် GSM ဖုန်းနှင့် ကြိုးဖုန်းများ prepaid စနစ်သို့ ယခုနှစ် အတွင်း ပြောင်းမည်

ယခင်က ကျပ်ဆယ့် ငါးသိန်းဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ခဲ့သော GSM ဖုန်းလိုင်းနှင့် ယခင်က တပ်ဆင် ခဲ့သော ကြိုးဖုန်း များကို postpaid စနစ် (ပြောပြီးငွေရှင်းစနစ်) မှ Prepaid စနစ် (ကြိုသွင်းပြီးပြောစနစ်) သို့ ယခုနှစ်အတွင်း ပြောင်းလဲ မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦး ကပြောသည်။
ထို postpaid သုံး GSM ဖုန်း များအားလုံးကို ယခုနှစ် တွင် စတင် ၍ prepaid စနစ်သို့ စတင်ပြောင်း လဲသုံးစွဲမည်ဖြစ်သည်။ မြန်မာ့ဆက် သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက “အရင်က postpaid သုံးခဲ့တဲ့သူ တွေကို ဒီလထဲမှာ prepaid စ ပြောင်းပါမယ်။ ပြောင်းချင်တဲ့သူ ပြောင်းလို့ရတယ်။ မပြောင်းချင်တဲ့ သူလည်း မပြောင်းရင် ရပါတယ်” ဟု ပြောသည်။ ယခင် Postpaid သုံး GSM ဖုန်းသုံးစွဲသူတစ်ဦးက “ကျွန် တော်တို့ဆီကို မြန်မာ့ဆက်သွယ် ရေးကနေ ဖုန်းဝင်လာပါတယ်။ စက်တင်ဘာလ ကုန်ပိုင်း လောက်က ပါ။ ကျန်နေတဲ့ ဖုန်းကြွေးတွေအ ကုန်လုံးကို စက်တင်ဘာလ ကုန်မှာ အပြီး လာရောက် သွင်းခိုင်းပါတယ်။ ဘာဖြစ်လို့လဲဆိုပြီး မေးကြည့် လိုက် တော့ စနစ်ပြောင်း တော့မှာမို့လို့ ပြန်လည်ပေးသွင်းဖို့ ပြောထားပါတယ်” ဟုပြော သည်။ ယခင် ၁၅ သိန်းတန် GSM ဖုန်းများနှင့် ကြိုးဖုန်းအားလုံးအား Prepaid စနစ်ပြောင်းလဲ ပြီးပါက ယခုငွေကြေး ကောက်ခံလျက် ရှိ သော ငွေသွင်းကောင်တာများ အားလုံး အား ပိတ်သွားမည်ဖြစ် ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ယခုလက်ခံ ပေးသော ငွေသွင်း ကောင်တာကို အရင် Post-paid ဖုန်းများအားလုံးကို prepaid စနစ် ပြောင်းလဲပြီးပါက ပိတ်သွားမှာဖြစ် ပါတယ်။ အရင် စနစ်နဲ့သွားချင်တဲ့ သူတွေကတော့ online phone billing စနစ်နဲ့ သွားရမှာဖြစ်ပါ တယ်။ ကျန်တာတွေကတော့ Prepaid စနစ်နဲ့သွားမှာပါ” ဟု ၎င်း ကထပ်မံပြောကြားသည်။ Postpaid ဖုန်းများဖြစ်သော GSM နဲ့ကြိုးဖုန်းများအားလုံးသည် အရင်စနစ်ဖြစ်သော Postpaid မှ prepaid စနစ်သို့ ယခုအောက်တိုဘာလတွင် စတင်ပြောင်းလဲကျင့် သုံးမည်ဖြစ်ပြီး ထိုသို့ပြောင်းလဲသုံး စွဲမည်ဖြစ်သောကြောင့် ဖုန်းဘီလ် ငွေပေးဆောင်ရာတွင် စောင့်ဆိုင်း ရခြင်းများသက်သာမည်ဟု သုံးစွဲ သူများကဆိုသည် ။
ဦးသာ
Ref:
- http://www.yoyarlay.com/technology/st-news/mobile/14366-gsm----perpaid----
- http://www.brighthand.com/gallery.asp?newsID=18328&page=1


No comments:

Post a Comment