Wednesday 7 November 2012

မြန်မာ အီးနိုင်းလုပ်သားများကို အရစ်ကျပေး အကြွေးစနစ်ဖြင့် ထပ်မံရောင်းချပေးမည်

တယ်လီတော်ကီအနေဖြင့် ၊ နိုဝင်္ဘာလ ၉ ရက်နေ့မှအစပြု၍ မြန်မာအီးပီလုပ်သားများအား အောက်ဖော်ပြပါ စမတ်ဖုန်းများကို ယှဉ်တွဲဖော်ပြပါ ဈေးနှုန်းများအတိုင်း အရစ်ကျပေးအကြွေးစနစ် (၂၄-ရစ်) ဖြင့် အလုံးရေ ၅၀ ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် -
- Samsung Galaxy S-3 : 539,000 Won,
- Samsung Galaxy S-2 : 477,400 Won,
- Samsung Galaxy Note : 511,150 Won,

ဝယ်ယူခွင့်ရရှိသူများမှာ -
ကိုရီးယားနိုင်ငံသို့ ၂၀၁၀ ဇန္နဝါရီလ နောက်ပိုင်း ရောက်ရှိသည့် အီးပီလုပ်သားများသာ ။

မှတ်ချက် -
KT (ကိုရီးယားတယ်လီကောမ်) လိုင်းတွင် လစဉ် ၆ သောင်း ၂ထောင်နှုန်းဖြင့် ၊ အနည်းဆုံး ၆လ သုံးစွဲရပါမည် ။
(၆သောင်း ၂ထောင်ဖြင့် မိနစ် ၃၅၀ ၊ ဒေတာ ၅ ဂီဂါ ၊ မက်ဆေ့ဂ်ျ ၃၅၀ အသုံးပြုနိုင်)

လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၂ခုနှစ် ၊ နိုဝင်္ဘာလ ၈ ရက်

No comments:

Post a Comment