Thursday 1 December 2011

KT က 2G (PCS) ဖုန်းများဖျက်သိမ်းရေးအတည်ပြုပြီ

ကိုရီးယားဆက်သွယ်ရေးလုပ်ငန်း (KT) သည် တိုးတက်ဆန်းသစ်လာသည့် နည်းပညာများနှင့် လျော်ညီသည့် ဆက်သွယ်ရေးကွန်ယက်များ တည်ဆောက်ပြီး ၊ ပိုမိုခေတ်မီဆန်းသစ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ပေးနိုင်ရန်အလို့ငှာ 2G ဖုန်းများကို ဖျက်သိမ်းရန် လျှောက်ထားချက်ကို ဆက်သွယ်ရေးနှင့် အသံလွင့်လုပ်ငန်းကော်မတီ သည် ၊ စက်တင်္ဘာလ ၁၉ ရက်နေ့က လက်ခံခွင့်ပြု လိုက်ကြောင်း သတင်းရရှိပါသည် ။

ဝန်ဆောင်မှုလုပ်ငန်း ပြောင်းလဲ သို့မဟုတ် ရပ်ဆိုင်းခြင်း ၊ အခြားသော ဆက်သွယ်ရေးလုပ်ငန်း(ကွန်ယက်)များသို့ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ကေတီသည် အောက်ပါဝန်ဆောင်မှုများကို ပေးသွားမည်ဟုဆိုပါသည် -
- KT ဆားဗစ်သို့(လိုင်း)ပြောင်းလာပါက ဝမ် ၁သိန်း ၅သောင်း၈ထောင်၎ရာ လျှော့ပေးမည်ဖြစ်ပြီး ၊ လက်ကိုင်ဖုန်း (Hand Set) များကို အထူးဈေးဖြင့် ရောင်းချပေးမည်ဖြစ်သည့်ပြင် ၊ လိုင်းကြေး ၊ ယူရှင်ကတ် ၊ စာချုပ်ဖောက်ဖျက်လျော်ကြေး ၊ အရစ်ကျကျန်ငွေများ ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်ဟု ဆိုသည် ။
- နံပတ်ဖျက်သိမ်းခြင်း သို့မဟုတ် အခြားလိုင်းသို့ ပြောင်းမည်ဆိုပါက ၊ လိုင်းဖျက်သိမ်းခ ဝမ် ၄သောင်း ထုတ်ပေးမည်ဖြစ်ပြီး ၊ ဖုန်း(Hand Set) ပြန်အပ်ခဲ့မည်ဆိုပါက အပိုဆောင်း ၃သောင်း၃ထောင်ပေးမည် ဟု ဆိုသည် ။
- 3G သို့ပြောင်းလိုပါက သို့မဟုတ် 2G ဖုန်းများ ဖျက်သိမ်းလိုပါက အိုလေး (Olleh) အရောင်းဆိုင်များ နှင့် အင်န်အာရ်စီ ဆားဗစ်ဆင်တာများ (NRC Service Center) သို့ဆက်သွယ်နိုင်ကြောင်း နှင့် ၊
- အသေးစိတ်သိလိုပါက လက်ကိုင်ဖုန်းဖြင့် ၁၁၄ ၊ ရိုးရိုးဖုန်းများဖြင့် ၁၅၈၈-၀၀၁၀သို့ ဆက်သွယ်နိုင်ကြောင်း သိရသည် ။

No comments:

Post a Comment